Wednesday, January 28, 2026

သျှမ်းပြည်အေးချမ်းစေရေး စော်ဘွားမိသားစုဝင်များ ဘန်းယဉ်မြို့တွင် စုပေါင်း ဆုတောင်း  

သျှမ်းစော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းကြသည်ဟုသိရသည်။

သျှမ်းစော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းပွဲပြုလုပ်

သြဂုတ်လ ၁၉ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့တွင် ညောင်ရွှေ၊ နောင်မွန်၊ ဘန်းယဉ်၊ စံကား စော်ဘွားများ၏ သားသမီးမြေးမြစ်များနှင့်ကျန်ရှိ ဆွေတော်မျိုးတော်များစုပေါင်းကာ သျှမ်းဧကရာဇ် သျှမ်းဘုရင်မင်းမြတ်၊ စော်ဘွား ၃၃ ပါးတို့၏ ၀ိဉာဉ်များအား တိုင်တည်ကာ သျှမ်းလူမျိုးများနှင့်သျှမ်းပြည်သားအားလုံး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံးအေးချမ်းကြစေကြောင်း ဆုတောင်းမှုပြုခြင်းဖြစ်သည်။

ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ သမီးတော်တပါးဖြစ်သည့် စဝ်ဟေမာသိုက်က- “ဟုတ်တယ် ။ သျှမ်းစော်ဘွားများရဲ့ ကျန်ရှိဆွေတော်မျိုးတော်တွေစုပေါင်းပြီး သျှမ်းပြည်နယ်အတွင်းသာမက ပြည်ထောင်စုတဝှမ်းလုံးအေးချမ်းသာယာပါစေကြောင်း ဆုတောင်းမှုပြုတာပါ။ ဘန်းယဉ် စော်ဘွားကြီးရဲ့ ဟော် (အိမ်တော်)မှာ လုပ်ခဲ့ ပါတယ်။ ဆုတောင်းပွဲမှာ လူ ၃၀ ကျော်ရှိပါတယ် “ – ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဘန်းယဉ်စော်ဘွားကြီး စဝ်စိန်ညွန့် (သက်တော် ၉၉ နှစ်) မှာမူ ယခုနှစ် ၂၀၁၈ မေလ ၁၁ ရက်နေ့က ပင် ကံတော်ကုန် သွားခဲ့ပြီဖြစ်ပါသည်။

သျှမ်းပြည်တွင်းလူထု အေးချမ်းကြစေကြောင်း၊ တိုက်ပွဲရပ်တန့်ပြီး ပြည်ထောင်စုတဝှမ်းလုံးငြိမ်းချမ်းသာယာ ပါစေရန် ရည်ရွယ်ချက်ဖြင့် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ ဆုံးဖြတ်ချက်အရ သြဂုတ်လ ၂၀ ရက်နေ့က သျှမ်းပြည်တဝှမ်းလုံး မြို့နယ်တိုင်း တချိန်တည်း တပြိုင်တည်း အန္တရာယ်ကင်း ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ကာ မေတ္တာပေးဝေခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံရေးကြပ်တည်းနေချိန် ကျိုင်းတုံဟော်နန်းပုံစံတူ ကျပ်သိန်း ၄ သောင်းကျော် ကုန်ခံပြီး တည်ဆောက်မည်

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ သျှမ်းစော်ဘွားဟော်နန်း ပုံစံတူကို စစ်ကောင်စီအုပ်စုမှ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံပြီး တစ်နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျိုင်းတုံဟော်နန်းအသစ်ကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မည့်အကြောင်း နှင့် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တာဝန်ယူကာ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံ...

နမ္မတူမြစ်ပေါ်တွင် ရေကာတာတည်ဆောက်ခြင်းဘေးမှ ကင်းဝေးစေရန်တာလုံ ဒေသခံ ရ၀၀ ကျော် အလှူပြုဆုတောင်း

0
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ္မတူမြစ်ပေါ် ရေကာတာတည်ဆောက်ခြင်းမပြုစေရေး၊ နမ္မတူမြစ်ဖျက် ဆီးမခံရရေးအတွက်ရည်ရွယ်ကာ သီပေါမြို့နယ် ဒေသခံ ရ၀၀ ကျော်က ရပ်ရွာဇာတာဆက် (ကံထပ်ကံမြှင့်) ခြင်း အလှူပြုဆုတောင်းပွဲ တရပ်ပြုလုပ်ခဲ့ကြောင်း သျှမ်းပြည်နယ် မြစ်ချောင်းများ ကွန်ရက် ထုတ်ပြန်ချက် အရ သိရသည်။ ဆုတောင်းပွဲကို သြဂုတ်လ ၂၁...