Tuesday, January 27, 2026

အမျိုးသမီးနိုင်ငံရေးသမားဆိုပေမယ့် ရိုးသားပြီး စိတ်စေတနာမှန်ရင် ကြောက်စရာမရှိဘူး

နိုင်ငံရေးပါတီတွေအများကြီးနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့ သျှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ မှတ် ၆ မှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နန်းမွန်းစိန်တယောက် အနိုင်ရရှိခဲ့ပါတယ်။ သိန္နီ၊ လားရှိုး၊ ကွန်လုံ၊ တန့်ယန်း၊ မိုင်းရယ် မဲဆန္ဒနယ် ၅ ခုပါဝင်တဲ့ အဲဒီနယ်မြေဒေသမှာ တိုင်းရင်း သားပေါင်းစုံ ၊ လက်နက်ကိုင်ပေါင်းစုံနဲ့ ပြသနာပေါင်းစုံကြားထဲ အမျိုးသမီးလွှတ်တော်အမတ်တယောက်အနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့သူမ ဘယ်လို ပြင်ဆင်ထားပါသလဲ။ သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ နန်းမွန်းစိန် အနေနဲ့ အနိုင်ရခဲ့တာ ကြားသိရတဲ့အတွက် ဝမ်းသာပါတယ်။ အနိုင်ရခဲ့ပြီဆိုတော့ ရှေ့ဆက်ပြီး ဘယ်လို ဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ သာမန်အားဖြင့်တော့ လွှတ်တော်တက်တဲ့ချိန် သွားတက်ရမှာပေါ့နော်။ နဂိုကတည်းက ရွေးကောက်ပွဲ ဝင်မယ်ဆို ဘာကိုစိတ်ဝင်စားလို့ ဘာကို လုပ်ချင်လို့ ဝင်တယ်ဆိုတဲ့ဟာ ကျမတို့ ပါတီတွင်း လျှောက်လွှာတင်ကတည်းက ရေးထားတာတော့ အများကြီးပဲ။

ဒေသန္တရ အုပ်ချုပ်ရေးတို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ လူမှုဘဝ တရားမျှတရေးတို့ တိုင်းရင်းသား အခွင့်အရေး တို့ တောင်သူလယ်သမား အခွင့်အရေးတို့ အများကြီးပါပါတယ်။ လွှတ်တော်ထဲရောက်သွားရင် ကိုယ်က လွှတ်တော်ထဲ မသွားဖူးသေးဘူး။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ လွှတ်တော်အတွင်း အကန့်အသတ် တစ်ခုခုတော့ ကြုံအုံးမယ်ထင်ပါတယ်။ အဲ့ဒီအကန့်အသတ်တွေကို ကိုယ်က ဘယ်လောက်ထိ ကျော်လွှားနိုင်မလဲ သိမ်သိမ်မွေ့မွေ့ ဘယ်လောက်ထိ သွားနိုင်မလဲဆိုတာကိုတော့ တကယ်လက်တွေ့ကျမှပဲ သိနိုင်မယ့် ကိစ္စပါ။

ဒါပေမယ့် စိတ်ဝင်စားထားတာကတော့ ကျမတို့ ပါတီ မူဝါဒအနေနဲ့ ဒီလိုမျိုး မတူကွဲပြားမှုကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ဖက်ဒရယ်ဆိုတဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရဖို့ အာဏာခွဲဝေမှုတွေ ရှိဖို့ ဒီဟာတွေကို အခြေခံပြီးတော့ ကျမတို့ သွားမှာပဲလေ။ လတ်တလောတော့ လူထုအနေနဲ့ ဘာအလိုချင်ဆုံးလဲ ပြောရရင်တော့ သူတို့က ငြိမ်းချမ်းရေးပေ့ါ။ ဒီငြိမ်းချမ်းရေးအတွက်ဆိုလည်း ကျမတို့ တတ်အားသရွေ့ ဘာကြောင့်လို့ မငြိမ်းချမ်းနေသလဲ ဆိုတဲ့ဟာကို အဖြေရှာပြီးတော့မှ ကိစ္စအပေါ်မှာပဲ သွားရမှာပါ။

မေး။ ။ အဓိက ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်ဖို့အတွက်ပေါ့နော်။

