Wednesday, January 28, 2026

တဘက်သတ်အပစ်ရပ်ကာလ အစိုးရတပ် စခန်းသစ်တိုးချဲ့မှုများရှိနေဟုတိုင်းရင်းသားတပ်များပြော  

ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ ၄ လတာ အပစ်ရပ်ထားမည်ဟု အစိုးရတပ်မတော် သတင်းထုတ်ပြန်ထား သည့် နောက်ပိုင်း သျှမ်းပြည် နဲ့ ကရင်နီပြည် အတွင်း တပ်စခန်းအသစ်တိုးချဲ့ချထားမှုများ ပြုလုပ်နေ သည်ဟု တိုင်းရင်းသားတပ်များကပြောသည်။

Photo Credit to KNG/ သျှမ်းပြည်မြောက်ပိုင်းသို့ တက်သွားသည့် စစ်ကားကြီးများ

သျှမ်းပြည်၊ ကယားပြည် ခေါ် ကရင်နီပြည် နှင့် ကချင်ပြည်နယ် အတွင်း တွင်းရှိ စစ်တိုင်းကြီး ၅ ခု – ဖြစ်သည့် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ကယားပြည်နယ်ပူးတွဲ) ၊ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမည်ဟု တပ်မတော် ထုတ်ပြန်ပြီး ၂ လမပြည့်မီ တပ်စခန်းအသစ် တိုးချဲ့လာခြင်းဖြစ်သည်ဟု တိုင်းရင်းသားတော်လှန်ရေးတပ်များက ပြောသည်။

“ ဒီတလ နှစ်လ အတွင်းမှာဘဲ – ကျနော်တို့သတင်းရထားတာက လွိုင်လင် – ပင်လုံဘက် ဆို စနင်းတော င် ကြောမှာ၊ မိုင်းပန်မြို့နယ်ဆို လွိုင်ပန်ပိ တောင်ကြောမှာ၊ နောက် မိုင်းပျင်းမြို့နယ်ထဲမှာ ၊ မော်ဖမြို့နယ် သံလွင်မြစ်ကူးတို့ဆိပ်တွေမှာ တပ်စခန်းသစ် တိုးချထားတာတွေ ရှိတယ် “ – ဟု ဒေသ အတွင်းလှုပ်ရှားသည့် RCSS/SSA တပ်မှူး တဦးကပြောသည်။
ထို့အတူ ကရင်နီပြည် (ကယားပြည်နယ်)ဘက်တွင်လည်း အရှေ့ပိုင်းတိုင်းလက်အောက်ခံ တပ်များ က မော်ချီးမြို့နယ်၊ ရှားတော၊ ဒီမော့ဆို၊ ဖားဆောင်၊ ဘော်လခဲ စသည့်မြို့နယ်အတွင်းလည်း စခန်းသစ်များ တိုးချဲ့ချထားမှုများရှိနေသည်ဟု လွိုင်ကော်အခြေစိုက် ကန္တရဝတီ သတင်းဌာန က ရေးသားထုတ်ပြ န်ထားသည်။

PSLF/TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည့် စာစောင်တွင်လည်း သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိအခြေချ လှုပ်ရှားနေသည့် တပ်မ ၁၁ ၊ ၆၆၊ ၈၈၊ ၉၉ တို့လည်း ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ် နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တပ်စခန်းသစ် ၁၂ ခု တိုးချဲ့ချထားသည်ဟု ရေးသားထုတ်ပြန်ထားသည်။

အစိုးရတပ်မတော် ထုတ်ပြန်ကြေငြာချက်အတွင် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့ မှ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ အထိ အပစ်ရပ်ထားစဉ်ကာလအတွင်း အဖွဲ့အလိုက် အပစ်ရပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင် သည့်စစ်တိုင်းရုံးလက်အောက်ခံတပ်များ အနေဖြင့်လည်း စစ်ရေးလှုပ်ရှားမှု ရပ်နားပေးထားမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်လည်း အင်အား သုံးတိုက်ခိုက်ခြင်း၊ တပ်အင်အားတိုးချဲ့လှုပ်ရှားခြင်းများ မပြုလုပ်ရန်သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NLD အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့ တပ်မတော်ဖမ်းဆီး – ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ တင်ထား

0
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသော နိုင်ငံတော် အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တချို့ကို ဖမ်းဆီးလိုက်လိုက် ပြီး ဒုတိယ သမ္မတ ၁ ...

ကိုယ်လိုချင်တဲ့ လူကိုပဲခေါ် ရင် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အမည်ခံသက်သက်ပဲ

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့, ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး...

သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ၁၇၀၀ ကျော်ကို သျှမ်းပြည်အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းမှုတရပ်ပြုလုပ်ခဲ့သည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်နေ့က စပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသည့်ကျောက်မဲဒေသခံလူထု ၄၀၀၀ ကျော်ရှိကြောင်း...

မဲစာရင်း မှားယွင်းမှု ပြင်ဆင်ဖို့ အစိုးရပေးတဲ့ရက်တိုး တိုတောင်းနေ

0
မဲဆန္ဒရှင်နာမည်မှားယွင်းတဲ့ ပြဿနာ ဟာ များပြားနေပြီး၊ မဲပေးတဲ့ အခွင့်အလမ်း ဆုံးရှုံးမှာ ကိုစိုးရိမ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မဲစာရင်း ကြေညာမှုကို ထပ်မံ ရက်တိုးပေးလိုက်ပါတယ်။ ပထမအကြိမ်အနေဖြင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲပေးခွင့်ရှိသူ စာရင်းကို ဇူလိုင် ၂၅ရက်မှ သြဂုတ် ၇ ရက်ထိ...

၂၀၂၀ တပ်မတော်နေ့အလွန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်ဆွေးနွေးပြင်ဆင်

0
တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြည်လျှော့ကာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပနိုင်ရန် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးကြသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့...