Wednesday, January 28, 2026

CATEGORY

သတင်း

မူစယ်ခရိုင် မိုင်းယုအုပ်စုလူငယ်များ မူးယစ်ဆေးဝါး နှင့်ဂိမ်းလောင်းကစားပိတ်ပင်တားဆီးရေး အုပ်ချုပ်ရေးမှူးများထံတောင်းဆို  

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ဂိမ်းဆိုင်များပိတ်ပင်တားဆီးပေးရန် ဒေသတွင်းလူငယ်များက ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဂိမ်းဆိုင်ပိုင်ရှင်များထံ စုပေါင်းတောင်းဆိုလိုက်သည်။ မတ်လ ၈ ရက်နေ့မနက်ပိုင်းက မိုင်းယုအုပ်စု စျေးတွင် မိုင်းယုအုပ်စုအတွင်း ဒေသခံလူငယ် ၅၀၀ နီးပါး တွေ့ဆုံကာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီးတောင်းဆိုလိုက်ခြင်းဖြစ်သည်။ “အုပ်စုအတွင်း ၉ ရွာက ကျေးရွာအကြီးအကဲ တက်ရောက်ပြီး...

မူစယ်ခရိုင် မိုင်းယုအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူပေါများ

လောင်းကစားဝိုင်းများ ဂိမ်းဆိုင်များ ပေါများနေသော သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ယာဘ မူးယစ်ဆေးဝါးလည်းအဆမတန် ပေါများနေကြောင်းဒေသခံများကပြောသည်။ “ယာဘ မူးယစ်ဆေးဝါးပေါချက်ကတော့ပြောမနေနဲ့တော့။ မုန့်ကောင်းကောင်းရှာစားရင်တောင်ခက်ဦးမယ်။ ယာဘမုူးယစ်ဆေးဝါးက လမ်းကောင်းကောင်းမလျှောက်ရင် ခလုတ်တောင်တိုက်သွားနိုင်တယ်။ စျေးလည်းပေါ ၊ရှာဝယ်လည်းလွယ်။ တပြားကျပ် ၄၀၀ ဘဲရှိတယ်။ လူတန်းစားမရွေးဝယ်စားနိုင် တယ်။အဲလောက် ထိပေါတာ။ လူငယ်တွေကိုယ့်အားကိုယ်ကိုး တိုက်ဖျက်မှုမလုပ်ရင် အနာဂတ်က...

ဘုရားဖူးကားတိမ်းမှောက်မှုကြောင့်သေဆုံးသွားသော မူစယ်မြို့ခံ ၅ ဦးအား ယနေ့သဂြိုဟ်မည်

ကချင်ပြည်နယ် အင်းတော်ကြီးအိုင်သို့ တပေါင်းပွဲဘုရားဖူးမှအပြန် ဗန်းမော်နှင့်လွယ်ဂျယ်အကြား မတော်တဆကားတိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားသော သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ဒေသခံ ၅ ဦး၏ရုပ်အလောင်းအား မတ်လ ၉ ရက်နေ့ယနေ့ညနေပိုင်းတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။ မူစယ်မြို့ဒေသခံအမျိုးသမီး ၁၅ ဦးပါ၀င်သည့် “ရွှေလွန်းပျံ” ဇလုံတောင်- အင်းတော်ကြီးဘုရားဖူးယာဉ်တစီး မတ်လ ရ ရက်နေ့က ဗန်းမော်နှင့်လွယ်ဂျယ် ကြား...

ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် ရ အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး

သျှမ်းပြည်နယ် ၊ တောင်ပိုင်း တောင်ကြီးခရိုင် ၊ ညောင်ရွှေမြို့နယ်၏တောင် ဘက် ၊ အင်းလေးကန်၏ အနောက်ဖက်ခြမ်းတွင်တည်ရှိသော လုံကန်ကျေး ရွာအပါအဝင် စံကားဒေသ (၇) အုပ်စုသည် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရထံတောင်းဆိုလာသော် လည်း ယနေ့ထက် ထိမအောင်မြင်နိုင်သေးကြောင်း သိရသည်...

တောင်ကြီးသျှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား သက်ငယ်မုဒိမ်းကိစ္စအထူးဆွေးနွေး

သျှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီက ကျင်းပပြုလုုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ ပြုလုပ်ခဲ့သည်။ "ရည်ရွယ်ချက်က အမျိုးသမီးများ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေးမှာ တက်ကြွစွာ စိတ်ပါဝင်စားလာအောင် အား ကောင်း လာအောင်၊ နောက်တစ်ခုက အမျိုးသမီးကိစ္စတွေ...