ဖြေ ။ ။ ဟုတ်ကဲ့။

မေး ။ ။နန်းမွန်းစိန် အနေနဲ့ ပထမဆုံးအကြိမ် လွှတ်တော်ထဲဝင်ရမယ့်သူဖြစ်တယ်ဆိုတော့ စိတ်ခံစားချက်လေး ပြောပေးပါဦး။

ဖြေ။ ။စိတ်ခံစားချက်အနေနဲ့တော့ ဘာမှ ထွေထွေထူးထူးမရှိနေပါဘူး။ ကျမတို့ လွှတ်တော်ထဲ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်တော့ နိုင်ငံရေး သမားတစ်ယောက်လိုမျိုး ခံယူတယ်။ တွေးတယ်။လုပ်တယ်။ စိန်ခေါ်ချက် တခုခုရှိလာတောင်မှ ဘယ်လိုနည်းနဲ့ ကျော်လွှားနိုင်မလဲ ဘယ်လိုအကောင်းဆုံး လုပ်နိုင်မလဲ ဆိုတဲ့ဟာပေါ်ပဲ အမြဲတမ်းအခြေခံပြီး စဉ်းစားလိုက်တော့ ဒီလွှတ်တော်ထဲ သွားခြင်းမသွားခြင်း ဆိုတာထက် အမြဲတမ်း ကိုယ်ဘာလုပ်နိုင်သလဲ ဘယ်သူနဲ့ လက်တွဲလုပ်နိုင်သလဲ ဆိုတဲ့အပေါ်မှာပဲ အာရုံထားထားတယ်။ သိပ်ပြီးတော့ ထူးခြားတဲ့ ခံစားချက်တော့ မရှိပါဘူး။

မေး။ ။ လွှတ်တော်ထဲ လားရှိုးခရိုင်အတွက် ဘာတွေ လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ အဆက်ဆက်စဉ်းစားလာခဲ့တဲ့ဟာနဲ့ စည်းရုံးရေး ကာလ ပိုပြီးတော့ နယ်ပယ်ကျယ်ပြန့်ပြီး လူထုကို တွေ့ခွင့်ရလာတဲ့အနေအထားမှာတော့ ပိုပြီး အနုစိတ်သွားတာမျိုး ရှိတယ်လို့ ပြောချင်တယ်။

တချို့ရွာတွေဆိုရင် ကျမတို့ စည်းရုံးရေး သွားတဲ့ချိန်မှာ လူတွေရဲ့ ဘဝအရမ်းဆင်းရဲနေတယ်လို့ ကျမ ခံစားမိတယ်။ သူတို့ဘာကြောင့် ဆင်းရဲနေတာလဲပေါ့နော် ဘယ်သူ့မှာ တာဝန်ရှိနေသလဲဆိုတဲ့ဟာတော့ အသေးစိတ်ပြန်လိုက်ရမယ့် သဘောရှိတယ်။ တချို့နေရာကျတော့ ဖိနှိပ်မှု ဒီလက်နက်အားကိုးနဲ့ ဖိနှိပ်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ဒီအဖွဲ့အစည်းကို ဘယ်သူအခွင့်အာဏာပေးထားသလဲ တကယ်တန်းကျတော့ကော သူတို့ရဲ့ နောက်ခံအဖွဲ့အစည်းက ခွင့်ပြုထားတာမဟုတ်ဘဲနဲ့ ရွာက ရပ်သူ ရွာသားတွေ အမြင်မှာ ကိုယ့်ဘာကိုယ် အလိုလိုစိုးရိမ်ပြီးတော့မှ သူတို့ကို အကြီးကြီးမြင်ထားတာမျိုး ရှိနိုင်သလား ဆိုတဲ့ဟာလည်း စိတ်ဝင်စားစေတာရှိလာတယ်။

