Wednesday, January 28, 2026

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ထောက်ခံမဲအနိုင်ရ

ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဆဌမနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် မဲခွဲဆုံးဖြတ် ရာထောက်ခံမဲ ၄၁၄ မဲဖြင့်အနိုင်ရရှိခဲ့သည်။

Photo Credit to Pyidaungsu Hluttaw / ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ဦးအောင်ကြည်၏ အရေးကြီးအဆိုအားလွှတ်တော်က အတည်ပြုကြောင်းပြည်ထောင်စု လွှတ်တော် နာယကကြီးက ကြေငြာနေစဉ်

လွှတ်တော်အစည်းအဝေးစတင်ပြီးမကြာခင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၁ ဦးရှိရာ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲစုစုပေါင်း ဆန္ဒမဲ ၆၁၁ မဲပေးခဲ့ကြသဖြင့် ပြည်ထောင်စု လွှတ်တော် နာယကကြီးက – ထောက်ခံဆန္ဒမဲများသဖြင့် ဦးအောင်ကြည်၏ အရေးကြီးအဆိုအားလွှတ်တော်က အတည်ပြုကြောင်း- ကြေငြာခဲ့ သည်။

Photo from Pyidaungsu Hluttaw

ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှကိုယ်စားလှယ်ဦးရေ တူညီမျှတစွာ သင့်လျော်သောအရေအတွက်ဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အား ဥက္ကဌအဖြစ်တာဝန်ပေး သွားမည်ဖြစ်ကြောင်း လွှတ်တော်နာယကက ကြေငြာသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က – တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့ သင့်တော်တဲ့ လွှတ်တော်ကိုယ် စားလှယ်တွေပါဝင်တဲ့ ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့ – အရေးကြီးအဆို ကို ဇန်နဝါရီလ ၂၉ ရက်နေ့က တင်သွင်းရာ လွှတ်ကိုယ်စားလှယ်များက ထောက်ခံအဆိုများတင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၇ ရှိသည့်အနက် ယနေ့အစည်းအဝေးတွင် ၃၅ ဦး ခွင့်ယူခဲ့ရာ လွှတ်တော်တက်ရောက်သူ စုစုပေါင်း ၆၂၁ ဦးရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖက်ဒရယ်အနှစ်သာရ မရှိတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး

0
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင်တွေ တဦးပြီး တဦး နုတ်ထွက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ယခုလ အတွင်းမှာ အဖွဲ့ဝင် ၃ ဦး နုတ်ထွက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ကို ယုံကြည်မှု...

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာ အပေါ် တပ်မတော်သား ကိုယ်စားလှယ်များ အမည်စာရင်း ပြန်ရုပ်သိမ်း

0
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာ အပေါ် တပ်မတော်သားကိုယ်စားလှယ်များ ဆွေးနွေးမည့် အမည်စာရင်း ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာ ဆွေးနွေးရန် တင်သွင်းထားသော တပ်မတော်သား ကိုယ်စားလှယ် (၇၈) ဦး ၏အမည်စာရင်း များအား ဒုတိယ အကြိမ် ပြည်ထောင်စု...