NLD အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့ တပ်မတော်ဖမ်းဆီး – ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ တင်ထား

လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသော နိုင်ငံတော် အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တချို့ကို ဖမ်းဆီးလိုက်လိုက် ပြီး ဒုတိယ သမ္မတ ၁ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ အဖြစ်တင်မြောက်ထားသည်။

Photo Credit to Time Ayeyar – ဒုတိယ သမ္မတ ၁ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယကလည်းဖြစ်၊ ဉပဒေ ကျွမ်းကျင်ပညာရှင်လဲဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဉက္ကာက –  “အခုပုံစံက တည်ဆဲဖွဲ့စည်းပုံကိုလည်း ဆက်သုံးနေမယ်။ လွှတ်တော်ကိုလည်း တပိုင်းတစ စိတ်ကြိုက်ပြန် ဖွင့်မယ်။ အစိုးရကိုလဲ အားလုံးမဖမ်းဘဲ နဲ့ ကိုယ်ကြိုက်တဲ့လူကိုကြား ဖြတ်အစိုးရလိုမျိုး  ကြားဖြတ်သမ္မတ လိုမျိုး ပြန်လုပ်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်တယ်လို့ပြော လို့ရတာပေါ့ဗျာ။ အာဏာသိမ်း တာထက်စာရင်အစိုးရ အုပ်ချုပ်ရေးပိုင်းကို ပြုပြင်ပြောင်းလဲရေး လုပ်တယ် လို့ ပြောလို့ရတယ်ပေါ့” –ဟု ပြောသည်။

အာဏာကို ပီပီပြင်ပြင်သိမ်းမည်ဆိုပါက တည်ဆဲအစိုးရ အဖွဲ့ဝင်များအားလုံး ဖမ်းဆီးထိန်းသိမ်းရ မည်ဖြစ်ကြောင်း၊ တည်ဆဲလွှတ်တော် ဉပဒေအားလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ထို့အပြင် တည်ဆဲဉပေဒ ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဉက္ကာ က ပြောသည်။

လက်ရှိအနေအထားအရ နိုင်ငံတော်၏ တည်ဆဲ ဉပဒေ ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအား မဖျက်သိမ်းဘဲ ရွေးကောက်တင်မြောက်ခံ သမ္မတကိုဖမ်းဆီး ဖြုတ်သိမ်းပြီး တပ်မတော် စိတ်ကြိုက် ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေအား ယာယီသမ္မတအဖြစ် တင်မြောက်ထားခြင်းဖြစ်သည်။

ဖမ်းခံရသူများစာရင်းတချို့  အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။ အပ်ဒိတ် စာရင်း ဆက်လက် ဖေါ်ပြပါမည်။

1. ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်)

2. ဦးဝင်းမြင့် (သမ္မတ)

3. ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)

4. ဒေါက်တာ. ဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)

5. ဒေါက်တာ. အောင်မိုးညို (မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်)

6. ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)

7. ။ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)

8. ဒေါက်တာ. အေးဇံ (မွန်ပြည်နယ်ဝန်ကြီးချုပ်)

9. ။ ဦးမော် (ကယားပြည်နယ် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)

10. ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)

11. ဦးဉာဏ်ဝင်း (ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးကိုယ်တာရှေ့နေ)

12. ဒေါက်တာ. တင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည် ၏ ပုဂ္ဂိုလ်ရေး ရူပဗေဒပညာရှင်)

13. ။ ဦးဟန်သာမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ NLD)

14. ဦးညွန့်ဝေ (NLD ပါတီ ဥက္ကဋ္ဌ ၊ ရွှေတောင်)

15. ဒေါ်ခင်စောဝေ (လွှတ်တော်အမတ်)

16. ဒေါက်တာ. မျိုးအောင် (လွှတ်တော်အမတ်)

17. ဦးသောင်းဌေး (ကယား)

18. ။ ဦးစိုင်းယု (ကယား)

19. မင်းထင်ကိုကိုကြီး (ရုပ်ရှင်ရိုက်ကူးသူ)

20. မင်းသွေးသစ် (ကျောင်းသားခေါင်းဆောင်)

21. ဦးကိုကိုကြီး (ပြည်သူ့ပါတီခေါင်းဆောင်)

22. ။ ဦးမင်းကိုနိုင် (88 မျိုးဆက် ကျောင်းသားများ)

23. ။ ဦးမြအေး (88 မျိုးဆက် ကျောင်းသားများ)

24. မောင်သာချို (စာရေးဆရာ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...