ကျိုင်းတုံအကျဉ်းထောင်ရှိ RCSS/SSA ၏ တပ်သား ၂ ဦးပြန်လည်လွှတ်မြောက်

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ အချုပ်ခန်းတွင် ၇ လကြာဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်သား ၂ ဦးပြန်လွှတ်မြောက်ပြီဖြစ်ကြောင်းသိရသည်။ RCSS/SSA ၏ တပ်သားများဖြစ်ကြသော စိုင်းလုံနှင့်စိုင်းဆေလုံ အား ပြီးခဲ့သည့် တနင်္လာနေ့ မတ်လ ၅ ရက်နေ့မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ "မတ်လ ၅ ရက်နေ့ မနက်ပိုင်း...

မူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်သူများအား လားရှိုးကျေးလက်လူငယ်များစုပေါင်းဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဒေသတွင်းလူငယ်ထုနှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများပူးပေါင်းကာ ကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုတခုပြုခဲ့ကြောင်းသိရသည်။ မတ်လ ၆ ရက်နေ့ ည ၉ နာရီက နမ့်ပေါင်ဒေသခံလူငယ်များနှင့်ရပ်မိရပ်ဖများစုပေါင်းကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းရှိသူများအား စောင့်ကြပ်စစ်ဆေးကာ မိုင်းရယ်မြို့မှ စိုင်းဆန်လ ဆိုသူထံမှ ယာဘ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ၄င်းနှင့်ဆက်နွယ်နေသူ နမ့်ပေါင်ရွာသား...

သိန္နီမြို့ရဲစခန်းအနောက်ဘက် သုသာန်ဟောင်းတွင် ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင်ဗုံးတလုံးပေါက်ကွဲပြီးနောက် ရဲများသွားရောက်စစ်ဆေးရှာဖွေရာ မပေါက်ကွဲသေးသည့်ဗုံးတလုံးပါထပ်မံတွေ့ရှိကြောင်းသိရသည်။ မတ်လ ၆ ရက်နေ့က သိန္နီမြို့ ရပ်ကွက် ၂ ရဲစခန်းအနောက်ဘက်ရှိ သုသာန်ဟောင်းတွင် ဗုံးတလုံးပေါက်ကွဲပြီးနောက် ရဲများသွားရောက်ရှာဖွေစစ်ဆေးရာ မပေါက်ကွဲသေးသည့်ဗုံးတလုံးထပ်မံတွေ့ရှိခြင်းဖြစ်သည်။ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက - မှန်ပါတယ်။ လက်လုပ်ဗုံးပါ။ရဲစခန်းအနောက်ဘက်က ပေါက်ကွဲတာ။ လူတော့မထိဘူး။ သုသာန်ဟောင်းထဲပေါက်တယ်ဆိုတော့ လမ်းလည်းမပိတ်ပါဘူး။ လက်သည်လည်းမသိရဘူး။ရဲဘက်ကလည်းဘာမှမထုတ်ပြန်ဘူး။...

တောင်ကြီးမြို့တွင် ကိုးတန်းကျောင်းသူလေးအား ဓါးခုတ်ခဲ့သည့် တရားခံများ ဖမ်းမိ 

တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့်  ပြစ်မှုကျူး လွန်သူများမှာ အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများဖြစ်နေကြောင်း သိရသည် ။ အဆိုပါဓါးခုတ်တရားခံကျောင်းသားလေးများအား မတ်လ ၅ ရက် က တောင်ကြီးမြို့နယ်မြေခံရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် ၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် နဝမတန်းကျောင်းသူ တစ်ဦးအား...

ကျားဖြူပါတီ SNDP ၏ ဗဟိုအကြံပေးပုဂ္ဂိုလ် စဝ်ယွန်းပိုင် ကွယ်လွန်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ ဗဟိုအကြံပေးပုဂ္ဂိုလ် စဝ်ယွန်းပိုင် အသက် ရ၁ နှစ်သည် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ၄င်း၏နေအိမ်၌ မတ်လ ၅ ရက်နေ့ ည ၈ နာရီခွဲက ကွယ်လွန်သွား ခဲ့ခြင်းဖြစ်သည်။ စဝ်ယွန်းပိုင်၏ ကျန်ရှိ ရုပ်အလောင်းကို...

Latest news