CATEGORY

သတင်း

သီပေါမြို့တွင် သီတဂူ စက္ခဒါန မှ မျက်စိအခမဲ့စမ့်သပ်ကုသပေးမည်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် သီတဂူ စက္ခုဒါန ဆေးရုံတော်မှ ဒေသခံများအား အခမဲ့ မျက်စိစမ်းသပ်ကုသပေးမည်ဖြစ်ကြောင်းသိရသည်။ သီတဂူ စက္ခုဒါနဆေးရုံကြီးမှ စက်တင်ဘာလ ၁၁ မှ ၁၅ ရက်နေ့အထိ ၅  ရက်ကြာ  သီပေါဒေသခံများအား သီပေါမြို့နယ် မဟာမြတ်မုနိ ဝိဟာရကျောင်း၌  အခမဲ့ မျက်လုံးစမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သီပေါမြို့နယ်...

 ထိုင်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမား စိုင်းမောင်ထောင်းဒီး ၁၀ နှစ်တာကာလအတွင်း စက္ကူလေယာဉ်ပစ်ပြိုင်ပွဲ ချန်ပီယံထပ်မံဆွတ်ခူး  

ထိုင်းနိုင်ငံ၏ ၁၅ ကြိမ်မြောက် စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သား စိုင်းမောင်ထောင်းဒီး ချမ်ပီယံဆု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ရန်စီစဉ်နေလျှက်ရှိကြောင်းသိရသည်။ ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ နွန်းထာ့ပူရီခရိုင်တွင် ကျင်းပသော ၁၅ ကြိမ်မြောက်ထိုင်းနိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် စိုင်းမောင်ထောင်းဒီး ထပ်မံအနိုင်ရရှိကာ ချမ်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။ “ကျနော်အနိုင်ရမယ်လို့တောင်မထင် ဘူး။...

ကလေး ၃ ယောက်မိခင်အား အမြန်ဆုံးပြန်လွှတ်ပေးရန်  တအာင်းတပ်ဖွဲ့ထံ နမ့်ခမ်းမြို့ SNDP နှင့် UP တို့စုပေါင်းတောင်းဆို  

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့တွင် ၁၀ ရက်အကြာ ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရသည့် ဒေသခံနန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် နမ့်ခမ်းမြို့ ကျားဖြူပါတီ SNDP နှင့် လူထုညီညွတ်ရေးအသင်း UP တို့က စာရေးသားပေးပို့လိုက်သည်။ ဩဂုတ်လ ၂၅ ရက်နေ့က အဆိုပါ တောင်းဆိုစာရေးသားပေးပို့ခြင်းဖြစ်ပြီး - သားသမီး ၃ ဦး၏မိခင်နန်းမိုဟွမ်အား ကလေးများက နေ့စဉ်ငိုယိုကြတမ်းတနေကြောင်း၊...

မိုင်းဆတ်တွင် ရေကြီး လူနေအိမ် ၂၀၀ နီးပါး ရေလွှမ်း

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပွားကာ နေအိမ် ၂၀၀ နီးပါး ရေလွှမ်းမိုးမှု ကြုံနေရကြောင်းသတင်းရရှိသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေများတက်လာကာ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် မယ်ဆွမ်တောင်ရပ်ကွက်၊ ဝမ်ကျောင်း၊ တာလျှံ နှင့် နောင်ဟီး ရှိ နေအိမ်များ...

ပြည်ထောင်စု အင်စတီကျု PI မှ မူစယ်မြို့တွင် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စု အင်စတီကျု PI မှ သုတေသနပြုလုပ်ထားသော စာတမ်းများကို အသိ ပညာပေး နှီးနှောဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မူစယ်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု အင်စတီကျု PI နှင့် မူစယ် ကျားဖြူပါတီ SNDP တို့ ပူးပေါင်း၍ မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၌...

