Wednesday, January 28, 2026

တောင်ကြီးမြို့ စစ်ကောင်းစီ မှ ပြည်သူနေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး

သျှမ်းတောင် တောင်ကြီး ဘုရားဖြူရပ် နယ်မြေ (၅) ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ယနေ့ (မတ် ၂၃)ရက် ညနေပိုင်းတွင် နေအိမ်အတွင်းထိဝင်ရောက်ပြီး လူငယ်(၄)ဦး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

တောင်ကြီး ဘုရားဖြူနယ်မြေ(၅)ကို အကြမ်းဖက် စစ်ကောင်စီက ပြည်သူများကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်နေသည်။

“ ဒီနေ့ ညနေ (၄)နာရီ မှာ ယောင်္ကျားလေး (၄)ယောက်ကို ဆွေးနွေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတယ်။ အိမ်ထဲထိဝင်ဖမ်းသွားတာပါ” ဟု ရပ်ကွက်နေပြည်သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများ၏နေအိမ်ကို မတ် ၂၁ရက်နေ့မှ စတင်ကာ အသက် (၆၀)အရွယ်ရှိ အမျိုးသား တဦးကု နေအိမ်ထဲထိ ဝင်ဆွဲ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အာမခံဖြင့် ပြန်လွှတ်ပေးပြီး၊ ယနေ့ လည်း ထိုသူကိုထပ်မံဖမ်းဆီးသွားကြောင်း ၎င်း ရပ်ကွက်နေသူက ပြောသည်။

တောင်ကြီး မြို့ ၊ ဘုရားဖြူရပ် နယ်မြေ (၅ )အောတာချောင်း အနီး ရပ်ကွက်တွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင်လည်း နာရေး အိမ်မှ လူ ၉ ဦးခန့် ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံရသူများသည် မြန်မာပြည်ဖွား တရုတ်လူမျိုးများဖြစ်ကြကြောင်း သိရသည်။

ထို့ပြင် ယနေ့ (မတ် ၂၃)ရက် တောင်ကြီးမြို့ ရတနာသီရီ ရပ်ကွက် ၌ မနက် မိုးမလင်းခင်တွင်လည်း ကျောင်းဆရာမ တဦး နှင့် သူ့၏ သမီး တဦးကို အကြမ်းဖက်စစ်ကောင်စီ က နေအိမ်ထဲထိဝင်ရောက်ကာ အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး၊ ယနေ့ထိတိုင်းမလွှတ်သေးကြောင်း သိရသည်။

ဆက်လက်ပြီး တောင်ကြီး ဒေသခံပြည်သူများပြောပြချက်အရ ရတနာ သီရိရပ်ကွက်ရှိ ကျောင်းဆရာမ သားအမိ (၂)ဦးအပြင် အရပ်သား (၇)ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီနှင့် ရဲများကဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့ ပြီး ယနေ့ ဖမ်းဆီးခံသူများမှာ တရုတ်လူမျိုးများဖြစ်ကြောင်းသိရသည် ။

တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ရတနာသီရိရပ်ကွက် အုတ်ဖိုကျောင်းနှင့် သုံးလမ်းဆုံထိပ် အမှတ်(၉ )ကျောင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ တပ်စွဲထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...