Wednesday, January 28, 2026

သီပေါမြို့တွင် သီတဂူ စက္ခဒါန မှ မျက်စိအခမဲ့စမ့်သပ်ကုသပေးမည်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် သီတဂူ စက္ခုဒါန ဆေးရုံတော်မှ ဒေသခံများအား အခမဲ့ မျက်စိစမ်းသပ်ကုသပေးမည်ဖြစ်ကြောင်းသိရသည်။

သီတဂူ စက္ခုဒါနဆေးရုံကြီးမှ စက်တင်ဘာလ ၁၁ မှ ၁၅ ရက်နေ့အထိ ၅  ရက်ကြာ  သီပေါဒေသခံများအား သီပေါမြို့နယ် မဟာမြတ်မုနိ ဝိဟာရကျောင်း၌  အခမဲ့ မျက်လုံးစမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူးက သျှမ်းသံတော်ဆင့်အားပြောသည်။

သီပေါမြိုခံတွေအတွက်ဘဲမကဘူး။ တခြား လားရှိုး ကျောက်မဲ နမ့်လန်ဘက်ကလည်းလာမယ်။ မျက်စိအထူးကု ဆရာဝန် ၆ ဦးကနေလာပြီး စမ်းသပ်ကုသပေးမှာပါ။ အဖွဲ့အစည်းဘက်ကတော့ ပိုက်ဆံမယူဘူး။ ကိုယ့်ဘက်ကတော့ စေတနာရှိရင်  ပေးနိုင်ပါတယ်။ ကျနော်တို့ သျှမ်းပြည်သားတွေက မျက်လုံးပြသနာ အရမ်းဖြစ်ပွါးနေကြပါတယ်။ ဒီသတင်းကြားသိရတဲ့သူတွေကတော့ အလုအယက်စာရင်းလာပေးကြပါတယ်။- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သီတဂူစက္ခုဒါန ဆေးရုံကြီးကို ၂၀၀၈ ခုနှစ်မတ်လက စတင်ဖွင့်လှစ်လိုက်သည်။ လက်ရှိအချိန်အထိ  အခမဲ့ကုသပေးသောမျက်စိလူနာ ၄၉၀၀ ဦးခန့်ရှိပြီး ဆေးရုံသို့လာရောက်ကုသသည့်လူနာမှာမူ ၂၃၀၀ ကျော်ရှိကြောင်း သိရသည်။

သီတဂူမျက်စိဒါန အဖွဲ့သည် နယ်ဒေသများသို့ကွင်းဆင်းကာ မျက်စိခွဲစိပ်ကုသပေးလျှက်ရှိရာ ယခု ၂၀၁၈ အတွင်းပင် နယ်ဒေသများသို့ကွင်းဆင်းကုသပေးမှု ၄၂ ကြိမ်ရှိပြီဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...