ကလေး ၃ ယောက်မိခင်အား အမြန်ဆုံးပြန်လွှတ်ပေးရန်  တအာင်းတပ်ဖွဲ့ထံ နမ့်ခမ်းမြို့ SNDP နှင့် UP တို့စုပေါင်းတောင်းဆို  

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့တွင် ၁၀ ရက်အကြာ ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရသည့် ဒေသခံနန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် နမ့်ခမ်းမြို့ ကျားဖြူပါတီ SNDP နှင့် လူထုညီညွတ်ရေးအသင်း UP တို့က စာရေးသားပေးပို့လိုက်သည်။

TNLA ထံပေးပို့သည့် နမ့်ခမ်းမြို့ SNDP နှင့် UP တို့စုပေါင်းလက်မှတ်ရေးထိုးထားသည့်စာ

ဩဂုတ်လ ၂၅ ရက်နေ့က အဆိုပါ တောင်းဆိုစာရေးသားပေးပို့ခြင်းဖြစ်ပြီး – သားသမီး ၃ ဦး၏မိခင်နန်းမိုဟွမ်အား ကလေးများက နေ့စဉ်ငိုယိုကြတမ်းတနေကြောင်း၊ ၉ ရက်ကျော်ကြာပြီဖြစ်သဖြင့် ပြန်လွှတ်ပေးစေလိုကြောင်း – စာတွင်ပါရှိပါသည်။

ကျားဖြူပါတီဉက္ကဌ စိုင်းအိုက်ပေါင်းက – “တကယ်တော့ TNLA ရဲ့ဥပဒေနဲ့ညှိစွန်းတယ်ဆိုတဲ့စကားက မဟုတ်သေးဘူးလေ။ TNLA က အစိုးရမှမဟုတ်တာ။ နိုင်ငံတော်အေးချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဖို့က လူတိုင်းမှာတာဝန်ရှိတယ်။ နန်းမိုဟွမ်ကို သူတို့ ဖမ်းဆီး သွားတာဟာ နိုင်ငံရေးကိုထိခိုက်စေတယ်။ လူထုအေးချမ်းသာယာရေးကိုထိခိုက်တယ်။ ငြိမ်းချမ်းရေးကိုထိခိုက်တယ်။ ကလေး ၃ ယောက်ကို သက်ညှာသောအားဖြင့် သူတို့လေးတွေရဲ့မိခင်ကို ပြန်လွှတ်ပေးပါ လို့တောင်းဆိုချင်ပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ ဩဂုတ်လ ၂၇ ရက်ကနေ့တွင်လည်း နမ့်ခမ်းဒေသခံ အဖမ်းခံရသည့် ကိစ္စ ကူညီဆောင်ရွက်ပေးပါရန် ဟုဆိုကာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံလိပ်မူသည့်စာတစောင်ကိုပါ ကျားဖြူပါတီ SNDP မှ ပေးပို့ခဲ့သည်။

နမ့်ခမ်းမြို့ခံ နန်းမိုဟွမ်အား  ဩဂုတ်လ ၁၇ ရက်နေ့က ၎င်း၏ နေအိမ်အတွင်း လက်နက်ကိုင်လူတစုဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်တရက်  TNLA တအာင်းတပ်ဖွဲ့ပြန်ကြားရေးဌာနမှ  တာ့အိုက်ကျော်က ဖမ်းဆီးမှုမှာ TNLA တအာင်းတပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်း ပြောဆိုဝန်ခံခဲ့သည်။ TNLA ၏ ဥပဒေကို မလိုက်နာသဖြင့် အပြစ်ပေးမည်ဟုပြောဆိုခဲ့သည်။ ယမန်နှစ် ၂၀၁၇ က ၎င်းနေအိမ်သို့ ဆက်ကြေး ၁၁ သိန်းကောက်ခံပြီးအထွက် အစိုးရတပ်မတော်မှ ခြုံခိုတိုက်ခိုက်မှုကြောင့် တအာင်းတပ်သား ၁ ဦးသေ ၁ ဦးအဖမ်းခံရသည့်ကိစ္စနှင့်သက်ဆိုင်ကြောင်း TNLA တပ်မှူးကြီး တားအိုက်မောင်းက ဩဂုတ်လ ၂၄ ရက်က ဆွေးနွေးရန်ရောက်ရှိလာသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP ကိုယ်စားလှယ် အားပြောဆိုခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...