ထိုင်းအစိုးရကို NUG ချဉ်းကပ်ဖို့ လိုပြီ
SHAN -
နိဒါန်း တစ်ချိန်က ယိုးဒယားခေါ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်မြေထိစပ်မှုရှိသည့်အလျောက် မြန်မာနိုင်ငံသားများအတွက် အားကိုးအားထားရာ ရွှေ့ပြောင်းနိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအတွက်မူ လုံလောက် သည့် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုများ ရရှိနေသလားဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။ အထူးသဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက်လုံးတွင်...
အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့ အခွင့်အရေးပေးပါ
ကလေးငယ်တွေကို အင်္ဂလိပ်စာ နဲ့ သျှမ်းဘာသာစကားကို ဦးစားပေး သင်ကြားပေးနေတဲ့ ကျောက်မဲမြို့နယ်က ဆရာမ (မော်ဆွန်) နန်းမိုနွမ်းကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆရာမ နန်းမိုနွမ်းဟာ ကလေး တစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး၊ ကလေးတစ်ဖက်နဲ့ စာသင်ကြားနေတဲ့ သူလည်းဖြစ်ပါတယ်။ သျှမ်းအသိုင်းအဝိုင်းမှာ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုပြီဆိုရင် အိမ်မှုကိစ္စရယ်၊...
တိုက်ပွဲကြားက အသက် အိုးအိမ် အကာအကွယ်မဲ့နေတဲ့ နောင်ချိုပြည်သူ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက ရက်ရှည်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဒီကနေ့အထိ စစ်ရေး တင်းမာမှုတွေ ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ နောင်ချိုမြို့နယ် အတွင်း ထိတွေ့တိုက်ပွဲတွေ၊...
PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...
လက်ခုပ်ကိုတစ်ဖက်ထဲတီးတဲ့ထုံးကိုရပ်ကြစို့
SHAN -
၁၉၈၈-၉၀ တစ်ဝိုက်တွင် ဒီမိုကရေစီသည် ပဌမလား၊ ဖက်ဒရယ်သည် ပဌမလား၊ အကြိတ်အနယ်ဆွေးနွေးမှုဖြစ်ခဲ့ရာတွင် အဆုံး၌နှစ်ဖက်စလုံးက ဒီမိုကရေစီနှင့်ဖက်ဒရယ် သည် ဒင်္ဂါးပြား၏ခေါင်းနှင့်ပန်းပမာခွဲ၍မရကြောင်း၊ တူတူယှဥ်တွဲလုပ်ဆောင်မှသာ အောင်ပွဲ ခံရမည်ဖြစ်ကြောင်းသဘောတူသုံးသပ်ချက်ချခဲ့သည်ဟုသိရပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင်လက်ခုပ်ကိုနှစ်ဖက်တီးမှ အသံမြည်မည်ဖြစ်ကြောင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။ သို့သော်တော်လှန်ရေးအနှစ် ၅၀ ကျော်အတွေ့အကြုံရှိခဲ့သောပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ အဆိုအရ သမိုင်း၏ခါးသီးသည့်အတွေ့အကြုံမှသင်ခန်းစာကို ယခုထိယူရန်ခက်ခဲနေသေးကြောင်းတွေ့ရပါသည်။ ပဌမအတွေ့အကြုံမှာ ၁၉၆၉-၁၉၇၃ အတွင်း...
ပြည်ထောင်စုသမိုင်းဝင် လင်းခေးဦးထွန်းမြင့်
SHAN -
ရှမ်းအမျိုးသားသစ္စာဖေါက်လား? ရှမ်းမျိုးချစ် ပဒေသရာဇ်ဆန့်ကျင်ရေးသမားလား? လင်းခေးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်ကြီးမှာ သူနှင့်အမည်တူ တောင်ကြီးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်လေးနှင့် မတူသည်မှာ သူ့အကြောင်းကိုကိုယ်တိုင်သော်၄င်း၊ အခြားမိတ်ဆွေများကသော်၄င်း၊ ရေးသားမှုနည်းပါးခြင်းဖြစ်ပါသည်။ သူ့အကြောင်းကို စုံစုံစေ့စေ့ရေးသားသည်မှာသာယာဝတီအောင်ရှင်းက သူကွယ်လွန်ပြီး နောက်ထုတ်ဝေခဲ့သော အတ္ထုပ္ပတ္တိစာအုပ်သာရှိပါသည်။ ဤစာအုပ်ကိုရန်ကုန်စာအုပ်ဆိုင် ဟောင်းတစ်ခုတွင်အမှတ်မထင်တွေ့မိ၍ ဝယ်ခဲ့သော်လည်း ယခုမှ ဖတ်ရှုရခြင်းဖြစ်ပါ သည်။ သူ့အမြင်နှင့်စာရေးသူ၏အမြင်ပေါင်း၍ရေးသားသောကြောင့် အဓိပ္ပါယ်ကောက်...
ကရင်နီ နဲ့ ပအိုဝ်းကြား ပဋိပက္ခ ကြီးထွားအောင် စစ်ကောင်စီလုပ်နေ
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက် တပေါင်းကွင်းမှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO/PNA ရဲ့ ညွှန်ကြားမှု နဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုကတော့ KNDF / PDF မလိုအပ်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်းမှာ...
နိုင်ငံရေး ရှုပ်ထွေးမှုကြားက နမ္မတူ ရေကာတာ
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်းရှိ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်လာသလို ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် ကျေးရွာ ပြည်သူတွေကိုလည်း စစ်ကောင်စီ အုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြကြောင်းကို သျှမ်းပြည် မြစ်ချောင်းများ ကွန်ယက်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်မှာ အကြီးစား ရေကာတာ...
“သူများအိမ်မက်ကို ကူညီပေးမယ်ဆိုတဲ့ ခံစားချက်နဲ့ပဲ ဒီကလေးတွေကို လုပ်ပေးခဲ့တာ”
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့ Inspiring Women စာအုပ်မှာ စံပြ အမျိုးသမီးတစ်ဦး အဖြစ် ဒေါ်ရီရီမင်း (ခ) မပူဆူးက ဂုဏ်ပြုဖော်ပြခံခဲ့ ရပါတယ်။ မပူဆူးဟာ သျှမ်းပြည်...
ကောင်းခါးကျေးရွာ ပြည်သူ့နေအိမ်တံခါးကို TNLA ရိုက်ချိုးပြီး ဝင်ရောက်နေထိုင်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကွတ်ခိုင်မြို့ အခြေစိုက် ကောင်းခါးပြည်သူ့စစ် (KDA) တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ စစ်ရေးတင်းမာမှု အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့နေ့က...





