Tuesday, January 27, 2026

ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ် SSPP ထိန်းချုပ် နောင်ပိန်ရွာထဲ စစ်ကောင်စီလက်နက်ကြီးပစ်၊ ကိုရင်တစ်ပါးသေဆုံးပြီး ၄ ပါးဒဏ်ရာပြင်းထန်

သျှမ်းပြည် ကျောက်မဲမြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ထိန်းချုပ်သည့် နောင်ပိန်ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကိုရင်တစ်ပါး သေဆုံးပြီး ၄ ပါး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၃၀ ရက်) နေ့လယ်ပိုင်းတွင် နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်သည့်...

ကျောက်မဲ၊ သီပေါဒေသခံ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်

သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့မှ ဒေသခံများသည် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်စိုးရိမ်မှုကြောင့် ဘေးလွတ်ကင်းရာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁၀) ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကျောက်မဲနှင့်...

ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် ကြူရှောမြောက်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...

ကျောက်မဲမြို့နယ် အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် လက်ဖက်ခြံထဲ မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာနေ အသက် (၅၃) နှစ် အရွယ်ရှိ ပါ့အေးဝင်း သည်...

TNLA ထိန်းချုပ် မိုင်းငေါ့မြို့အနီး စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၅ ရက်) နေ့လယ် ၁ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မန်ပင့်လမ်းခွဲ တံတားအနီး...

“TNLA ကျောက်မဲမြို့ပေါ်မှာ လာပြီး ခိုလှုံမယ်လို့ ယူဆမိတဲ့အတွက်ကြောင့် ဗုံးလာကြဲတယ်လို့ ယူဆမိတယ်”

စစ်ကောင်စီသည် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဇွန်လနောက်ဆုံးပတ်တွင်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ ထိခိုက်ကျဆုံးမှုရှိ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၅ ရက်) ညနေ ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ...

ကျောက်မဲမြို့နယ် ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီက ပေါင်(၅၀၀)ဖြင့်ဗုံးကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲမြို့နယ် မိုင်းလုံမြို့ ပန်ဝိုးကျေးရွာအုပ်စုတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို အပစ်ခတ်ရပ်စဲထားသည့် စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲခဲ့သည်ဟု TNLAမှ ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေလ (၁၁)ရက် မွန်းလွဲပိုင်း (၁၂)နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်မှ ရှဲဆန်သတ္တုကုမ္ပဏီကို ဗုံးကြဲခဲ့ခြင်းကြောင့် ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊စက်ပစ္စည်းများထားရှိသောဂိုဒေါင်...

စစ်ကောင်စီ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးသော်လည်း ကျောက်မဲမြို့နယ်ထဲ ဗုံးထပ်ကြဲ

ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီတပ်မှ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီဘက်မှ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏...

TNLA ထိန်းချုပ် ကျောက်မဲမြို့ကို စစ်ကောင်စီ တိုက်လေယာဉ် လေကြောင်းဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၅ ရက်) နံနက် ၁၁ နာရီကျော်အချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အနီးသို့ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ၅ မိနစ်ခြားပြီး ၂ ကြိမ်...

Latest news