ရပ်စောက်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ စစ်ရေးလှုပ်ရှားမှုရှိနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင် ရပ်စောက်မြို့နယ် အတွင်းရှိ ကျောက်ဂူကျေးရွာအုပ်စု၊ နောင်လုံ ကျေးရွာအုပ်စု နှင့် နောင်ဝိုးကျေးရွာအုပ်စုဘက် သို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ သွားလာလှုပ်ရှားမှုများ ရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းကတော့ RCSS/SSA လှုပ်ရှားခဲ့ဖူးတဲ့ ဒေသပါ၊ ဒါပေမယ့် သူတို့က ဆုတ်ပေးလိုက်ရတယ်၊ ပြီးတော့ ပြန်ကပ်လာတဲ့ အနေအထားရှိတယ်၊ ဒါကြောင့် SSPP/SSA တွေက ပိုပြီး အင်အားဖြည့်တာတွေ့ရတယ်၊ ပြည်သူ တွေကတော့ သူတို့ ထိပ်တိုက်တိုက်ပွဲ ထပ်ဖြစ်မှာကို အရမ်းကြောက်နေတယ်” ဟု ကျောက်ဂူကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စစ်ရှောင်ပုံ

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ ညပိုင်းအချိန်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများသည် ကျောက်ဂူကျေးရွာဘက်သို့ ရောက်ရှိလာပြီး တစ်ညစခန်းချ အိပ်သွားကြောင်း ဒေသခံများက ပြောသည်။

“RCSS/SSA ဘက်က အဲ့လိုရောက်လာတော့ SSPP/SSA ကလည်း ရွာနားမှာ တပ်စုတစ်စုရောက်လာတယ်၊ အဲ့နေ့ က တိုက်ပွဲဖြစ်မှာစိုးလို့ တချို့ပြည်သူက အထုပ်အပိုးတွေ ပြင်ဆင်ရတဲ့အထိ စိုးရိမ်စိတ်များနေရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ကျောက်ဂူရွာအနီး SSPP/SSA နှင့် RCSS/SSA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို တိုက်ပွဲကြောင့် နေအိမ်တချို့ မီးလောင်ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်မြို့ပေါ်ရပ်ကွက်များတွင်လည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့၏ စစ်ဆေးမေးမြန်း မှုများ တင်းကြပ်စွာရှိနေသဖြင့် ဒေသခံပြည်သူများအတွက် အခက်အခဲရှိနေကြောင်းသိရသည်။

“SSPP/SSA ဘက်က စစ်ရေးလှုပ်ရှားမှု အင်အားဖြည့်တင်းမှုတွေ ရှိလာပြီလို့ သတင်းထွက်လာတာနဲ့ စစ်ကောင်စီ ကလည်း လုံခြုံရေးတွေ တင်းကြပ်တော့တာပဲ၊ အခု မြို့ပေါ်မှာ ည ၈ နာရီ နဲ့ နံနက် ၄ နာရီကြား အပြင်မထွက်ရ အမိန့်ထုတ်လာတယ်” ဟု ရပ်စောက်မြို့နယ်မှ ဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်ငံတော် အာဏာသိမ်းယူမှုကို လက်မခံသည့် ပြည်သူလူထုတို့သည် စစ်ကောင်စီကို နည်းလမ်း အမျိုးမျိုးဖြင့် ဆန့်ကျင် ဆန္ဒပြနေလျှက်ရှိပြီး စစ်ကောင်စီတို့ကလည်း ပြည်သူများ နေထိုင်စား သောက်ရေးနှင့် အပြင်ထွက် သွားလာရေးတို့ အခက်အခဲရှိအောင် အမျိုးမျိုး လုပ်ဆောင်တားမြစ်မှုများရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...