CATEGORY

အာဘော်

မဲရလဒ် တရားမျှတမှု မရှိတဲ့အတွက် ပုံစံ(၁၉ ) လက်မှတ်မထိုးခဲ့တဲ့ မော်ထွန်းအောင်

လူသိများပြီး လူကြိုက်များတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) က သျှမ်းပြည် အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မော်ထွန်းအောင် ရဲ့ ကွတ်ခိုင်မြို့နယ် မဲရလဒ် ဟာ Fair and Free မရှိတဲ့အတွက် တရားမျှတမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ကိုမော်ထွန်းအောင် အနေနဲ့ မဲရလဒ်...

ဖက်ဒရယ်စနစ်ဖြစ်ဖို့ လွတ်လပ်စွာ မဲပေးစို့

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အတွက် ၁ရက်သာကျန်ရှိပါတော့တယ်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးမှုတွေဟာအပြိုင်အဆိုင်ရှိပြီး၊ ထိလွယ်ရှလွယ်မှုကလည်း ရှိလာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အရောင်စုံ တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် လမ်းကြောင်း သွားရန် အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတာကိုတွေ့ရပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်...

တိုင်းရင်းသားအရေး ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ ဥပဒေပညာကျွမ်းကျင် SNLD လူငယ် တောင်ကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့အိပ်မက်

တိုင်းရင်းသားပေါင်းစုံ နေထိုင်ပြီး၊ စိုက်ပျိုးရေးနယ်မြေ၊ နိုင်ငံတကာ ခရီးသွားစိတ်ဝင်စားတဲ့ဒေသ ဖြစ်သလို သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ သျှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးခရိုင် မှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှ ဉ်ပြိုင်မယ့် သူကတော့ စိုင်းအောင်မြင့်ဦးဖြစ်ပါတယ်။ သူကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြု အနေနဲ့...

မြေယာနဲ့လူထုအခွင့်အရေးကို တစိုက်မတ်မတ် တိုက်ပွဲဝင်ပေးနေတဲ့ လားရှိုးကျားခေါင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်း

သျှမ်းပြည်မြောက်ပိုင်း မြို့တော်လို့ လူများသိထားတဲ့ လားရှိုးမြို့မှာ တိုင်းရင်းသားပါတီ တွေ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်မရခဲ့တဲ့ ပြည်သူ့လွှတ်တော် နေရာမှာ လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်းက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ စိုင်းဝမ်းလျန်းခမ်းဟာ ၂၀၁၅ ခုနှစ်က လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ အနိုင်ရခဲ့သူတဦးဖြစ်ပြီး လားရှိုးမြို့နယ် အတွင်း...

ခရီးလမ်း ခက်ခဲတဲ့ သျှမ်း/ရှေ့တောင်တန်းမှာ ဖွံ့ဖြိုးရေးအတွက် ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကျားဖြူကိုယ်စားလှယ်လောင်း နန်းနွေနှောင်း

ခေတ်အဆက်ဆက် ပြောင်းလဲလာပေမယ့် တောင်ပေါ်ဒေသမှာအဖက်ဖက် ဖွံ့ဖြိုးမှု နှောင့်နှေးနေဆဲ၊ထိုအရာတွေကို ပြုပြင်ပေးချင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ အများပြည်သူသိတဲ့ ကျားဖြူပါတီရဲ့ကိုယ်စားလှယ်လောင်း မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းနွေနှောင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်း က ဆက်သွယ်မေးမြန်းထားပါတယ်။ နန်းနွေနှောင်းဟာ နိုင်ငံရေးအလုပ်တွေမလုပ်ခင်မှာ ကျေးလက်ဒေသမှာ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။...

“မူးယစ်ဆေးကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေး” လျော့သွားအောင်စွမ်းဆောင်မယ်ဆိုတဲ့ လားဟူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မအေးသီတာမြင့်

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် ဈေးကွက်စီးပွားရေးလည်းမရှိတာကြောင့် မူးယစ်ဆေးဝါး ကို မစိုက်ချင်ဘဲ စိုက်နေရတဲ့ တောင်ပေါ်ဒေသအတွက် မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်ကာ တရားဝင် မူးယစ်ဆေးဝါး ဆေးဖြတ်စခန်းတွေလည်း တည်ထောင်ချင်ကြောင်း လားဟူ အမျိုးသမီး မအေးသီတာမြင့် က ပြောပါတယ်။ မအေးသီတာမြင့်ဟာ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဌ ဖြစ်ပြီး၊...

တောင်ပေါ်ဒေသမျိုးဆက်သစ်များအတွက် အမှောင်ခွင်း၍ ပညာအလင်းဆောင်မယ်ဆိုတဲ့ လုံးစိုင်းလုံ

တောင်ပေါ်ဒေသမှာ ပညာရေး အားနည်းမှုကြောင့် စာအရေးအဖတ်မကျွမ်းကျင် မတတ်မြောက်သူတွေအမြောက်အများရှိနေပါတယ် ။ ပညာရေးမပြည့်ဝမှုကြောင့် တောင်ပေါ်လူထုအများစုဟာ နိုင်ငံရေးမှာလည်း စိတ်မဝင်စားကြပါဘူး။ အနာဂတ်မှာ မိမိပြည်နယ်နဲ့လူမျိုး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ရေးအတွက် ကနေ့ခေတ်မှာ ပညာရေးကို အဓိက ပြုပြင်ပြောင်းလဲမြှင့်တင်ဖို့ အထူးလိုအပ်နေပါပြီ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လုံးစိုင်းလုံ...

သျှမ်းပြည်ငြိမ်းချမ်းတဲ့နေရာတွေကို မဲပေးခွင့်ပိတ်တာဟာ သျှမ်းပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာ

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲ မရပ်ဆိုင်းဘဲ ကိုဗစ်ကူးစက်မှုလူဦးရေ နည်းတဲ့ တိုင်းရင်းသားဒေသ အဓိက သျှမ်းပြည်မှာ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာများတဲ့ အပေါ် နိုင်ငံရေးသမားများ၊ ပါတီခေါင်းဆောင်များနှင့် လူမှု အဖွဲ့အစည်းများက တရားမျှတမှုမရှိဘူးလို့ပြောဆိုကြပါတယ်။ ဒီအပေါ် ဒေသခံလူထု ဘယ်လောက်ထိ အခွင့်အရေးဆုံးရှုံးနေသလဲ။...

လွတ်လပ်ပြီး တရားမျှတမှုရှိ၊မရှိ ဖော်ပြနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ

နိုဝင်ဘာ ၈ရက်မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတိုင်း အဓိက တိုင်းရင်းသား နယ်မြေတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကျင်းပခါနီး လပိုင်းအလိုမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ထိုးတက်လာ...

ကျန်ရှိနေတဲ့ ကတိကဝတ်တွေကို တာဝန်ကျေပွန်အောင် ဆက်လုပ်ပေးချင်သူ

ပြည်တွင်း မှာ သာမက နိုင်ငံခြားသားခရီးသွားအများစု ကို စွဲဆောင်နိုင်တဲ့ ဒေသတစ် ခုဖြစ်တဲ့ အင်းလေးဒေသ ညောင်ရွှေမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး နဲ့ လာမယ့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ထို့ဒေသနဲ့ ပတ်သက်ပြီး အမြင် သဘောထား ၊...

Latest news