Wednesday, January 28, 2026

ပြည်ထောင်စု အင်စတီကျု PI မှ မူစယ်မြို့တွင် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စု အင်စတီကျု PI မှ သုတေသနပြုလုပ်ထားသော စာတမ်းများကို အသိ ပညာပေး နှီးနှောဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မူစယ်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု အင်စတီကျု PI မှ မူစယ်မြို့တွင် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု အင်စတီကျု PI နှင့် မူစယ် ကျားဖြူပါတီ SNDP တို့ ပူးပေါင်း၍ မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၌ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည်။ ပါတီကိုယ်စားလှယ်၊ ယဉ်ကျေးမှုအသင်း၊ ကျောင်းသူကျောင်း သား၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်နှင့် လေ့လာသူ ၄၀ ဦးခန့် တက်ရောက်ခဲ့သည်။

Pyidaungsu Institute (PI) မှ ဒေါက်တာစိုင်းဦးက ဦးဆောင်ဆွေးနွေးရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ငန်းတွေကို ပြည်သူလူထုတွေသိရှိအောင်မီးမောင်း ထိုးပြတာပါ။ ပြောသွားတာကတော့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အစိုးရဆိုတဲ့ ခေါင်းစဉ်က ပြည်သူလူထုအတွက် အနီးစပ်ဆုံးနဲ့ စိတ်၀င်စားစရာကောင်းဆုံးဖြစ်တယ်လို့ ချပြ ရှင်းလင်း သွားပါတယ်” ဟု တက်ရောက်ခဲ့သူ လူငယ် စိုင်းခေး က ပြောပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့်အစိုးရ၊ တိုင်းရင်းသားလူနည်းစုဆိုင်ရာ အခွင့်အရေးများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အား ပြန်လည်သုံး သပ်ဆန်းစစ်ခြင်း၊ မီဒီယာစောင့်ကြည့်လေ့လာခြင်း−စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

တရားမျှတ၍ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းရင်းသားအားလုံး အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ပြည်ထောင်စု အင်စတီကျု PI ကို ၂၀၁၃ သြဂုတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖွဲ့စည်းထူထောင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...

“၂၀၂၅ ရွေးကောက်ပွဲလာရင် ဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ”

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို စစ်ကောင်စီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့မှ ပူးတွဲခေါင်းဆောင်သွားရန် ရွေးချယ်လိုက်သည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင်...

ကျားဖြူပါတီ အပါအဝင် ပါတီ ၄ ခုက UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို ဦးဆောင်

0
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့က အသစ်ဖွဲ့မည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က...

ကျားဖြူပါတီ နာမည်ပြောင်းလဲပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်

0
ကျားဖြူပါတီသည် မူရင်း “ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” မှ “ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဟု နာမည် ပြောင်းလဲကာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ နာမည်ပြောင်းလဲခြင်း နှင့် ပတ်သက်ပြီး ကျားဖြူပါတီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ပါဝင်...

ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မည်ဟု ကျားဖြူပါတီပြော

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီသည် ၂၀၂၃ ရွေးကောက်ပွဲအတွင်း သျှမ်းပြည် အပါအဝင် ပြည်ထောင်စု အဆင့်ထိ ရွေးကောက်ဝင် ယှဥ်ပြိုင်မည်ဟု သိရသည်။ သျှမ်းပြည် နှင့်အတူ တိုင်းနှင့် ပြည်နယ် ၆ ခုကို ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် လျာထားပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊...