Tuesday, January 27, 2026

NLD အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့ တပ်မတော်ဖမ်းဆီး – ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ တင်ထား

လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသော နိုင်ငံတော် အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တချို့ကို ဖမ်းဆီးလိုက်လိုက် ပြီး ဒုတိယ သမ္မတ ၁ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ အဖြစ်တင်မြောက်ထားသည်။

Photo Credit to Time Ayeyar – ဒုတိယ သမ္မတ ၁ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယကလည်းဖြစ်၊ ဉပဒေ ကျွမ်းကျင်ပညာရှင်လဲဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဉက္ကာက –  “အခုပုံစံက တည်ဆဲဖွဲ့စည်းပုံကိုလည်း ဆက်သုံးနေမယ်။ လွှတ်တော်ကိုလည်း တပိုင်းတစ စိတ်ကြိုက်ပြန် ဖွင့်မယ်။ အစိုးရကိုလဲ အားလုံးမဖမ်းဘဲ နဲ့ ကိုယ်ကြိုက်တဲ့လူကိုကြား ဖြတ်အစိုးရလိုမျိုး  ကြားဖြတ်သမ္မတ လိုမျိုး ပြန်လုပ်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်တယ်လို့ပြော လို့ရတာပေါ့ဗျာ။ အာဏာသိမ်း တာထက်စာရင်အစိုးရ အုပ်ချုပ်ရေးပိုင်းကို ပြုပြင်ပြောင်းလဲရေး လုပ်တယ် လို့ ပြောလို့ရတယ်ပေါ့” –ဟု ပြောသည်။

အာဏာကို ပီပီပြင်ပြင်သိမ်းမည်ဆိုပါက တည်ဆဲအစိုးရ အဖွဲ့ဝင်များအားလုံး ဖမ်းဆီးထိန်းသိမ်းရ မည်ဖြစ်ကြောင်း၊ တည်ဆဲလွှတ်တော် ဉပဒေအားလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ထို့အပြင် တည်ဆဲဉပေဒ ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဉက္ကာ က ပြောသည်။

လက်ရှိအနေအထားအရ နိုင်ငံတော်၏ တည်ဆဲ ဉပဒေ ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအား မဖျက်သိမ်းဘဲ ရွေးကောက်တင်မြောက်ခံ သမ္မတကိုဖမ်းဆီး ဖြုတ်သိမ်းပြီး တပ်မတော် စိတ်ကြိုက် ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေအား ယာယီသမ္မတအဖြစ် တင်မြောက်ထားခြင်းဖြစ်သည်။

ဖမ်းခံရသူများစာရင်းတချို့  အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။ အပ်ဒိတ် စာရင်း ဆက်လက် ဖေါ်ပြပါမည်။

1. ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်)

2. ဦးဝင်းမြင့် (သမ္မတ)

3. ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)

4. ဒေါက်တာ. ဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)

5. ဒေါက်တာ. အောင်မိုးညို (မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်)

6. ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)

7. ။ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)

8. ဒေါက်တာ. အေးဇံ (မွန်ပြည်နယ်ဝန်ကြီးချုပ်)

9. ။ ဦးမော် (ကယားပြည်နယ် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)

10. ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)

11. ဦးဉာဏ်ဝင်း (ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးကိုယ်တာရှေ့နေ)

12. ဒေါက်တာ. တင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည် ၏ ပုဂ္ဂိုလ်ရေး ရူပဗေဒပညာရှင်)

13. ။ ဦးဟန်သာမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ NLD)

14. ဦးညွန့်ဝေ (NLD ပါတီ ဥက္ကဋ္ဌ ၊ ရွှေတောင်)

15. ဒေါ်ခင်စောဝေ (လွှတ်တော်အမတ်)

16. ဒေါက်တာ. မျိုးအောင် (လွှတ်တော်အမတ်)

17. ဦးသောင်းဌေး (ကယား)

18. ။ ဦးစိုင်းယု (ကယား)

19. မင်းထင်ကိုကိုကြီး (ရုပ်ရှင်ရိုက်ကူးသူ)

20. မင်းသွေးသစ် (ကျောင်းသားခေါင်းဆောင်)

21. ဦးကိုကိုကြီး (ပြည်သူ့ပါတီခေါင်းဆောင်)

22. ။ ဦးမင်းကိုနိုင် (88 မျိုးဆက် ကျောင်းသားများ)

23. ။ ဦးမြအေး (88 မျိုးဆက် ကျောင်းသားများ)

24. မောင်သာချို (စာရေးဆရာ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

ကျားဖြန့်ခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်ဝရမ်းထုတ်ပြီးနောက် စစ်တပ်က ကျားဖြန့်တိုက်ဖျက်ရေးကော်မတီဖွဲ့

0
မြန်မာပြည်မြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီတွင် အဖွဲ့ဝင်...

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

0
အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။ အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။ အလားတူ...

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...