Wednesday, January 28, 2026

၀ တပ်ဖွဲ့ဖျက်ဆီးလိုက်သည့် မိုင်းဖုန်းဆရာတော်ကျောင်းဆောင်အားပြန်ဆောက်ရန်တြိဂံတိုင်းမှူး သွားရောက်စစ်သည့်နောက် ပြန်လည်တည်ဆောက်ပေးမည်ဟု ၀တပ်ဖွဲ့ခေါင်းဆောင်ပြော

မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ ခူးဝါးဝန်းစုမ့် ၏ တရားဟောကျောင်း ဆောင်အား တောင်ပိုင်း ၀ တပ်ဖွဲ့ UWSA မှ ဖျက်ဆီးလိုက်သည့်နောက်ပိုင်း တြိဂံတိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်မှ သွားရောက်စစ်ဆေးကာ ကျောင်းဆောင်ပြန်လည်တည်ဆောက်ရန် ကျပ် ၅ သိန်း ကမကထ ပြုလှူဒါန်းသည့်နောက် ပြန်လည်တည်ဆောက်မည်ဟု ၀ တပ်ဖွဲ့ အကြီးအကဲက မြို့နယ်သံဃနာယက ထံ သွားရောက်တောင်းပန်လျှောက်ထားသည်ဟုသိရသည်။

Photo By Mong Tong Youth / မိုင်းတုံမြို့ သံဃာတော်များအား ၀ တပ်ဖွဲ့မှ ၀န်ချတောင်းပန်ကန်တော့နေစဉ်

တောင်ပိုင်းဝ တပ်ဖွဲ့အကြီးအကဲတဦးဖြစ်သော ဦးယန်ကော်ကျုံးဦး ဆောင်သည့် အဖွဲ့သည် မိုင်းဖုန်းဆရာတော်၏ ကျောင်းဆောင်အား ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖျက်ဆီး ခဲ့သည်။ ထိုဖြစ်စဉ်အား ကြားသိသည့် တြိဂံတိုင်းစစ်ဌာချုပ် တိုင်းမှူးက ဒေသ အတွင်း ကွင်းဆင်းစစ်ဆေး ကာ ကျောင်းဆောင်ပြန်လည်တည်ဆောက်ရန် ညွှန်ကြားခဲ့အပြင်၊ ဖျက်ဆီးမိန့်ညွှန်ကြားသည့် ၀ တပ်မှူး အားလည်း ဆင့်ခေါ် တွေ့ဆုံသည်။

“မိုင်းတုံမြို့အတွင်း ဆရာတော်တပါးက – ဒီဇင်ဘာလ ၁၃ ရက် မနေ့က မနက်ပိုင်းက မြို့နယ်သံဃာတော်တွေ၊ ဂေါပကတွေ၊ ရပ်မိရပ်ဖတွေနဲ့ UWSA ကအကြီးအကဲတွေတွေ့ဆုံကြတယ်။ ဆွေးနွေးကြတယ်။ ပြီးတော့ ၀ ဘက်ကအကြီးအကဲက တောင်းပန် ကြောင်း ပြောပြီး သံဃာတော်တွေကိုဆွမ်းကပ်တယ်။ ဒီနေ့တော့ မိုင်းဖုန်းဆရာတော် ကျောင်းဆောင်ဆောက်မယ့်နေရာမှာမြေတွေကိုသွားပြီး မျက်နှာပြင်ညှိပေးနေတယ်။ ပြီးတော့ ကျောင်းဆောင်ဆောက်ပြီးသည်အထိ ပါ၀င်ကူညီ လုပ်ဆောင်သွားမယ်လို့ပြောတယ် ”- ဟု မိန့်တော်မူသည်။

Photo By Mong Tong Youth / ကျောင်းဆောင်နှင့်စေတီတော်တည်ဆောက်ရန် ၀ တပ်ဖွဲ့တပ်သားများ မြေနေရာရှင်းလင်းနေစဉ်

မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တောင်ဘက်တည့်တည့် ရှိ မိုင်းဟန်အုပ်စုအတွင်းတွင်တည်ရှိပြီး အဆိုပါမြေ နေရာသည် ယခင်က ၀ တပ်ဖွဲ့မိသားစုဝင်များ၏ ပြောင်းခြံများ ဖြစ်ခဲ့သော်လည်း ယမန်နှစ်က မိုင်းဖုန်းဆရာတော်မှ အလှူခံသဖြင့် ၀ တပ်ဖွဲ့အကြီးအကဲကိုယ်တိုင်အဆိုပါနေရာပါ၀င်သော မြေဧက ၅၀ ကျော်အား မိုင်းဖုန်းဆရာတော်ထံ ရေစက်သွန်းချ လှူဒါန်းပေးခဲဲ့့ပြီးဖြစ်ကြောင်း မြို့နယ်သံဃာတော်များက မိန့်တော်မူပါသည်။


Photo By Mong Tong Youth / ၀ တပ်ဖွဲ့အကြီးအကဲများနှင့် မိုင်းတုံဒေသခံ ရပ်မိရပ်ဖ များ သံဃာတော်များ တွေ့ဆုံနေကြစဉ်

