နောင်ပိန်တိုက်ပွဲကြောင့် စစ်ရှောင်တစ်သောင်းကျော်အတွက် အရေးပေါ် ဆေးဝါးအကူအညီ လိုအပ်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် အတွင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေကြောင်းစုံစမ်းသိရသည်။ ဩဂုတ်လ (၁၉) ရက်တွင် စတင်ခဲ့သည့် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် မြေပြင်ထိတွေ့တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပုံဝိုး၊...
မိုင်းယုမြို့ အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှူးယာဉ်တန်း ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းယုမြို့အခြေစိုက် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှူး ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၄)ရက်တွင် မိုင်းယောင်းမြို့နယ် ဝမ်ဟွေ့ထမ့်ရွာ၌ မိုင်းယုမြို့အခြေစိုက် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ် တပ်မှူး လုတ်ချာ ဦးဆောင်ပြီး ရွာသားများနှင့် အစည်းအဝေး...
အင်းလေး နေရပ်ပြန်စစ်ရှောင်များကို PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA က နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...
ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...
စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်
SHAN -
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...
ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ
စိမ်းလန်းစိုပြေနေသော ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လိမ္မော်စိုက်ခင်းထဲတွင် ပိုးသတ်ဆေး အနံ့များမှာ ပြင်းရှရှ။ ထိုစူးရှပြင်းပြလှသည့် ပိုးသတ်ဆေးအနံ့ကို တစ်ကြိမ်တစ်ခါမျှ မရင်းနှီးသည့် လူတစ်ဦးအနေဖြင့် ရုတ်တရက် ရှူရှိုက်မိလျှင် မူးဝေသွားနိုင်သည်။ သို့သော် လိမ္မော်စိုက်ခင်းအတွင်း အလုပ်လုပ်နေကြသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများသည် ထိုပိုးသတ်ဆေးအနံ့ကို နေ့စဉ်ရှူသွင်းနေရသဖြင့် ယဉ်ပါးနေပြီ ဖြစ်သည်။ ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ မြောက်ဘက်...
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက...
ရန်ကုန်- တောင်ကြီးသို့ တင်ပို့မည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ သိမ်းဆည်း
ကလော-သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ တင်ပို့သည့် နိုင်ငံခြားကုန်ပစ္စည်းများကိုသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင် ကလော နှင့် သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေး ကျွဲတပ်ဆုံ ဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှစပြီးရန်ကုန် မှ တောင်ကြီးသို့ တင်ပို့လာသည့် နိုင်ငံခြားထုတ် ကုန်ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းမှုများကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တောင်ကြီးရောက် လားရှိုးစစ်ရှောင်တစ်ဦး ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ဖမ်းဆီးခံထားရ
သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးမြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ဝေဖန်ရေးသားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား...





