Sunday, May 19, 2024

တောင်ကြီးမြို့

တောင်ကြီးမြို့ အလံနက်လွှင့်ထူပြီး ပြည်သူအချင်းချင်း အကာအကွယ်ပေးသွားမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို ရဲ၊စစ်တပ် မှ နေ့စဉ်နဲ့အမျှ ရာဘာကျည်ဖြင့် ပစ်ခတ်မှုပြုလုပ်နေသဖြင့် Team Black X မှ တောင်ကြီးမြို့ ပေါ် အလံနက် လွှင့်ထူလိုက်ကြောင်း ကြေညာလိုက်သည်။ ယနေ့ (မတ် ၁၄)ရက် တွင် ငြိမ်းချမ်းစွာ...

တောင်ကြီးမြို့ နိုင်ငံတကာအမျိုးသမီးနေ့ ထဘီသပိတ်စစ်ကြောင်း ချီတက်ခွင့်မရ

မတ်(၈)ရက် နိုင်ငံတကာ အမျိုးသမီးများနေ့ တွင် တောင်ကြီးမြို့ အမျိုးသမီး ထဘီသပိတ်စစ်ကြောင်း ထွက်ရန် ကြိုးစားကြသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့က တားဆီးပိတ်ပင်သဖြင့် ချီတက်ခွင့် မရခဲ့ကြကြောင်း သတင်းရရှိသည်။ ယမန်နေ့ တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ အနေဖြင့် မြန်မာတဝှမ်းတွင် “ ငါတို့ထဘီ ငါတို့အလံ...

အကြမ်းဖက်ဖြိုခွင်းမှုကြားက တောင်ကြီးမြို့စစ်အာဏာရှင်ကို ဆက်လက် ဆန္ဒထုတ်ဖော်နေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ စစ်အာဏာရှင်ဆန့်ကျင်သူများကို ရဲ၊စစ်သားများ အကြမ်းဖက်ဖြိုခွင်းမှုရှိသော်လည်း ယနေ့ (မတ်လ ၃ ရက်) မှာ ဆက်လက် ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။ ယမန်နေ့ (မတ် ၂)ရက်တွင် တောင်ကြီးမြို့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သူများကို ရဲ၊စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှုရှိခဲ့ပြီး၊ ဆန္ဒထုတ်ဖော်လူငယ် ၂၀ဦး...

တောင်ကြီး တပ်ထောက်ခံသူများကို ရဲ၊တပ်များလုံခြုံရေးပေး

“ နိုင်ငံသားမဟုတ်သူများလွှမ်းမိုးမည့်အကြံ ထောက်မခံ” “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ကို စောင့်ရှောက်လျက်ရှိသော မြန်မာ့ တပ်မတော် အား ထောက်ခံပါသည်” ဆိုသည့် ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး တောင်ကြီးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်ကြသည်။ ယနေ့ နေ့လည် ၁နာရီ အချိန်တွင် တပ်မတော်ထောက်ခံပွဲ စီတန်းလှည့်လည်သူနှင့်...

တောင်ကြီးမြို့စုပေါင်းရုံရှေ့တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့‌ အစိုးရ စုပေါင်းရုံတွင် ပြည်သူများငြိမ်းချမ်စွာ ထိုင်သပိတ်ပြုလုပ်ပြီး အစိုးရဝန်ထမ်းများ CDM ပါဝင်လာရန် အတွက် ဆန္ဒပြနေကြကြောင်းသိရသည်။ အစိုးရ စုပေါင်းရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်း အချိန်တွင် လမ်းထွက်လျောက်သည့် ဆန္ဒပြရာတွင် မပါဝင်ဘဲ မြို့နယ်၊ ခရိုင်စုပေါင်းရုံ...

တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင် ကျရှုံးရေး အတွက် ဆန္ဒပြ လူငယ်ပိုများလာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆန္ဒထုတ်ဖော်ရာတွင် လူငယ်များပိုများကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြကြသည်။ ထိုလူငယ်များသည် စစ်အာဏာရှင် ကျရှုံးသည့်အထိ တော်လှန်သွားမည်ဖြစ်ကြောင်းသိရသည်။ “ ကျနော်တို့ကတော့...

စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုဟု ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့ (ဖေဖော်ဝါရီ ၄)ရက်တွင် ဆန့်ကျင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း အယောက် (၅၀)ကျော်သည့် ယနေ့မနက် (၈နာရီကျော် မှ ၉ နာရီ)ထိ စစ်အာဏာရှင် စနစ်ကို...

တောင်ကြီးမြို့ တွင် ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲ ရက်ရွှေ့ဆိုင်း

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်မည့် တပ်မတော်ထောက်ခံ ဆန္ဒပြပွဲကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ လာမည် ဇန်နဝါရီ ၂၀ရက်တွင် ပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲသည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်...

တောင်ကြီးမြို့ နှစ်ပေါင်းများစွာ အသုံးမပြုသည့် ရထားသံလမ်းကို ဖြုတ်သိမ်းမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် နှစ်ပေါင်းများစွာ အသုံးမပြုသည့် ရထားသံလမ်း ကို ဖြုတ်သိမ်းပြီး ချယ်ရီပင် လျှောက်က်လမ်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသံလမ်းသည် ရေအေးကွင်းရပ်ကွက် နှင့် ဘုရားဖြူ ရပ်ကွက်ကြားတွင် တည်ရှိပြီး၊ ၁၉၉၅ခုနစ် က စတင်ဖောက်ခဲ့သည့် ရထားသံလမ်းဖြစ်ကြောင်းသိရသည်။ ထို ရထားသံလမ်းကို စတင်တည်ဆောက်ခဲ့ပြီးနောက်...

တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည်ပိုင်း အချိန်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းတွင်ဖွင့်လှစ်ထားသည့် ရွှေဇာမဏီ ရွှေဆိုင် ကို ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ရွှေဝယ်ယူသည့်...

Latest news