CATEGORY

နိုင်ငံရေး

ကျောက်မဲမြို့ မှ ကိုဗစ် လက်မှတ် နေအိမ်ထဲထိ ဝင်စစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ယခုတစ်ပတ်အတွင်း ကိုဗစ် စစ်ဆေးမှုကို ရုတ်တရက် လမ်းသွားလမ်းလာ ပြည်သူများနှင့် နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။ “သူတို့က အရူးထရင် ထသလို စစ်နေတာဘဲ။ ကိုဗစ်...

ရွာငံမြို့နယ် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး ဓားထိုးသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးသူဟု နာမည်ထွက်နေသည့် ရွာသားတစ်ဦး ဓားထိုးသတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၈ နာရီခွဲဝန်းကျင် အချိန်တွင် နွားဘန်းကြီးကျေးရွာ၏ တောင် ဘက်ပိုင်းတွင် အိမ်နှင့်တွဲလျက် အရက်ဆိုင် ဖွင့်ထားသည့် စစ်တပ်သတင်းပေး ကိုတင်ဇော်...

ဖယ်ခုံမြို့ စစ်ရှောင်ကူညီသူ ကိုညီခင် ရုပ်အလောင်း ပြန်မရရှိသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်းများကို စားဝတ်နေရေးအတွက် ကူညီပေးနေသည့် ကိုညီခင်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်း ပြန်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကိုညီခင် ကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ (၁၅)ရက် ည ၉ နာရီအချိန်တွင် နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး စစ်ကြောရေးစခန်းမှာ ၃ ရက်အကြာ နိုဝင်ဘာ...

ဆူးခင်းလမ်းမှာ တိုက်ပွဲဝင်နေတဲ့ မိုးဗြဲ ကြယ်ပွင့်လေးများ

“ကျနော်တို့ အရင်က တိုက်ပွဲမဝင်ဖူးဘူးလေ။ အစကတော့ ကြောက်စိတ်ဆိုတာ ရှိတာပေါ့။ ကြောက်စိတ်တွေကို အရင်တော်လှန်ပြီးမှ ပြန်တိုက်ခိုက်တယ်” လို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မိုးဗြဲ PDF လူငယ်တစ်ဦးဖြစ်တဲ့ ကိုတုတ်ကြီး က ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နည်းမျိုးစုံ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရာ ထိရောက်မှုမရှိတော့တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပုံကို အသက်...

ကိုဗစ်၊ နိုင်ငံရေးကြား ကျေးလက်ပညာရေး

သျှမ်းတောင်တန်းပေါ်က စာသင်ခန်းတွေ မှာ ခေါင်းလောင်းသံတွေ၊ စာအံသံတွေ တိတ်ဆိတ်နေတာ နှစ်နှစ်ကျော်လာပါပြီ။ နိုင်ငံရေးရှုပ်ထွေးမှု၊ စစ်ရေးပဋိပက္ခနဲ့ ကိုဗစ်ဒဏ်တွေကြောင့် သျှမ်းတောင်တန်းပေါ်ရှိ ကျောင်းခန်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောင်းအင်္ဂါရပ်နဲ့တောင် မပြည့်စုံတော့တာတွေ ရှိနေပါတယ်။ “ကလေးတွေရဲ့ ပညာရေးကိုတော့ ကျမ တွေးပူတယ်။ တစ်နှစ်ပြီးတစ်နှစ် ပြီးသွားတယ်။ ကျောင်မတက်ရတာ ၂ နှစ် ရှိလာပြီ”...

ကလောမြို့နယ် မြင်းကရွာက ရွာလူကြီးနှင့် လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်ရှိ မြင်းကရွာလူကြီးနှင့် လူငယ်များကို စစ်ကောင်စီက အကြောင်းမဲ့ မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၆) ည ၁၂ နာရီကျော်တွင် အင်အား ၃၀ ခန့်ရှိသော ရဲနှင့်စစ်သားတို့သည် မြင်းကရွာသို့ ကားဖြင့် ရောက်ရှိလာပြီး ရွာလူကြီးအပါအဝင် ရွာသား လူငယ် ၅...

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီးတွင် ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး...

သိန္နီမြို့နယ်၊ မိုင်းလီ စာသင်ကျောင်းအနီး ပစ်ခတ်သံများ ထပ်မံကြားရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့အတွင်းတွင် သေနတ်ပစ်ဖောက်သံများနှင့် လက်နက်ကြီး လက်နက်ငယ် အသံများ ထပ်မံကြားရကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက် ၇ နာရီကျော်ဝန်းကျင်အချိန်တွင် သိန္နီမြို့နှင့် လားရှိုးကြားရှိ မိုင်းလီကျေးရွာအနီးတွင် ပစ်ခတ်သံများကြား ရပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခြင်းကိုမူ မသိရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသံကတော့...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

ဖယ်ခုံမြို့ စစ်ရှောင်များကို ကူညီပေးနေသူ အပါအဝင် ဆက်စပ်သူ ၇ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များကို စားနပ်ရိက္ခာများ ကူညီပေးနေသူနှင့် ဆက်စပ်သူ ၇ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) မနက် ၉ နာရီတွင် ဖယ်ခုံမြို့ ညောင်တုန်း...

Latest news