စစ်ရေးပဋိပက္ခပူးပေါင်းအဖြေရှာရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ၂ ဦးထံ ဗဟိုသျှမ်းစာ/ယဉ် မှ စာပို့

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ၂၁၁၃ ခု သျှမ်းနှစ်သစ် ကြိုဆိုသည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ နှင့် မြို့နယ်အသီးသီးမှသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေးရာ ဒေသခံများ တင်ပြချက်အရ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများရပ်တန့်ရန်အတွက် ပူးပေါင်းအဖြေရှာကြရန် သျှမ်းပြည်တပ်မတော် ခေါင်းဆောင်နှစ်ဦးထံ တိုက်တွန်းစာပေးပို့လိုက်ကြောင်းသိရသည်။ ၂၁၁၃ ခု သျှမ်းနှစ်သစ်ကူးပွဲ စုပေါင်းကျင်းပနိုင်ရေးအတွက် သြဂုတ်လ...

သီပေါရောက် နမ္မတူမှစစ်ဘေးရှောင် ရာဂဏန်းနေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် နမ္မတူဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လိုပါသော်လည်း နေ့စဉ်နှင့်အမျှ ကြားနေရသော ပစ်ခတ်သံများကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။ ပန်လုံအုပ်စု ပန်လုံရွာမှ ဒေသခံတဦးက - “ဒီမနက် သြဂုတ်လ ၂၂ ရက် သေနတ်သံထပ်ထွက်တယ်။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ကြတယ် လို့တော့မသိဘူး။...

သျှမ်းပြည်အေးချမ်းစေရေး စော်ဘွားမိသားစုဝင်များ ဘန်းယဉ်မြို့တွင် စုပေါင်း ဆုတောင်း  

သျှမ်းစော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းကြသည်ဟုသိရသည်။ သြဂုတ်လ ၁၉ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့တွင် ညောင်ရွှေ၊ နောင်မွန်၊ ဘန်းယဉ်၊ စံကား စော်ဘွားများ၏ သားသမီးမြေးမြစ်များနှင့်ကျန်ရှိ ဆွေတော်မျိုးတော်များစုပေါင်းကာ သျှမ်းဧကရာဇ် သျှမ်းဘုရင်မင်းမြတ်၊ စော်ဘွား ၃၃ ပါးတို့၏ ၀ိဉာဉ်များအား တိုင်တည်ကာ...

လားရှိုးမြို့နယ် မိုင်းယော်တွင်တိုက်ပွဲကြောင့် ရွာသား ၁၀၀ ခန့် စစ်ဘေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် အစိုးရတပ်နှင့်တအာင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲ များငြိမ်သွားပြီ ဟုဆိုသော်လည်း ဒေသခံများစိုးရိမ်မှုရှိနေသေးသဖြင့် ရွာသား ၁၀၀ ၀န်းကျင်မှာ လားရှိုးသို့ တိမ်းရှောင်နေကြောင်းသိရသည်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့သည့် လွယ်ပန်ထီးနှင့် ၀မ့်ပန်ခုတ်ရွာတိုက်ပွဲကြောင့် သြဂုတ်လ ၂၂ ရက်မနက်ပိုင်းက ဒေသခံ တအာင်းလူထု ၁၀၀ ၀န်းကျင်ခန့် မိုင်းယော်သို့ရောက်ရှိကာ ကား...

တောင်ကြီးမြို့ တပ်မိသားစု ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

သြဂုတ်လ ၂၀ ရက် ရက်နေ့ ည ၈ နာရီဝန်းကျင်၌ တောင်ကြီးမြို့ တွင် တပ်မတော်မိသားစု အသိုင်းအဝိုင်း မှ ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အသတ်ခံရသူ များ၏ နီးစပ်ရာ အသိုင်းအဝိုင်း လူမှုကွန်ယက် စာမျက်နှာများမှ တစ်ဆင့် သိရသည်။ သေဆုံးသူများထဲတွင်...

Latest news