နောင်ပိန်တိုက်ပွဲကြောင့် စစ်ရှောင်တစ်သောင်းကျော်အတွက် အရေးပေါ် ဆေးဝါးအကူအညီ လိုအပ်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် အတွင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေကြောင်းစုံစမ်းသိရသည်။​

ဩဂုတ်လ (၁၉) ရက်တွင် စတင်ခဲ့သည့် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် မြေပြင်ထိတွေ့တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပုံဝိုး၊ ဟဲကွီ၊ နမ့်ဟန်ခိတ်ကျေးရွာအုပ်စုဘက်သို့ နှစ်ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင် နေရသည်။

ထိုသို့ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာကဲ့သို့ အရေးပေါ် အကူအညီများအပြင် အမျိုးသမီးနှင့် ကလေးများအတွက် လစဉ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“အခက်အခဲကတော့ ရိက္ခာနဲ့ ဆေးဝါးပေါ့၊ နောက်ပြီး မိုးကာတို့ ဖျာတို့ ရေပုံးတို့ အဲ့လိုမျိုး လိုနေတာ။ တချို့က ရုတ်တရက် ထွက်ပြေးလာတော့ အဝတ်အစားတို့ စောင်တို့ အိပ်ယာခင်းတို့ မပါလာဘူး။ လမ်းတွေလည်း ပိတ်တော့ ပစ္စည်းလည်း ဝယ်ရတာ ဈေးတက်တယ်။ တိုက်ပွဲကတော့ နောင်ပိန်နားတဝိုက်ကနေ စခန်းသာ၊ ကျောက်မဲဘက်ကို စစ်ကြောင်းထိုးနေပြီလို့ ကြားတယ်”ဟု နောင်ပိန်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်ရောက် နောင်ပိန်စစ်ရှောင်များ (ဓာတ်ပုံ-ဒေသခံ)

စစ်ကော်မရှင်တပ်မှ ဂုတ်တွင်းလမ်းပိုင်းနှင့် ဂုတ်ထိပ်တံတား အနီးဝန်းကျင် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများကို ဩဂုတ်လ ၁၉ ရက်မှ ၂၉ ရက်အထိ TNLA ပူးပေါင်းတပ်များကို ၁၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၂၃ လက် သိမ်းဆည်းရမိခဲ့သည်ဟု ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကျောက်မဲမြို့ဘက်သို့ မြေပြင်စစ်ကြောင်းထိုး ချီတက်နိုင်ရန် ဂုတ်တွင်းလမ်းပိုင်းရှိ မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားကြီးကို စစ်ကောင်မရှင်ဘက်မှ သံဘောင်ဘေလီတံတား တည်ဆောက်နေပြီး TNLA ပူးပေါင်းတပ်မှ နောင်ပိန်လမ်းခွဲ ပင်တိန်ရွာတွင် စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမရောက် ကျောက်မဲ၊ သီပေါ စစ်ရှောင်များ (ဓာတ်ပုံ-ဒေသခံ)

ထို့ကြောင့် ကျောက်မဲ၊ သီပေါမြို့ပေါ် ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ကျေးရွာများနှင့် လားရှိုးမြို့ဘက်သို့ ထပ်မံတိမ်းရှောင်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“တိုက်ပွဲက ရွာနား တဝိုက်မှာပဲ နောင်ပိန်လမ်းခွဲနဲ့ ပင်တိန်ဘက်မှာ ဖြစ်နေတယ်လို့တော့ ကြားတယ်။ လက်နက်ကြီးသံတွေတော့ စခန်းသာဘက်ထိ လှမ်းပစ်နေတာ ကြာပြီ၊ စခန်းသာဘက်က ရွာသားတွေတော့ ရွှေ့လာနေကြပြီ။ တချို့လည်း သီပေါဘက်၊ လားရှိုးဘက် ရှောင်ကြတာ တစ်ထောင်ကျော်လောက် ရှိတယ်”ဟု ကျောက်မဲမြို့ဒေသခံ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်ရောက် နောင်ပိန်စစ်ရှောင်များ (ဓာတ်ပုံ-ဒေသခံ)

နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ကူဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဩဂုတ်လ ၂၉ ရက်တွင် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာအုပ်စု ခိုက်တုန်ဟုန်းကျေးရွာနေ အသက် (၅၁) နှစ်အရွယ်ရှိ ဦးစိုးမောင် သည် လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဩဂုတ်လ ၂၉ ရက် ညပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းလုံမြို့အနီး ပန်သပြေကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် သီလရှင်တစ်ပါး အပါအဝင် အမျိုးသမီး (၂) ဦး သေဆုံး၍ အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး၊ ကျောင်းဆောင်နှင့် ဓမ္မာရုံတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်သည်။

ထို့အပြင် ဩဂုတ်လ ၃၀ ရက် ညပိုင်းတွင်လည်း ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအတွင်း စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်(၄) လုံး ထိမှန်ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...