Tuesday, January 27, 2026

ကိုယ်လိုချင်တဲ့ လူကိုပဲခေါ် ရင် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အမည်ခံသက်သက်ပဲ

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့, ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည်ပြုခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြမည်ဖြစ် သည်။ ထို့ကြောင့် ၂၀၁၅ မှ ၂၀၂၀ ကာလအထိ ဆောင်ရွက်ခဲ့သော သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာနည်းချက်၊ အားသာချက်များနှင့် လာမည့် ပြည်နယ်အစိုးရအဖွဲ့တွင် မည်သို့သောပုဂ္ဂိုလ်မျိုး ပါဝင်သင့်သလဲဆိုသည်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မျိုးဆက်သစ်ရှမ်းပြည် ဦးညီမိုးအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး – မကြာခင် သျှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်ဖွဲ့စည်းတော့မယ်ဆိုတော့ သျှမ်းပြည်နယ်အရေးအတွက် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ပါဝင်သင့်တယ်လို့ထင်လဲ။

ဦးညီမိုး – သျှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စအရပ်ရပ် အတွက် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စီမံခန့်ခွဲနိုင် တဲ့ အစိုးရအဖွဲ့မျိုးဖြစ်စေချင်တယ် ။ အဲ့ဒီလို လုပ်ဆောင်နိုင်မယ့် ဝန်ကြီးတွေပါဝင်စေချင်တယ်။ ရှမ်းပြည်နယ်မှာ ဆိုရင် စစ်ရေးပဋိပက္ခတွေရှိတယ်။ ဒါကြောင့် စစ်ရေးပဋိပက္ခတွေကို အတိုင်း အတာ တစ်ခု အထိကိုင်တွယ်ဖြေ ရှင်းပေးနိုင်တဲ့ သူမျိုးကိုလိုလားတယ်။ ဖွံ့ဖြိုးရေးပိုင်း နဲ့ပတ်သက်ရင် အများကြီးလိုအပ်ချက်တွေရှိနေသေးတယ်။ တကယ်ပဲရှမ်းပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေမှာလည်း ထိထိရောက်ရောက်ကိုင်တွယ် ဆောင်ရွက်နိုင်တဲ့ ဝန်ကြီးမျိုးတွေများများ ပါဝင်စေချင်တယ် ။

မေး – NLD အစိုးရအနေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲကို အနိုင်ရတိုင်းရင်းသားပါတီတွေကို နေရာပေးနိုင်မလား။ ဘယ်လို သုံးသပ်မိပါသလဲ။

ဦးညီမိုး – ကြားထားတာက သူတို့ကတော့ အမျိုးသားညီညွှတ်ရေး အစိုးရဖွဲ့စည်း တည်ဆောင်မယ်ပေါ့။ တစ်ခုရှိတာက ၂၀၂၀မှာ အနိုင်ရလာတဲ့ တိုင်းရင်းသား ပါတီတွေကို သူတို့ အစိုးရမှာ တာဝန်ပေးမယ်၊ပါဝင်စေမယ် ဆိုရင် ဘယ်လိုအခြေအနေမျိုးနဲ့ ပါဝင်စေမှာလဲ။ သူတို့တည်ဆောက်မယ့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့က ဘယ်လိုမူအပေါ်မှာ အခြေခံပြီးတော့ တည်ဆောက်မှာလဲ။ အဓိကက တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတွေတည် ဆောက်ဖို့ရည်ရွယ်ပြီးတော့မှ အမျိုး သားညီညွတ်ရေး အစိုးရဖွဲ့ကိုဖွဲ့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ သူကိုခေါ်ယူပြီးတော့မှ တာဝန်ပေးတာမျိုးထက် အမျိုး သားညီညွတ်ရေး အစိုးရဖွဲ့စည်းဖို့အတွက် အနိုင်ရလာတဲ့ တိုင်းရင်းသားပါတီနဲ့ နိုင်ငံရေးအရ သေသေချာချာ ညှိနှိုင်းဆောင်ရွက်ပြီးတော့ မှ တည်ဆောက်တဲ့ အစိုးရ မျိုးက ပိုပြီးသင့်တော်မယ်။ ပိုပြီး ကောင်းနိုင်မယ် လို့ထင်တယ်။ အဲ့လိုမှ မဟုတ်ပဲ ကိုယ်လိုချင်တဲ့ လူကိုပဲခေါ်ပြီးတော့ ထည့်မယ်ဆိုရင်တော့ အမျိုးသားညီ ညွတ်ရေး အစိုးရဆိုတာ အမည်ခံသက်သက် ပဲဖြစ်မှာပါ။

