စစ်ကောင်စီ
မိုးနဲ ရေကြီး စပါးခင်းပျက်စီး
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးကာ စိုက်ပျိုးထားသည့် စပါးများ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မိုးနဲမြို့နယ်ထဲတွင် မိုး ၄ - ၅ ရက် ဆက်တိုက်ရွာသွန်းမှုကြောင့် လယ်ယာထဲ ရေကြီးလာပြီး ပြည်သူများ စိုက်ပျိုးထားသည့် စပါးများ ရေထဲမျောပါသွားပြီး အရှုံးပေါ်နေကြောင်း...
တောင်ကြီးမြို့ စစ်ဆေးမှု ယခင်ထက် ပိုမိုတင်းကြပ်လာ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ဆေးမှု ပိုမို တင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇူလိုင် (၇) ရက်တွင် တောင်ကြီးမြို့ အဝင် နှင့် ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ တပ်သားများက ယာဉ်မောင်းလိုင်စင် စစ်ဆေးပြီး ငွေတောင်းခံနေလျက်ရှိကြောင်း သိရသည်။ “အခုရက်ပိုင်းကတော့ စစ်ဆေးမှုပိုကြမ်းလာတယ်။ ပိုများလာတယ်။ ဒီနေ့ပဲ...
ရွာငံဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်ဖွဲ့ ခြိမ်းခြောက်ညွှန်ကြား
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ရှိ ဒေသခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ချို့နှင့် ပတ်သက်နေသူများ ရှိနေသည့် သတင်းထွက်ပေါ်လာမှုကြောင့် စစ်ကောင်စီတပ်သားများက ရွာခံများကို ပျူစောထီးတပ်ဖွဲ့ဝင်စေရန် ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရွာလုံခြုံရေးအတွက်ဆိုပြီးတော့...
နမ္မတူမြို့ ဘော်တွင်းရဲစခန်း တိုက်ခိုက်ခံရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ဘော်တွင်းရဲစခန်းကို အမည်မသိလက်နက်ကိုင်က ယနေ့ ဇူလိုင် (၆) ရက် မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက်ပိုင်းမှာ သေနတ်တွေနဲ့လာပစ်သွားတာ။ တိုက်ပွဲကြီးဖြစ်သွားတာမျိုးမဟုတ်ဘူး။ သူတို့ အဝေးကနေ ဒီတိုင်း ခြောက်လှန့်အောင်ပစ်တဲ့သဘောမျိုးပဲဖြစ်တယ်။ ဘယ်တပ်ဖွဲ့က ပစ်တာလဲတော့ မသိဘူး” ဟု...
လားဟူ LDU တာဝန်ရှိသူများ စကစ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွား
SHAN -
စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ကျားဆော်လမွန် ဦးဆောင်သော အဖွဲ့သားများသည် နေပြည်တော်သို့ စတင်ထွက်ခွာသွားကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တစ်ဆင့် တာချီလိတ်မြို့ အမှတ်...
မိုင်းကိုင်မြို့နယ် ကျေးရွာထဲ လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်နေထိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ချို့ စစ်ဝတ်စုံဖြင့် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းကိုင်မြို့နယ်ထဲရှိ ကျေးရွာများထဲတွင် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်နေထိုင်နေတာကြောင့် ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။ “ဟုတ်တယ်။ သူတို့ အိမ်ထဲမှာလာနေတာ။ အိမ်မှာလာအိပ်တယ်။ တစ်အိမ်ထဲမှာပဲနေတာမဟုတ်ဘူး။ ကျမတို့ ရွာမှာရှိတဲ့ ၄ ၊...
ထိုင်းအစိုးရမှ ပန်းရောင်ကဒ်အသစ်ပြုလုပ်ပေးမည်
ထိုင်းနိုင်ငံတွင် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် လုပ်သားများကို ထိုင်းအစိုးရအဖွဲ့မှ ပန်းရောင်ကဒ်အသစ်ပြုလုပ်ပေးမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းနိုင်ငံတွင် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသော လုပ်သားများကို ပန်းရောင်ကဒ် အသစ်ပြုလုပ် ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုပြီးနောက် ထိုင်းအစိုးရအဖွဲ့မှ...
မိုးမိတ်မြို့နယ် ဗုံးပေါက်ကွဲ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား နှစ်ဦးမှ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် မိုးမိတ်မြို့နယ် အရှေ့ဘက်ရှိ မြို့သစ်ကျေးရွာ၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ည ၁၀...
မိုင်းရယ်မြို့မှ သျှမ်းစာသင် TA နှင့် LT ဆရာ/ဆရာမများ သျှမ်းစာသင်ခွင့်မရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ်ရှိ သျှမ်းစာသင်ကြားပေးနေသည့် (Teacher Assistance -TA) နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမများ (Language Teacher -LT) တို့သည် အစိုးရ စာသင်ကျောင်းများတွင် သျှမ်းစာသင်ကြားခွင့်မရ ဖြစ်နေကြောင်း သတင်းသိရသည်။ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှ မိုင်းရယ်မြို့နယ်အတွင်းရှိ...
ခိုလမ်မြို့ အမျိုးသားတစ်ဦး သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ ခြံထဲ ပစ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇူလိုင် (၅) ရက် မနက် (၅) နာရီအချိန်တွင် ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦး သတ်ခံထားရပြီး ရုပ်အလောင်းကို ၎င်း၏ ခြံထဲတွင် ပြန်ရှာတွေ့...