“သူတို့လာဖျက်ရတဲ့အကြောင်းရင်းကတော့ နားလည်မှုလွဲသွားတာကြောင့်ဖြစ်တာလို့ပြောပါတယ်။ အစ က တရားဟောကျောင်းဆောင်ဘဲဆောက်ခွင့်ပေးထားတယ် ၊ တခြားဟာမပါဘူး လို့ပြောလာတယ်။ ဒါမယ့် ဖျက် ဆီးတယ် ဆိုတဲ့သတင်းတွေလည်းတက်လာရော သူတို့လူကြီးတွေက ဒါပြန်လုပ်ပေးသင့်တယ်လို့ ဆင့်လာလို့ အခု ကျောင်းပြန်ဆောက်ဖို့ မြေပြန်ညှိပေးနေကြတယ် ။ စေတီတော်ကိုလည်း ပြန်တည် ဆောက်ပေးမယ်လို့ပြောတယ် ”- ဟု လည်း ဆရာတော်က ဆက်လက်မိန့်တော်မူသည်။

အဆိုပါနေရာတွင် ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ်တပါးဖြစ်သော ဗြနရာဇ်မင်း (ဖရနရေးဆွန်) ၏ အုဋ်ဂူတည်ရှိသောနေရာအနီးတွင်တည်ရှိပြီး စေတီတော်မှာလည်း အဆိုပါအုဋ်ဂူအနီးတွင် ပင်တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မီးပျက်ချိန်များသည့် မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီတားမြစ်

0
သျှမ်းပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျမီးပေးရသည်ထိ လျှပ်စစ်မီးပျက်နေသော်လည်း မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ မေလဆန်းပိုင်းမှစ၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ထင်းရှူးဆီရှာခြင်း၊ ထင်းရှူးဆီ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း မပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ “အခုထင်းရှူးဆီသွားဝယ်ရင် ခိုးဝယ်ရတာ၊ ဝယ်ပြီးရင်လည်း...

မိုင်းဖုန်းဆရာတော်မှ ငလျင်ဘေးသင့် မြန်မာပြည်အလယ်ပိုင်းကို ကြွရောက်ပြီး ကူညီလှူဒါန်းနေ

0
မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေရာဒေသများသို့ မိုင်းဖုန်းဆရာတော်ကိုယ်တိုင် ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်မှ စတင်၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် တာချီလိတ်မြို့နယ် မိုင်းဖုန်းမှ တောင်ကြီးသို့ ကြွရောက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် အင်းလေး၊ စစ်ကိုင်း၊...

မိုင်းဖုန်းဆရာတော်မွေးနေ့မင်္ဂလာပွဲတော်ကို  သွားရောက် ဖူးမျှော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတား ဖြတ်ခွင့်မရ

0
မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မရကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့ မင်္ဂလာပွဲ တော်ကို ဇန်နဝါရီလ ၁ရက်မှ ၅ ရက်နေ့အထိ ကျင့်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာ ပွဲတော်သို့ သွားရောက်  ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့သည် သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရကြကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သျှမ်းမြောက် က အချို့လူမျိုးကို ပေးမဖြတ်တာပေါ့။တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေကနေလာရင် သူတို့က စစ်ရေးဆေးဂိတ်မှာပေးမဖြတ်ဘူး။ မှတ်ပုံတင်ကြည့်ပြီးတော့ လူမျိုးကို စစ်ဆေးတာ။ သိန္နီကနေလာတဲ့ လူတွေအချို့ကလည်း မဖြတ်ရဘူး ပြန်လှည့်ရတာရှိတယ်။”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ တွင် တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ ကား ၆စီး ပြန်လှည့်ရကြောင်း၊ များသောအားဖြင့် ထိုပြန်လှည့်ခံရသည့် ကားသည် တအာင်း (ပလောင်)လူမျိုးများ၏ ကားများဖြစ်ကြောင်း လည်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားက ပြောပြသည်။  “လူမျိုးတွေကြည့်ပြီးတော့ စစ်တာထင်တာ။မနေ့ကတော့ ကားတွေ ၆ စီးလောက် ပြန်လှည့် ပြန်ကြရတာ။တာအင်း ပလောင်လူမျိုးတွေက ပွဲသွားရင်သူတို့က သူတို့ဝတ်စုံ ဝတ်ပြီးတော့ သွားကြတာလေ။ တချို့ကျတော့လည်း ကျိုင်းတုံထဲမှာ ထောင်ခံစာ တစ်ဆင့်ယူရသေးတယ်လို့ပြောတယ်။”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။ သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။ ယခုနှစ် ၂၀၂၅ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော် မွေးနေ့မင်္ဂလာပွဲ လာရောက်ကြမည့် ပြည်သူများကို ထောက်ခံစာယူလာရန် သတိပေး

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော်...

မိုင်းဖုန်းဆရာ‌တော်တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များ ဖျက်ဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များကို အမည်မသိ လူတစ်စုက ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်အတွင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု နယ်မြေ (က) ရှိ မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီရှိ ထီးတော်များကို အမည်မသိ လူတစ်စုက...