မေး – NLD အစိုးရအနေနဲ့ တိုင်းရင်းသားပါတီတွေကို ညှိနှိုင်းဖို့က အဓိကကျတဲ့အချက်က ဘာဖြစ်မလဲ။ ဘယ်လိုကိုင်တွယ်သင့်တယ်လို့မြင်လဲ။

ဦးညီမိုး – အဓိက ကတော့ မူပေါ့။ တိုင်းရင်းသားပါတီတွေက သူတို့ အကောင်အ ထည်ဖော် နေတဲ့ နိုင်ငံရေးမူတွေရှိတယ်။ အဲ့ဒီနိုင်ငံရေးမူတွေ နဲ့ NLD ပါတီရဲ့ တိုင်းရင်းသား တွေပေါ်မှာ ထားတဲ့ မူဝါဒတွေနဲ့ Inline ဖြစ်ဖို့လိုမယ် ။ အဲ့ဒီ မူတွေ ပေါ်မှာ ညှိနှိုင်းပြီးတော့ သွားရမယ့် ကိစ္စဖြစ်တယ် ။ အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်ပေါက်လာ ဖို့ တိုင်းရင်းသားတွေကို လေးလေးစားစား ဆက်ဆံဖို့လိုတယ်။ နိုင်ငံရေး အရ တန်းတူညီမျှ သဘောထားဖို့လိုတယ် ။ အဲ့ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုရင် ညီညွှတ်ရေး ထပ်သွေးကွဲသွားနိုင်တာပေါ့ ။ ဒီကိစ္စဆိုတာလဲ စနစ်တကျမဟာဗျူဟာတွေ ချမှတ်ပြီး လုပ်ဆာင်ရမယ့်ကိစ္စဖြစ်တယ်။

မေး – ပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ အစိုးရသက်တမ်းမှာ ရှမ်းအစိုးရအဖွဲ့ရဲ့ အားနည်းချက် အားသာချက်က ဘာလဲ။ သုံးသပ်ပေးစေချင်ပါတယ်။

