Tuesday, January 27, 2026

နယ်မြေမအေးချမ်းမှုအတွက် ကြိုးစားစွမ်းဆောင်ပေးမယ်လို့ နမ္မတူ လူငယ် လွှတ်တော်ကိုယ်စားလှယ်သစ် ပြော

လာမည့် လွှတ်တော်သက်တမ်းအသစ်မှာ သျှမ်းပြည်လွှတ်တော်မှာ စိန်ခေါ်မှုတွေ၊ ဒေသရဲ့ နယ်မြေ မအေးချမ်းမှုတွေ၊ တန်းတူအခွင့်အရေး အားနည်းမှုတွေကို ဦးစားပေးဆောင်ရွက်သွားချင်တယ်လို့ နမ္မတူ ပြည်နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ညွန့်ကပြောပါတယ်။


စိုင်းကျော်ညွန့် ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တက်သစ်စ လူငယ် နိုင်ငံရေးတဦးဖြစ်ပါတယ်။


သူအနေနဲ့ လွှတ်တော်ကို အခုမှဝင်ရမှာဖြစ်လို့ နိုင်ငံရေး အတွေ့အကြုံရင့်ကျက်သူတွေကြား အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကြား စိုးရိမ်မှုတွေနဲ့ အလုပ်ကြိုးစားဆောင်ရွက်သွားမှာမယ်လို့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်း ကို သူကပြောပြပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရသူတစ်ဦး အနေနဲ့ဘယ်လိုခံစားရပါသလဲ။


ဖြေ။ ။ ကျနော်တို့ကြိုးစားခဲ့ရမှုတွေ ပြန်ရတဲ့အတွက် ဝမ်းသာတယ်ပေါ့ဗျာ။


မေး။ ။ လူငယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်ထဲရောက်ရင် လူငယ်တွေ အတွက်ဘာကို အရင်ဆောင်ရွက်မလဲ။


ဖြေ။ ။ ကျနော်တို့က လူငယ်တွေအတွက်ဘာတွေကိုဆောင်ရွက်မလဲဆိုရင် သူတို့နဲ့တွေ့ဆုံပြီးမှ သူတို့ဖြစ်ချင်တဲ့ဟာကို ကျနော်တို့ဖြည့်ဆည်းပေးရမယ်မဟုတ်မလား၊ ဒါမှမဟုတ် ကျနော်တိုလုပ်သွားတဲ့ လမ်း‌ကြောင်းပေါ်မှာ သူတို့လျှောက်မလား သူတို့ရဲ့ရွေးချယ်ဆုံးဖြတ်မှုအပေါ်ဘဲမူတည်တာပေါ့။


ကျနော်တို့က့ သူတို့ကို ဒါဒါလုပ်ပေးမယ်ပြောပြီး သူတို့လိုက်မလာရင် အလကားဖြစ်တယ်လေ။ သူတို့အတွက်လည်း အချိန်ကုန်ဖို့ပဲ ရှိမယ်။ အဲဒါကြောင့် သူတို့နဲ့ တွေ့ဆုံပြီးမှ သူတို့ဖြစ်ချင်တဲ့လမ်းကြောင်း ကျနော်တို့ တင်ပေးရမယ်လေ။


မေး။ ။လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရပြီဆိုတော့ ဘယ်လိုအရာတွေကို ဦးစားပေးဆောင်ရွက်သွားမလဲ။


ဖြေ။ ။ လက်ရှိအနေနဲ့ ကျနော်တို့သျှမ်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတော့ နယ်မြေမငြိမ်းချမ်းတာတွေ များတယ်။ ပြီးတော့ တန်းတူအခွင့်ရေးတွေ တအားနည်းနေတယ်။ ကျနော်တို့က အဲဒါကို အဓိကလုပ်ချင်ပါတယ်။


မေး။ ။ အဲဒေသမှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီဆိုတော့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ။


ဖြေ။ ။ ကျနော်တို့လူငယ်တစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေကတော့ အများကြီးရှိမှာ။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကတည်းကလွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကတော့ လူကြီးတွေဘဲများတယ်။ ကျနော်တို့လူငယ်တွေအနေနဲ့ ဝင်ရောက်တော့မယ်ဆိုရင် သူတို့အတွက် အားမလိုအားမရတွေဖြစ်နိုင်တယ်။ ပြီးရင်ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာ သူတို့အတည်ပြုနိုင်မလား။ ပြီးရင်သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိတယ်။


