PNA/PNO စစ်ဝတ်စုံ ဝယ်ယူဝတ်ခိုင်းပြီး ဟန်ပြ စစ်အင်အားပြနေ

သျှမ်းပြည်တောင်ပိုင်း၊ကျောက်တလုံးမြို့နှင့် ညောင်ရွှေမြို့ တောင်ဘက်ဒေသများတွင် ပအိုဝ်းပြည်သူစစ် (PNA/PNO) စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲ တွင် ဟန်ပြအနေဖြင့် အင်အားပြခိုင်းကြောင်း စုံစမ်းသိရသည်။ 

ယမန်နေ့ (အောက်တိုဘာလ ၃)ရက် ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြုလုပ်သည့် PNO ပြည်သူစစ် အမှတ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ သင်တန်းသားပေါင်း ခုနစ်ထောင်ကျော်ဖြင့်ပြုလုပ်ခဲ့သည်။

ထိုထဲတွင် အခြေခံစစ်သင်တန်းမတက်ဖူးသောသူများလည်း စစ်ဝတ်စုံဝတ်ပြီး အင်အားပြခိုင်းကြောင်းကျောက်တလုံးမြို့မှ သင်တန်းဆင်းပွဲတက်ရောက်ခဲ့သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။​

“ စစ်အင်းအားပြတဲ့သူတွေက စစ်သင်တန်းမတက်ထားတဲ့သူတွေလည်းပါတယ်။ မနေ့ (အောက်တိုဘာ ၃)ရက်က အင်အား ၇ထောင်ကျော်ရှိတယ်။ PNO က စစ်အင်အားရှိတယ်ဆိုတဲ့ ဟန်ပြအနေနဲ့ ပြတာပါပဲ” ဟု ၎င်းကဆိုသည်။ 

သင်တန်းဆင်းပွဲ ဝတ်ဆင်ရန် အတွက် လွန်ခဲ့သည့် လပိုင်းတွင် စစ်ဝတ်စုံဖိုး တစ်ဉီးလျှင် ကျပ်ငွေ ၅သောင်း ကောက်ခံထား ကြောင်း အင်းအားပြသူများက ပြောသည်။​ 

အများစုသည် စစ်သင်တန်းမတက်ရဘဲ အင်အားပြသည့်နေရာတွင်ပါဝင်ရခြင်းသည် PNA/PNO မှ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းသာ ဖြစ်သည်။ 

PNA/PNO

ထိုဒေသတွင် PNA/PNO ထိန်းချုပ်သည့် ဒေသဖြစ်သဖြင့် ပြည်သူများလည်း ကြောက်စိတ်ဖြင့်သွားရကြောင်းလည်း ညောင်ရွှေမြို့မှ အတင်းအဓမ္မခေါ်ခံရသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သင်တန်းမတက်ရသေးဘဲ စစ်အင်အားပြတဲ့ပွဲမှာ တော်တော်များများပါတယ်။ ညောင်ရွှေဘက်မှာဆို ပိုများတယ်။ အဲ့ဒါက မဖြစ်မနေ အင်အားပြဖို့ ဝတ်စုံတွေဝယ်ခိုင်းတယ် ဖိနပ်လည်း ဝယ်ရတယ်။ တကယ်လို့ တိုက်ပွဲတွေဝင်ရမယ်ဆိုရင် သေနတ်တယောက် တစ်လတ်ပေးမယ်ပြောတယ်။ ဟန်ပြယုံလောက်ပဲ ပြတာ အွန်လိုင်းပေါ်မှာ သူတို့စစ်အင်အားများ တယ်လို့မြင်အောင်လုပ်နေတာ”ဟု ညောင်ရွှေမြို့ခံ အမျိုးသားက ဆိုပြန်သည်။ 

စက်တင်ဘာ ၃၀ရက် တွင်လည်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်အိမ်လျှင် ကျပ်ငွေ ငါးသောင်းကောက်ယူပြီး အသက် (၁၈)နှစ်မှ အသက် ၅၀ကြားရှိ စစ်သင်တန်းမတက်ဖူးသည့် သူများကိုပါ စစ်သင်တန်းဆင်းပွဲ ဟန်ပြတက်ခိုင်းခဲ့သည်။ 

အချို့ စစ်သင်တန်းတက်ရောက်သည့် ရက်တို ၁၀ရက်မှ ၁၅ရက်အထိတာ တက်ရောက်ခွင့်ရပြီး၊ အခြေခံ ကျသော အလေးပြုနည်း နှင့် ဘယ်ညာလှည့်နည်းသာလျှင် သင်ယူခဲ့ရကြောင်း PNA စစ်သင်တန်းတက်သူများက ပြောသည်။ 

PNO/PNA

ထိုစစ်သင်တန်းပေးရခြင်းအကြောင်းရင်းသည် ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေကို ထိန်းကျောင်းနိုင်ရန်အတွက် လူတိုင်း တာဝန်ရှိကြောင်း၊ အမျိုးသားတိုင်း အခြေခံ စစ်ပညာကို သိတတ်နားလည်ရန်၊ သဘောပေါက်ရန်လိုအပ်ကြောင်း PNA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမြင့်အောင်က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုစစ်ကောင်စီ၏ စစ်မှုထမ်း ဉပဒေနှင့် PNA/PNA မှ အတင်းအဓမ္မတပ်သားစုဆောင်းမှုကြောင့် လူငယ်များသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုပြုလုပ်လာကြသကဲ့သို့ အချို့သည် တော်လှန်ရေးတပ်ဖွဲ့ထဲသို့ တာဝန်သွားရောက် ထမ်းဆောင်ကြသည်။

လက်ရှိမှာ ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ၊ ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ အောင်ပန်းမြို့၊ကလောမြို့ ရေကြီး၊မြေပြိုမှု ဆက်တိုက်ဖြစ်ပွားပြီး အသက်သေဆုံးထိရှိသည်။ 

ထိုရေကြီးမြေပြိုမှုကြောင့် နေအိမ်ပျက်စီးကာ ပြန်လည်ထူထောင်ရေးအတွက် လူငယ်များမရှိသဖြင့် ဒေသခံများ အခက်အခဲမျိုးစုံ စိုးရိမ်မှုရှိကြောင်း သိရသည်။ 

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...