Thursday, May 30, 2024

တောင်ကြီးမြို့ လက်လုပ်ဒုံး တလုံး ပေါက်ကွဲ

Must read

သျှမ်းပြည်တောင်းပိုင် တောင်ကြီးမြို့ ယနေ့ (ဧပြီ ၂၂ )ရက် နေ့လည် (၁၂) နာရီ ဝန်းကျင်တွင် လက်လုပ်ဒုံး တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုလက်လုပ်ဒုံးကို ကန်အောက်ရပ်ကွက်၊ ဇေတဝန်လမ်း နှင့် ခွာညိုလမ်းဆုံးတွင် ၁၁ နာရိခန့်က တွေ့ရှိရပြီး၊ ၁၂ နာရီခွဲ အကြမ်းဖက်စစ်ကောင်စီ မှ ရောက်ရှိလာကာ ထို လက်လုပ်ဒုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒုံးတစ်လုံးတွေ့လိုက်တယ်။ ပြီးတော့စစ်ကားတွေရောက်လာတာ။ သူတို့အဲနားရှိနေတော့လူတွေက မသွားရဲဘူး။ သူတို့ကားရှိနေတုန်း ပေါက်ကွဲသံကြားတယ်။ ပြီးတော့သူတို့ပြန်သွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုလက်လုပ်ဒုံးတွေ့ရှိသည့် ကန်အောက်ရပ်ကွက် အတွင်း ကို ယမန့်နေ့ ( ဧပြီလ ၂၁) ရက် ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ စစ်ကား ၁၅ စီးခန့်လှည့်လည်သွားလာမှုရှိခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့ အတွင်း စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ်စစ်ကြောင်း ထွက်မရအောင် အကြမ်းဖက် စစ်ကောင်စီက နေရာတိုင်း လမ်းတိုင်း ကင်းလှည့်မှုရှိပြီး၊ ထိုကြားထဲ လက်လုပ်ဒုံးပေါက်ကွဲမှု အသေးစားဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article