ကျောက်မဲမြို့နယ်
ကျောက်မဲမြို့နယ်တွင် ရေပြန်ကျ၊ ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်းတွေ့ရှိ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်ရွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် ရေစီးထဲ မျှောပါလာသည့် အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်အတွင်း ရေစီးနှင့် မျှောပါလာသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးကို နောင်ကွမ်ရွာနှင့် ကောင်းလန်းရွာကြားတွင် အလောင်းတွေ့ရှိထားကြောင်း...
ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်၊ ကားတစ်စီး မျှောပါပြီး လူနှစ်ဦး ရှာမတွေ့သေး
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ...
TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ
သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဆေးခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၆) ရှိ ဇေယျာဖြိုးဆေးခန်းနှင့်...
ကျောက်မဲမြို့နယ် SSPP ထိန်းချုပ် နောင်ပိန်ရွာထဲ စစ်ကောင်စီလက်နက်ကြီးပစ်၊ ကိုရင်တစ်ပါးသေဆုံးပြီး ၄ ပါးဒဏ်ရာပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ထိန်းချုပ်သည့် နောင်ပိန်ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကိုရင်တစ်ပါး သေဆုံးပြီး ၄ ပါး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၃၀ ရက်) နေ့လယ်ပိုင်းတွင် နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်သည့်...
ကျောက်မဲ၊ သီပေါဒေသခံ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့မှ ဒေသခံများသည် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်စိုးရိမ်မှုကြောင့် ဘေးလွတ်ကင်းရာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁၀) ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကျောက်မဲနှင့်...
ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် ကြူရှောမြောက်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
ကျောက်မဲမြို့နယ် အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် လက်ဖက်ခြံထဲ မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာနေ အသက် (၅၃) နှစ် အရွယ်ရှိ ပါ့အေးဝင်း သည်...
TNLA ထိန်းချုပ် မိုင်းငေါ့မြို့အနီး စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၅ ရက်) နေ့လယ် ၁ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မန်ပင့်လမ်းခွဲ တံတားအနီး...
“TNLA ကျောက်မဲမြို့ပေါ်မှာ လာပြီး ခိုလှုံမယ်လို့ ယူဆမိတဲ့အတွက်ကြောင့် ဗုံးလာကြဲတယ်လို့ ယူဆမိတယ်”
စစ်ကောင်စီသည် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဇွန်လနောက်ဆုံးပတ်တွင်...
ကျောက်မဲမြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ ထိခိုက်ကျဆုံးမှုရှိ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၅ ရက်) ညနေ ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ...