အဲ့ဟာကိုလည်း ကျမတို့ တဖြေးဖြေးပြန်ချဉ်းကပ်ရမယ်လို့ တော့ ခံစားမိတယ်။ ကျမအရင်တုန်းက မတွေးထားဖူးတဲ့ဟာပေါ့နော်။ အဲ့ဒီမှာ အချက် (၁)ချက် (၂) ချက် ပြန်ပိုလာတာရှိတယ်။ ပြီးကျတော့ လူမျိုးစွဲ ရှိတဲ့ဟာတွေလည်း ကျမတို့ လျော့ချဖို့ လိုတယ်။ ပြီးကျတော့အခုလက်ရှိ လုပ်နေတဲ့ စီမံကိန်း တွေမှာ ထပ်ပြီးတော့ နယ်မြေချဲ့ဖို့ဟာ လူတွေရဲ့စိတ်လုံခြုံမှုကို အမြဲတမ်း ခြိမ်းခြောက်နေတဲ့ ကိစ္စတွေလည်း ကြုံခဲ့ရတယ်။ အဲ့ဒီအပေါ်မှာတော့ ဒီလားရှိုးခရိုင်ထဲမှာ လတ်တလောလုပ်ရမယ့်ဟာလို့မြင်တယ်။ အခုတော့ ကိုယ်က နည်းနည်းငြိမ်နေရအုံးမှာပေါ့နော်။ ဘာလို့လဲဆိုတော့ လက်ရှိ တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။ လူတွေလည်းရှိတယ်။ ကိုယ့်အလှည့်မရောက်သေးဘူးပေါ့နော်။ အဲ့ဒီဟာတော့ စောင့်ကြည့်တဲ့အနေနဲ့တော့ အခုနေတော့ ဘာမှ မပြောသေးဘူးပေါ့။

မေး ။ ။ လားရှိုးခရိုင်မှာဆိုရင် လက်နက်ကိုင်တွေရှိသလို ပြည်သူ့စစ်တွေလည်းရှိတယ်။ ဘယ်လိုတွေ ညှိနှိုင်းပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ ဒီဟာကလည်း ကျမအနေနဲ့ ဝန်ခံရရင်အတွေ့အကြုံ မရှိဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုသွားမလဲဆိုတဲ့ဟာ ကျမကတော့ ကိုယ့်ဘက်က ရိုးသားမယ်။ စိတ်စေတနာ မှန်မယ်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်တွေ့ဆုံပြီးတော့ စကား ပြောရဲတာ။

ကိုယ့်ဘက်ကတော့ အဲ့လိုမျိုးပဲ တွေးထားတယ်။ ခဏ ပြောသလိုပေ့ါ ရပ်ရွာလူထုတွေရဲ့ ဘဝအခြေအနေတချို့ ဆိုရင် ဒီလက်နက်ကိုင်တွေရဲ့ ဖိနှိပ်မှုအောက်မှာရှိနေတာကို ကျမတို့ ပိုပြီးတော့ အရမ်းကြီး ဒီအောက်မှာ ငံ့ုခံမနေဖို့ ဆိုပါတော့ အဲ့လိုမျိုးပေါ့နော်။

ကိုယ့်ဘက်က တရားမျှတမှုရှိတဲ့ အခွင့် ကိုယ့်ရဲ့အခြေခံလူ့အခွင့်အရေးတွေရှိတယ်ဆိုတဲ့အကြောင်းတော့ ကျမတို့ သွားမြှင့်တင်ဖို့လိုမယ်။ ပြီးရင် အဲ့ဒီလုပ်နေတဲ့အဖွဲ့တွေက ဘာအခွင့်အာဏာအတွက် ဘာဝန်ဆောင်မှုအတွက် ဒီဟာကိုအခွင့်အရေး ယူသလဲ ဆိုတဲ့ဟာတော့လည်း ဆန်းစစ်ဖို့ လိုတာပေါ့။

မေး။ ။ အမျိုးသမီး လွှတ်တော်အမတ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ ဒီဟာကတော့ ကျမ ပြင်ပက တုန့်ပြန်တဲ့ အခြေနေပေါ်မှာပဲ မူတည်မယ်ထင်တယ်။ ကျမတို့ကို အမျိုးသမီးတစ်ယောက်အနေနဲ့မြင်လို့ ပိုပြီးတော့အခွင့်အရေးရစေတာမျိုးဆိုလည်း ကျမအခွင့်အရေး ပိုရမှာပေါ့။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ အခွင့်အရေးက လျော့ပြီးရတယ်ဆိုရင်လည်း အဲ့အနေအထားပဲ ကျမရင်ဆိုင်ရမှာပဲလေ။ ကျမ ကိုယ်တိုင်ကတော့ ကိုယ်ဘာသာကို အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သိပ်ပြီးတော့ ကွဲပြားတယ်လို့တော့ မယူဆပါဘူး။ အကုန်လုပ်နိုင်တယ်လို့ ထင်သာပါပဲ။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ ကျမတို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မြန်မြန် ခရီးရောက်စေချင်တယ်။ ကျမတို့ တိုင်းရင်းသားတွေ မက်မောလိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် အမြန်ရချင်တယ် လို့ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...