တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၊ ငွေများသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ မှ ညအချိန်လမ်းသွားလာသူများကို လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေများသိမ်းယူခြင်းများလည်း ပြုလုပ်နေကြောင်း ကြုံတွေ့နေရသည့် တောင်ကြီး ပြည်သူများက ပြောသည်။

စစ်ကောင်စီ မှ အာဏာသိမ်းပြီးနောက် မနက် ၄နာရီမှ ည ၈နာရီ အထိ ည မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီး၊ ဧပြီ လဆန်းပိုင်းမှ စတင်းကာ မနက် ၄နာရီမှ ည ၁၀နာရီထိ ည မထွက်ရ အမိန့် ပြောင်းလဲ သတ်မှတ်လာသည်။

ထို့နောက် ည အချိန်အတွင်း လမ်းသွားလမ်းလာများကို စစ်ဆေးမှု တင်းကြပ်ကာ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ပါလာသည့် ငွေများကို သိမ်းယူခြင်းတို့ပြုလုပ်နေသည် ဟု တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မေ ၈ရက်တွင် စစ်ကောင်စီ အုပ်စု နှင့် ရဲသားများသည် အရပ်ဝတ်ဖြင့် လမ်းပေါ်တွင် စစ်ဆေးမှုပြုလုပ်နေစဉ် လူငယ် နှင့်ထိပ်တိုက်တွေ့ဆုံကာ ကားပေါ်မှ ဆင်းခိုင်းပြီး ကားအတွင်းလိုက်လံစစ်ဆေးကာ တစုံတရာမှ ရှာမတွေ့သဖြင့် ဖိနပ်ဖြင့် ပါးကိုရိုက်ကာ ပိုက်ဆံများလည်း သိမ်းဆည်း သွားကြောင်း တောင်ကြီး ကိုယ်တိုင်ခံခဲ့ရသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ မေ ၈ရက် ည အိမ်အပြန်လမ်းမှာ အဲ့အုပ်စုကိုတွေ့တယ်။ လမ်းပိတ်စောင့်ဖမ်းတာ။ ကျနော်တို့ ကားရပ်ပေးလိုက်တယ်။ ကျနော်တို့ ကားပေါ်က ဆင်းလိုက်တာနဲ့ ချက်ချင်းရိုက်တာ။ သူတို့က ဖိနပ်နဲ့ ပါးရိုက်တာ။ ကားထဲလဲစစ်တယ်။ ကျနော်ရဲ့ ပိုက်ဆံက ၅ သောင်းလောက်ပါသွားတယ်။ ကျနော်ရဲ့ သူငယ်ချင်း ပိုက်ဆံ ၃သောင်းလောက် ယူသွားတယ်” ဟုကိုယ်တိုင်ခံခဲ့ရသည့် လူငယ်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။

တောင်ကြီးမြို့နယ် ညမထွက်အမိန့်ကို ည၁၀ နာရီမှ မနက် ၄ နာရီ အထိ ဖြေလျော့ပေးခဲ့သော်လည်း ည ၉ နာရီကျော်အချိန်တွင် ပြည်သူများနောက်လိုက် စစ်ဆေးမှုပြုလုပ်ရာတွင် ပြည်သူများကို လက်ထိပ်ခတ်ပြီး အကြမ်းဖက် ရိုက်နှိက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ကျနော် တို့ကိုလက်ထိတ်ခတ်ထားပြီးတော့ ရိုက်တယ်။ စကားလည်း ပြောလို့မရဘူး။ ထတာနဲ့ ကန်တယ်။ စကားမပြောတော့လဲ ရိုက်ပြန်တယ်။ စကားနဲနဲကျယ်ပြောတော့ ဖိနပ်နဲ့ရိုက်တာ” ဟု ၎င်းလူငယ်က ဆိုသည်။

ယမန်နေ့ ည ၇နာရီခွဲ ဝန်းကျင်တွင် တောင်ကြီးမြို့တွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ လူငယ် (၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတောင်ကြီးမြို့ ညပိုင်းတွင် မကြာခဏ ပေါက်ကွဲမှု အသံ ကြားနေရပြီး၊ ဖမ်းဆီးမှုများလည်း နေ့တိုင်းနီးပါးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မေလ ၉ ရက်နေ့ထိ စစ်ကောင်စီ မှ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်နေသည့်မှာ (၇၈၀) ဦးထိ ရှိပြီး ဖမ်းဆီးခံထားရသူ ၄၈၉၉ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီးစောင့်ရှောက်ရေး AAPP ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...