နမ့်လန်မြို့အဝင်အထွက်ဆိုင်းဘုတ်ဖွင့်လှစ်
၇၂ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ မြို့အဝင်အထွက် ဆိုင်းဘုတ်အား ဖွင့်လှစ်ခြင်းအခမ်းအနားပြု လုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဖွင့်ပွဲသို့ ဆိုင်းဘုတ်အားတာဝန်ယူဆောက်လုပ်ပေးသည့် ကုမ္မဏီ၊ မြို့နယ်စည်ပင်သာယာ ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့မိမြို့ဖများ ဒေသခံများနှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ သံဃာတော်များ တက်ရောက်ခဲ့ကြသည်။ ဆိုင်းဘုတ်ထောင်ရေးတွင်ပါဝင်ဦးဆောင်ခဲ့သူ စိုင်းဆာမ်လျန်းက -...
နမ္မတူမြစ်ပေါ်ရေအားလျှပ်စစ်စီမံကိန်းတွင်ပါ၀င်သည့်ပြင်သစ်ကုမ္မဏီ စီမံကိန်းမှနှုတ်ထွက်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းတွင် ပါ၀င်နေသည့် ပြင်သစ်ကုမ္မဏီ က စီမံကိန်းမှနှုတ်ထွက်လိုက်ကြောင်းသိရသည်။ ပြင်သစ်ကုမ္မဏီတခုဖြစ်သော France’s Joint Venture IPGRB ကုမ္မဏီက ဇန်နဝါရီလ ၂၉ ရက်နေ့က စီမံကိန်းမှ နှုတ်ထွက်ကြောင်းကြေငြာလိုက်ပြီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ် သက်တော့မည်မဟုတ်ကြောင်း၊ထို့အတွက် မိမိကုမ္မဏီနာမည်အား...
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော်ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော် ရဟတ်ယာဉ် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟုသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက် ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ခန့် တွင် သျှမ်းပြည် မိုင်းတုံမြို့မှ မိုင်းဆတ်မြို့သို့ ရဟတ်ယာဉ် ထွက်ခွာလာစဉ် ၃...
မိုးညှင်းဒေသခံများ သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ
ဖေဖော်ဝါရီ ရ ရက်နေ့ တွင် ကျရောက်မည့် (၇၂) နှစ်ပြည့် “ သျှမ်းပြည်အမျိုးသားနေ့” ကို ကချင်ပြည်နယ် မိုးညှင်းမြို့ဒေသခံများက ပထမဆုံးအကြိမ် အခမ်းအနားကျင်းပသွားမည် ဟု သိရသည်။ သျှမ်းပြည်အမျိုးသားနေ့ ကို ဖေဖော်ဝါရီ ၅ ရက်မှ ရ ရက်နေ့ထိ ၃ ရက်တိုင်တိုင်...
ဒေသထွက် သဘာဝ မျိုးစေ့ပပျောက်သွားမည်ကို သျှမ်းတောင်သူများ စိုးရိမ်
သျှမ်းပြည် အတွင်းနေထိုင်သည့် လူမျိုးစုများ၏ လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုသည့် ဒေသ မျိုးစေ့များ ပျောက်သွားကွယ် သွားမည် ကို စိုးရိမ် နေကြသည် ဟု သျှမ်းပြည် တောင်သူများက ပြောဆိုလိုက်သည်။ သျှမ်းပြည်နယ် တောင်ကြီး စာပေ နှင့် ယဉ်ကျေးမှုခန်းမတွင် ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅...
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ထောက်ခံမဲအနိုင်ရ
ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဆဌမနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် မဲခွဲဆုံးဖြတ် ရာထောက်ခံမဲ ၄၁၄ မဲဖြင့်အနိုင်ရရှိခဲ့သည်။ လွှတ်တော်အစည်းအဝေးစတင်ပြီးမကြာခင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၁ ဦးရှိရာ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆...
သျှမ်းပြည်အရှေ့ပိုင်းဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်ကွင်းဆင်း တွေ့ဆုံ
နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လူထု တွေ့ဆုံပွဲတွင် ဒေသခံများက အခက်အခဲ လိုအပ်ချက်များကို တင်ပြကြပြီး၊ တိုက်ရိုက်...
တဘက်သတ်အပစ်ရပ်ကာလ အစိုးရတပ် စခန်းသစ်တိုးချဲ့မှုများရှိနေဟုတိုင်းရင်းသားတပ်များပြော
SHAN -
ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ ၄ လတာ အပစ်ရပ်ထားမည်ဟု အစိုးရတပ်မတော် သတင်းထုတ်ပြန်ထား သည့် နောက်ပိုင်း သျှမ်းပြည် နဲ့ ကရင်နီပြည် အတွင်း တပ်စခန်းအသစ်တိုးချဲ့ချထားမှုများ ပြုလုပ်နေ သည်ဟု တိုင်းရင်းသားတပ်များကပြောသည်။ သျှမ်းပြည်၊ ကယားပြည် ခေါ် ကရင်နီပြည် နှင့် ကချင်ပြည်နယ် အတွင်း...
မိုင်းဆတ်ခရိုင်အတွင်း ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ကို မြန်မာအာဏာပိုင်ဖမ်းဆီး
သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း တရားမဝင်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား ၈၁ ဦး နှင့်အတူ သျှမ်းအမျိုးသား ၂ ဦးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့ကြောင်းသိ ရသည်။ ထိုင်းနိုင်ငံ ချင်းမိုင်နယူးစ် သတင်းဌာနက - မိုင်းဆတ်မြို့နယ် နားယောင်းရွာက ရီဆော့တနေရာမှာ မြန်မာရဲ တွေ ၀င်ရောက်စစ်ဆေးတဲ့အခါမှာ...
ချင်းမိုင် တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက် စစ်ဆေး မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ ချင်းမိုင်မြို့ ခမ်းထိန့်စျေး တွင် နေ့စဉ် အလုပ်ခေါ်ရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းအလုပ်သမား များကို ထိုင်းရဲတပ်ဖွဲ့၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ကျန်းမာရေး ဌာန တို့...






