Tuesday, February 3, 2026

CATEGORY

နိုင်ငံရေး

စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံရ

သျှမ်းပြည် တောင်ပိုင်း ရွှေညောင်မြို့ စစ်ကောင်စီမှ ပစ်သတ်ခဲ့သည့် လူငယ် (၂) ဦး ၏ ရုပ်အလောင်း ကို မိသားစုဝင်များ ပြန်သွားထုတ်ရာ ရင်ခွဲထားသည့်ချုပ်ရာများတွေ့ရကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇွန် (၅ )ရက် ည (၈) နာရီတွင် ရွှေညောင်မြို့ မီးပွိုင့်လမ်းဆုံအနီး စစ်ကောင်စီမှ...

နမ္မတူမြို့နယ် အရပ်သား ( ၅) ဦးကို RCSS/SSA မှ (၂ ) လကျော်ဖမ်းဆီးထား

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အရပ်သား (၅)ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဖမ်းဆီးသွားပြီး၊ ၂လကျော်ကြာထိ ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ RCSS/SSAဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား (၅)ဦးသည် နမ္မတူမြို့နယ် မန်ဆာ‌ဒေသခံ (၂ ) ဦးမှာ မိုင်းချစ်မောင်လေး၊ ဦးအိုက်ငင်း နှင့် ရေအိုးရွာဒေသခံ (၃)...

တန့်ယန်းမြို့နယ် လက်နက်ကိုင်အဖွဲ့များ စစ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ထိုဒေသအတွင်းတွင် မေလနောက်ဆုံးပတ်မှ စတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်)တပ်မတော် (TNLA)၊ ကိုးကန့်ဒေသ (MNDAA) နှင့် ဗိုလ်မွန်းဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ် တို့ စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။ သို့သော်...

မိုင်းဆတ်မြို့တွင် မပေါက်ကွဲသေးသည့်မိုင်းတွေ့ရှိ

သျှမ်းရှေ့ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြိုတွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့က ဇွန်လ(၇)ရက် မနက်(၈)နာရီခွဲဝန်းကျင်တွင် အထက(မိုင်းဆတ်)ကျောင်းအတွင်းရှိ ချင်းတွင်းဆောင်နှင့် သံလွင်ဆောင်ကြားတွင် ပလပ်စတစ်ဗူးဖြင့် ပြုလုပ်ထားပြီး စနက်တံမီးလောင်ကျွမ်းထားပြီး မပေါက်ကွဲသေးသည့် မိုင်းကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ချင်းတွင်းဆောင် နဲ့ သံလွင်ဆောင်နားမှာတွေ့တယ်၊ လူတစ်ဦးက...

တောင်ကြီးမြို့နယ်၊ NLD အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း အေးသာယာမြို့နေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တောင်ကြီးမြို့နယ် မြို့နယ်အလုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီမှ လာရာက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ ယမန်နေ့က ဇွန်လ ၆ ရက်နေ့ ည ၁၁ ခွဲဝန်းကျင်တွင် အေးသာယာမြို့နေ ရပ်ကွက် (၅)...

ကျေးသီးမြို့ နယ် RCSSနှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော်စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ လွယ်ဟွန်းတောင်ကြော တစ်လျှောက်တွင် RCSS နဲ့ SSPP တို့၏ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင် (၁၀၀၀) ကျော် အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး ယနေ့ ၇ ရက်နေ့ထိ သျှမ်းတပ်(၂)တပ်ဖြစ်သည့်...

ဟိုပုံးမြို့ လူငယ် ၇ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် ဇွန် ၄ ရက် ညသန်းခေါင်ယံ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ဟိုပုံးမြို့ အနောက်မြို့ပတ်လမ်း မြိုဦးရပ်ကွက်တွင် နေထိုင်သည့် လူငယ် ၅ ဦးသည် ဇွန် ၄ရက် ၌ အိမ်ရှေ့တွင်...

ကျေးသီးမြို့ပေါ်သို့ စစ်ရှောင် (၇၀၀)ကျော်ထိ ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးသီးမြို့ပေါ်သို့စစ်ရှောင် (၇၀၀)ကျော်ထိ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ဇွန်(၂)ရက်မှစတင်ကာ ဇွန်(၄)ရက်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲကြောင့် ပြည်သူ (၇၀၀)ကျော် စစ်ဘေးရှောင်နေရသည်။ “ ဒီနေ့ထပ်ရောက်လာတာ စုစုပေါင်း (၄၂၀)ကျော်ရှိတယ်။ အားလုံးကတော့ (၇၀၀)ကျော်ရှိပြီ၊...

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း ဒေသပြည်သူများ သျှမ်းတပ်(၂)တပ် ကြား စိုးရိမ်စိတ်ဖြင့်နေရ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ(ထုန့်မောဝ်) အတွင်း နေထိုင်သည့် ပြည်သူများသည် သျှမ်းတပ်(၂)တပ် ကြား စိုးရိမ်စိတ်များစွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရသည်။ ရွှေလီမြစ်ဝှမ်း ဒေသ (ထုန့်မောဝ်) ရှိ မန့်ဟီးရိုးကျေးရွာအုပ်စုမှ ကျေးရွာ (၁၉ )ရွာတွင် လှုပ်ရှားနေသည့် သျှမ်းတပ်(၂)တပ်သည် ဒေသခံ ပြည်သူများကို အပြန်အလှန်ဖမ်းဆီးခြင်း ရှိပြီး၊ ထိုသျှမ်းတပ်(၂)တပ်...

နမ္မတူမြို့နယ် ပန်လုံ တိုက်ပွဲရပ်တန့်သော်လည်း ကျေးရွာအတွင်း လက်နက်ကိုင်ရှိနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း တိုက်ပွဲရပ်နားထားသော်လည်း လက်နက်ကိုင်များ ကျေးရွာထဲတွင် ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲကြောင့် ပန်လုံကျေးရွာအုပ်စုရှိ ဒေသခံများ လားရှိုးဘုန်းကြီးကျောင်းသို့ (၁) လနီးပါး ထွက်ပြေးတိမ်းပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။ “ တိုက်ပွဲကတော့ တိတ်သွားပြီ။ ကျနော်တို့...

Latest news