Thursday, February 12, 2026

CATEGORY

နိုင်ငံရေး

တာချီလိတ်မြို့ စိတ်ကြွဆေးပြားများ အဓိကဝင်ထွက်ပေါက်ဖြစ်နေ

သျှမ်းပြည်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြားများဆုံးထုတ်လုပ်နေပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလတ်မြို့သည် အဓိက ဝင်၊ထွက်ပေါက်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ့်နင်းရေးအဖွဲ့ (UNODC) က ပြောဆိုလိုက်သည်။ အရှေ့တောင် အာရှတွင် မူးယစ်ဆေးဝါးစျေးကွက်သည် စိုးရိမ်စရာကောင်းအောင် ကြီးထွားနေပြီး သျှမ်းပြည်သည် အဓိက စျေးကွက်ဖြန့်သည့်နေရာဖြစ်ကြောင်းလည်း UNODC ၏ ယမန်နေ့ (မေ...

ဟိုပုံးမြို့ရောက် ဆီဆိုင်စစ်ရှောင်ကလေးများ ကျောင်းပြောင်းလက်မှတ်မရှိ ကျပ်ငွေ ၆သောင်းထိပေးရ

ဟိုပုံးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသော ဆီဆိုင်မြို့နယ် စစ်ရှောင် ကလေးငယ်များ ကျောင်းတက်ရန်အတွက် ကျောင်းပြောင်းလက်မှတ်မရှိလျှင် ငွေကျပ် ၆သောင်းထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ ကျောင်းအပ်ရန် လက်ခံနေပြီး ဆီဆိုင်မြို့နယ် မှ ထွက်ပြေးလာသော...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

ဆီဆိုင်မြို့နေရပ်ပြန်သူများ တပ်သားစုဆောင်ခံရ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်လာသွားသည့် ပြည်သူများကို စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့မှ ပြည်သူများကို နေရပ်ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်သည်။ ထို့နောက် ပြည်သူများသည် နေရပ်သို့ပြန်သွားစဥ် အသက် (၁၈)နှစ်...

သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူးကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ကို ယမန်နေ့ (မေလ ၂၉ ရက်) ညပိုင်းက တောင်ကြီးမြို့ နေအိမ်တွင် စစ်ကောင်စီ လာရောက် ဖမ်းဆီးသွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပင်စင်ယူရန် လပိုင်းသာ လိုတော့သည့် ဦးစိုင်းသော်ဝင်း ကို ကျားဖြန့်...

မူဆယ် အမျိုးသား တစ်ဦး မြေမြုပ်မိုင်းထပ်နင်းမိ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ဝိန်းနန်ကျေးရွာရှိ တောလမ်းတစ်နေရာတွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းထပ်မံနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသား ၁ ဦးသည် ယမန်နေ့ (မေလ ၂၈) ရက် နံနက်ပိုင်းအချိန်တွင် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီးရှိ တောလမ်းတစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ...

သမ္မတဦးဝင်းမြင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည့် ဗိုလ်ချုပ်ကိုလေး စစ်ကောင်စီ ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်လာ

ကျားဖြန့် ငွေလိမ်ဂိုဏ်းများထံမှ လဘ်စားမှုဖြင့် ထောင်ချခံထားရသည့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း နေရာတွင် ဗိုလ်ချုပ်ကိုလေး ကို အစားထိုး ခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ယမန်နေ့ (မေလ ၂၈ ရက်) ညပိုင်းတွင် ကြေညာသည်။ ၂၀၂၁ မတ်လတွင် ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်အောင်လင်းထွန်း သည် တရုတ်...

နေပြည်တော် စစ်တိုင်းမှူး အပါအဝင် အရေးကြီး တပ်မှူးနေရာများ အပြောင်းအလဲ လုပ်ပြန်

စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အရေးကြီးနေရာများကို ကိုင်တွယ်ရသည့် တပ်မှူး တချို့ကို အရန်အင်အားပို့ပြီး အစားထိုးခန့်အပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၈ ရက်) တွင် ပြောသည်။ စစ်ကောင်စီသည် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ကို အရန်အင်အား ပို့လိုက်ပြီး...

မူဆယ် – လားရှိုး တောတွင်း ရှောင်ကွင်းလမ်းကြမ်းတမ်း ကားသမားများအခက်ကြုံနေ

သျှမ်းပြည် မြောက်ပိုင်း မူဆယ် - လားရှိုးသို့ သွားသည့် တောတွင်း ရှောင်ကွင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းများကြမ်းတမ်းနေပြီး၊ ဂိတ်ကြေးများအဆမတန်ကောက်ယူမှုကြောင့် ကားသမားများ အခက်ကြုံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မိုးဦးရာသီမှ စ၍ မူဆယ် - လားရှိုးသို့ သွားသည့် တောလမ်းတွင် မိုးရွာတွင်းမှုကြောင့်...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

Latest news