Tuesday, February 10, 2026

CATEGORY

နိုင်ငံရေး

မိုးမိတ် စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်ကျန် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၁၁ နာရီခန့်မှ စတင်ပြီး မိုးမိတ်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ...

လားရှိုးမြို့သို့ ဦးဆောင်ချီတက်လာသည့် ဗိုလ်မှူးချုပ်သန်းထွန်းအောင် ခိုလမ် စစ်ဆေးရုံ ရောက်သွား

သျှမ်းပြည်၊ တန့်ယန်းမြို့မှ လားရှိုးမြို့သို့ အင်အားဖြည့်တင်းမည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ရာ ဦးဆောင်သူ ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-ရလခ ခိုလမ် စစ်ဆေးရုံတွင် ဆေးကုသနေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၃၁ ရက်)...

သမဝါယမ စနစ် ထုတ်ပြန်ပြီးနောက် မန္တလေးတွင် စက်သုံးဆီများ ပြတ်လပ်သည်အထိ တိုးဝှေ့ဝယ်ရ

စစ်အာဏာရှင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော သမဝါယမ စနစ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးမည်ဟု ပြောဆိုပြီးနောက် မန္တလေးမြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။ သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ဇူလိုင် ၂၉ ရက် နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ ထိုသို့...

သျှမ်းမြောက်တွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီက (၆) ကြိမ်မြောက် သက်တမ်းထပ်တိုး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ညီနောင်မဟာမိတ်တပ်များထံ လက်လွတ်လိုက်ရစဉ် အာဏာသိမ်း စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် (၆) လ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို ရယူပြီးနောက်...

သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက်သေဆုံးမှုများ

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA) တို့ ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး ယနေ့ (ဇူလိုင်လ ၃၁ ရက်) အထိ ၃ ရက်အတွင်း သီပေါမြို့နယ်...

ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ လက်နက်ချရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖိအားပေး တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁)၊ (၅၀၂) တို့ကို...

SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး...

ကွန်ဟိန်းမြို့နယ် ကျေးရွာတစ်ခုရှိ ဒေသခံများကို RCSS မှ နေရာပြောင်း‌ရွှေ့ခိုင်း

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျေးရွာတစ်ခုရှိ ဒေသခံများကို ၅ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ ယနေ့ထိတိုင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) နှင့်...

လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို MNDAA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ

သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက် ၃ နာရီခန့်မှ စတင်ပြီး တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့...

လားရှိုး လေဆိပ် ကိုးကန့်တပ် သိမ်းပိုက်ဟု သတင်းထွက်

သျှမ်းမြောက်၊ လားရှိးမြို့ရှိ လေဆိပ်ကို ကိုးကန့်တပ်က ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့က လေဆိပ်နှင့် ၂ မိုင် အကွာရှိ ခလရ (၆၈) တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ပြီးနောက် လေဆိပ်ကို...

Latest news