ဦးညီမိုး – အားနည်းချက်ကတော့ တရားဥပဒေစိုးမိုးရေး အပိုင်းတွေ နဲ့ပတ်သက် လာရင် စိန်ခေါ်ချက်တွေရှိတယ်။ ဖွံ့ဖြိုးရေးပိုင်နဲ့ပတ်သက်ရင်လဲ စိန်ခေါ်ချက်တွေ ရှိတယ် ဒါဟာလဲ ဆန်းတော့ မဆန်းဘူး။ နှစ်ပေါင်း ၇၀ ကျော်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ တွေ ကို ဒီ ငါးနှစ်သက်တမ်းလောက်နဲ့ဖြေရှင်းရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ စိန်ခေါ်ချက်တွေ အများကြီး ရှိနေတာကြောင့် အားနည်းချက်ဆိုတာ ထက် မလုပ်နိုင်တဲ့ အပိုင်းတွေ အများကြီးတွေ့ရတယ် ။ မြို့ပြ ပြဿာနာ ၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပြဿနာတွေကို မလုပ်နိုင်သေးတာ အများကြီး တွေ့နေရတယ်ပေါ့ ။ အလွန်အကျွံ သံယံဇာတထုတ်ယူနေတဲ့ ကိစ္စရပ်တွေ ကို ဘယ်လိုထိန်းသိမ်းကာကွယ်မလဲ တရားဥပဒေအရ EIA/SIA အရ လုပ်ဆောင်နေတဲ့ အပိုင်းမှာ စိန်ခေါ်ချက်တွေ အများကြီးတွေ့နေရတယ်၊ ဆိုရင်တော့ ဒီ ငါးနှစ်သက်တမ်းမှာ တည်တည်ငြိမ်ငြိမ်လေး ဖြတ်သန်းသွားနိုင်လိုက် တာကိုတော့ တွေ့ရတာပေါ့။ ဒါပေမဲ့လည်း မထင်မှတ်ပဲ ရောဂါကပ်ဘေးနဲ့ကြုံတဲ့ အနေအထားမှာလဲ တိုင်းပြည်ရဲ့ ကျန်းမာ ရေး စီးပွားရေးတွေကို တတ်နိုင်သလောက်ရုန်းကန်နေရတာကို တော့ တွေ့နေရတာပေါ့ ။ လုံလောက်မှုမ ရှိတဲ့ အခြေအနေတွေကို လဲ အများကြီး ရင်ဆိုင် နေရာတယ်။ ပြည်သူလူထုကတော့ တာဝန်သိသိနဲ့ ပူးပေါင်းပါဝင် ပေးနေတဲ့ အခြေအနေ တွေ့ရတော့ ဒါတွေက အားသာချက်တွေ ပေါ့။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NLD အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့ တပ်မတော်ဖမ်းဆီး – ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ တင်ထား

0
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသော နိုင်ငံတော် အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တချို့ကို ဖမ်းဆီးလိုက်လိုက် ပြီး ဒုတိယ သမ္မတ ၁ ...

သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ၁၇၀၀ ကျော်ကို သျှမ်းပြည်အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းမှုတရပ်ပြုလုပ်ခဲ့သည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်နေ့က စပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသည့်ကျောက်မဲဒေသခံလူထု ၄၀၀၀ ကျော်ရှိကြောင်း...

မဲစာရင်း မှားယွင်းမှု ပြင်ဆင်ဖို့ အစိုးရပေးတဲ့ရက်တိုး တိုတောင်းနေ

0
မဲဆန္ဒရှင်နာမည်မှားယွင်းတဲ့ ပြဿနာ ဟာ များပြားနေပြီး၊ မဲပေးတဲ့ အခွင့်အလမ်း ဆုံးရှုံးမှာ ကိုစိုးရိမ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မဲစာရင်း ကြေညာမှုကို ထပ်မံ ရက်တိုးပေးလိုက်ပါတယ်။ ပထမအကြိမ်အနေဖြင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲပေးခွင့်ရှိသူ စာရင်းကို ဇူလိုင် ၂၅ရက်မှ သြဂုတ် ၇ ရက်ထိ...

၂၀၂၀ တပ်မတော်နေ့အလွန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်ဆွေးနွေးပြင်ဆင်

0
တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြည်လျှော့ကာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပနိုင်ရန် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးကြသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့...

အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်နှင့် RCSS/SSA တို့ချင်းမိုင်မှာဘာတွေဆွေးနွေး

0
နို၀င်ဘာလ ၁၉ ရက် နံနက်ပိုင်း က အစိုးရတပ်မတော်ကိုယ်စားလှယ်တွေနဲ့ RCSS/SSA ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဘာတွေကို အဓိကဆွေး နွေးခဲ့ကြ သလဲ ။ တစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ RCSS/SSA နဲ့ တပ်မတော်ကြား အောက်တိုဘာလနှောင်းပိုင်းက ဖြစ်ခဲ့ပြသနာတွေကို ဘယ်လိုတွေ့ဆုံဖြေရှင်းကြပါသလဲ။...