မေး။ ။ရွေးကောက်ပွဲ ကာလတုန်းက မဲဆွယ်စည်းရုံးဆင်းတဲ့အခါမှာ ဘယ်လိုအခက်ခဲတွေရှိခဲ့လဲ။


ဖြေ။ ။ အဲတုန်းက ကိုဗစ်ရောဂါအခြေအနေကြောင့်မို့ လိုက်ပါတဲ့သူတွေ ကျနော်တို့ကို ကူညီတဲ့သူတွေ ကန့်သတ်ခံခဲ့ရတာပေါ့ဗျ။ အများကြီးမခေါ်ခဲ့ရဘူး။

ပြီးတော့စည်းရုံရေး လာနားထောင်တဲ့သူတွေလည်း အယောက် ၅၀ ထက်မပိုရဘူးဆိုတော့ ကျနော်တို့အတွက် အခက်ခဲရှိပါတယ်။ အချိန်တွေမလောက်ဘူးပေါ့ဗျ။ ပြောချင်တဲ့ဟာတွေလည်း အများကြီးမပြောခဲ့ရတာ တွေတော့ရှိခဲ့တယ်။

ပြည်သူတွေနဲ့တွေ့ရင်လဲ ခဏလေးပဲ။ အချိန်အများကြီးမပေးနိုင်ခဲ့ဘူး။ အချိန်ကနည်းသလို လာနားထောင်ပေးတဲ့သူကလည်း အရေအတွက်နည်းတဲ့အတွက်ကြောင့် ရွာတစ်ရွာအတွက် ၃ – ၄ နေရာလောက်လုပ်မှ ပြီးနိုင်မယ် ။ ဒါကြောင့်ရွာသားတွေကိုပြောချင်တာတွေ အကုန်မပြောလိုက်ရဘူး။


မေး။ ။ ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကလည်းကျင်းပနိုင်ခဲ့တယ် အနိုင်ရခဲ့တယ်ဆိုတော့ အဲဒီ အခက်အခဲတွေအတွက် ဘယ်လိုခံစားရသလဲ ပြောပြပေးပါ။


ဖြေ။ ။ ပထမဦးဆုံးပြောချင်တာကတော့ မဲလာပေးတဲ့ပြည်သူတွေကို အရမ်းကိုကျေးဇူးတင်တယ်။ ဒီလောက်ကြီးရောဂါဖြစ်နေတာတောင်မှ သူတို့ရောဂါဆိုတဲ့ဟာကိုမမြင်ဘဲနဲ့ ကျနော်တို့အတွက် မဲလာပေးတာကိုအရမ်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။


မေး။ ။ နမ္မတူဒေသမှာ ဘယ်လိုလူအခွင့်ရေးတွေချိုးဖောက်မှုတွေရှိပါသလဲ။ ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။


ဖြေ။ ။ ကျနော်တို့ ဒေသမှာ တန်းတူညီညွတ်မှု မရှိတာတော့ အများကြီးရှိတယ်။ ဒီဒေသ က နယ်မြေမငြိမ်းချမ်းတဲ့ အတွက်ကျနော်တို့ လုပ်ဆောင်မှုတွေလုပ်ရမဲ့ဟာတွေက ပွင့်ပွင့်လင်းလင်းမလုပ်နိုင်တာတွေရှိတယ်။ ကျနော်တို့မရောက်နိုင်တဲ့နေရာ ပြီးတော့ ပြောရေးဆိုခွင့်မရနိုင်တာတွေရှိတဲ့အတွက် အဲဒါတော့ပြောလို့မရဘူး။


မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။


ဖြေ။ ။ ကျနော်တို့ကိုမဲပေးခဲ့တဲ့ မိဘပြည်သူများအားလုံးရဲ့ ရည်မှန်းချက်မပျက်ပြားအောင်လဲ ကျနော်တို့ အစွမ်းရှိသလောက်ကြိုးစားပြီး လုပ်ဆောင်သွားပါမယ် လို့ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...