Tuesday, January 27, 2026

ဖက်ဒရယ်စနစ်ဖြစ်ဖို့ လွတ်လပ်စွာ မဲပေးစို့

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အတွက် ၁ရက်သာကျန်ရှိပါတော့တယ်။

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးမှုတွေဟာအပြိုင်အဆိုင်ရှိပြီး၊ ထိလွယ်ရှလွယ်မှုကလည်း ရှိလာနိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အရောင်စုံ တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် လမ်းကြောင်း သွားရန် အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတာကိုတွေ့ရပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဟု ပြောဆိုလိုက်ပါက ပါတီစုံ၊ အလွှာစုံ၊ ကျား၊ မတန်းတူညီမျှမှုအရေး အခန်းကဏ္ဍ ကလည်း အလွန်ပင်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

ဒါ့ပေမယ့် ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းသွားဖို့ ပြင်ဆင်ချိန်မှာ ပါတီကြီးတွေ ဟာ တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်တွေကို မဲမပေးဖို့ ဟန့်တားပြောဆိုတာတွေ ရှိနေတာကိုတွေ့ရပါတယ်။

အင်အားကြီး ပါတီတွေ ကိုပဲ ပုံအော မဲထည့်မယ်ဆိုပါက အစိုးရ ဖွဲ့နိုင်ပြီး ကိုယ့်သွားလိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကို ကူးပြောင်းနိုင်ပြီလို့ဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၇၀ကျော် သမိုင်းကြောင်း နဲ့ လွန်ခဲ့တဲ့ ရွေးကောက်ပွဲ ၂ကြိမ်ဆက်တိုက် ရလဒ်ကို ပြန်ကြည့်ခြင်းအားဖြင့် တပါတီစနစ် အနိုင်ရရှိလာတိုင်း အာဏာရ ပါတီ အဖြစ်သို့ ကူးပြောင်းသွားမှုတွေကို တွေ့မြင်ရပါတယ်။

တပါတီ အာဏာရပါတီ စနစ်မဖြစ်စေဖို့အတွက် ဌာနေ တိုင်းရင်းသားပါတီတွေကလည်း တိုင်းရင်းသားပါတီကို မဲပေးရန် မဲဆွယ်နေကြပါ တယ်။

တပါတီစနစ် အာဏာရပါတီ စနစ်မဖြစ်ဖို့အတွက် မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကူးပြောင်း နိုင်ဖို့အတွက် မဲကို ကောင်းမွန်စွာ ထည့်ပြီး၊ သွားလို့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အရေးမှာ ဌာနေ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။

မဲဆန္ဒရှင်များအနေဖြင့် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက် စစ်မှန်တဲ့မဲကိုပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောလိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News