Thursday, January 29, 2026

ဖယ်ခုံမြို့ ပေါ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း ယမန်နေ့ ဇူလိုင် (၁၀) ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေသေးကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဖယ်ခုံမြို့လယ်ရှိ ရဲစခန်း နှင့် ထွေအုပ်ရုံးကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့တွင်းရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (ပုံဟောင်း)

“ မနေ့က ဖယ်ခုံ PDF တပ်ရင်း ၂ က ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ပစ်ခတ်လိုက်တာ။ ပြီးတော့ နောက်ပိုင်းမှာ စစ်သားတွေက ဆင်းလာပြီးမြို့ထဲကို သေနတ်ပစ်ဖောက်လိုက်တာ။ ရမ်းသမ်းပစ်ခတ်ခဲ့တာ။ လူတွေ ထိခိုက်မှုတော့ မရှိဘူး” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ဇူလိုင် ၁၁ ရက်တွင် ဖယ်ခုံမြို့အဝင် လဝှဲကျေးရွာထဲကို စစ်ကောင်စီက မနက် ၅ နာရီမှ နေ့လည် ၁၁ နာရီအထိ ရွာအတွင်း တပ်ဆွဲနေထိုင်ခဲ့ကြောင်း သိရသည်။

“သူတို့ ဒီနေ့ မနက် လဝှဲကျေးရွာထဲကို မနက်အစောကြီးဝင်လာတာ။ ကျနော်တို့ထင်တာတပ်စွဲပြီး လာနေမလို့လားလို့။ နေ့လည် ၁၁ နာရီလောက်တော့ သူတို့တပ်ထဲပဲပြန်သွားနေလိုက်တာ။ လဝှဲကျေးရွာက ဖယ်ခုံမြို့အဝင်နားပဲရှိတာ” ဟု လဝှဲကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ စစ်ကောင်စီ နှင့် KNDF တို့ စစ်ရေးတင်းမာနေလျက်ရှိပြီး၊ ဖယ်ခုံမြို့တွင်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...