သျှမ်းစာပါတဲ့မြို့အဝင် အထွက်ဆိုင်းဘုတ် ကျိုင်းတုံတွင်စိုက်ထူ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ၂၁၁၃ ခု သျှမ်းနှစ်သစ် တရက်နေ့တုန်းက သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။

Photo by Keng Tung Youth- သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်

ကျိုင်းတုံမြို့မှကြိုဆိုပါ၏ ဆိုတဲ့ တိုင်းလုံ စာ ၊ တိုင်းခင် စာတွေနဲ့ရေးသားထားတဲ့ ဆိုင်းဘုတ်ကို တာချီလိတ်ဘက်ကလာတဲ့ ကျိုင်းတုံမြို့အဝင်မှာ စိုက်ထူထားပြီး ဒီဇင်ဘာလ ၈ ရက်နေ့ သျှမ်းသက္ကရာဇ် ၂၁၁၃ ခု နှစ်ဆန်းတရက်နေ့တုန်းက ဖွင့်ပွဲလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဖွင့်ပွဲကို ဒေသခံလူထု၊ ကျိုင်းတုံမြို့တွင်းတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တက္ကသိုလ်ကျောင်းသားလူငယ်များ၊ အမျိုးသားကျောင်းမှကျောင်းသား၊ ဆရာများအဖွဲ့နဲ့၊ နိုင်ငံရေးပါတီတွေစုပေါင်းတက်ရောက်ခဲ့ကြပါတယ်။

ကျိုင်းတုံမြို့တွင်းတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လက်ထောက်အတွင်းရေးမှူး စိုင်းဆမ်တစ်ဆေ က-” မနက်ပိုင်းမှာကျနော်တို့ ဆိုင်းဘုတ်ဖွင့်ပြီးမှ မိန်းလီပိန်းစိုင် ဘုန်းကြီးကျောင်းပြန်သွားပြီး ကောက်သစ်လှူကြပါတယ်။ အဲ့နေ့ညနေပိုင်းမှာ ကောင်းမူးခမ်းကျောင်းတိုက်မှာ သျှမ်းသမိုင်းနဲ့ပတ်သက်တဲ့ စာပေဟောပြောပွဲကျင်းပပါတယ်။ ” – လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

ကျိုင်းတုံမြို့အဝင်အထွက်လမ်းမှာ အခုလို သျှမ်းစာပါတဲ့ ဆိုင်းဘုတ်တွေကို ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ- တောင်ကြီးလမ်း၊ ကျိုင်းတုံ-မိုင်းခတ် လမ်း၊ ကျိုင်းတုံ- မိုင်းလား လမ်း၊ ကျိုင်းတုံ-လွယ်မွေ လမ်း တွေမှာ သွားရောက်စိုက်ထူထားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အခုက ကျိုင်းတုံ-တာချီလိတ်လမ်း တနေရာဘဲ စိုက်ရသေးတယ်။ နောက်ထပ် ကျိုင်းတုံ-တောင်ကြီးအထွက်သွားလမ်းမှာသွားစိုက်ဖို့ စီစဉ်နေပါတယ်။ ဆိုင်းဘုတ်တခုကို ကျပ်သိန်း ၅၀ လောက်ကုန်မယ်လို့ ခန့်မှန်းထားတယ်။ အခုတောင်မှ ဒီတခုတည်းက ကျပ်သိန်း ရ၀ လောက်ကုန်နေပြီ- လို့ စိုင်းဆာမ်တစ်ဆေ ကပြောပါတယ်။

ဒီဆိုင်းဘုတ်ကို စက်တင်ဘာလကတည်းက စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

သျှမ်းပြည်နယ်အတွင်းရှိ မြို့ဝင်/ထွက် များရဲ့ ဆိုင်းဘုတ်တွေကို အများသုံး၊ ရုံးသုံးဖြစ်တဲ့ မြန်မာဘာသာ အပြင် သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးတို့ရဲ့ ဘာသာစာပေတွေ ထည့်သွင်းရေးသား လိုက လွတ်လပ်စွာ ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီးက ၂၀၁၆ ဂျွန်လက စာထုတ်ပြန်ထားဖူးပါတယ်။ အဲဒီအချိန်ကစပြီး တောင်ကြီးမြို့အပါအဝင် မြို့နယ်အများအပြားမှာ တိုင်းရင်းသားဘာသာစာပေတွေနဲ့ ရေးသားထားတဲ့ မြို့အဝင်အထွက် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...