အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်နှင့် RCSS/SSA တို့ချင်းမိုင်မှာဘာတွေဆွေးနွေး

နို၀င်ဘာလ ၁၉ ရက် နံနက်ပိုင်း က အစိုးရတပ်မတော်ကိုယ်စားလှယ်တွေနဲ့ RCSS/SSA ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဘာတွေကို အဓိကဆွေး နွေးခဲ့ကြ သလဲ ။ တစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ RCSS/SSA နဲ့ တပ်မတော်ကြား အောက်တိုဘာလနှောင်းပိုင်းက ဖြစ်ခဲ့ပြသနာတွေကို ဘယ်လိုတွေ့ဆုံဖြေရှင်းကြပါသလဲ။ တွေ့ဆုံမှုအပြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နဲ့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်း တို့က သတင်းထောက် တွေ ကို တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။


နို၀င်ဘာလ ၁၉ ရက် ၂၀၁၉ ရက် ချင်းမိုင်မြို့တွင်တွေ့ဆုံမှုအပြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နဲ့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်း တို့က သတင်းထောက်တွေကို သတင်းစာရှင်းလင်းနေစဉ်

သတင်းထောက်။ ။ ဒီနေ့အဓိက ဘာတွေဆွေးနွေးခဲ့ကြသလဲ။

ဦးဇော်ဌေး။ ။ နံပတ် ၁ ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ကိုဘယ်လိုဆက်သွား ကြမလဲ ဆိုတာပေါ့နော်။ လာမယ့် JICM အစည်းအဝေး PPST အစည်းအဝေး ညီလာခံတွေ ဘယ်လို သွားကြ မလဲ ဆိုတာ တွေဆွေးနွေးခဲ့ကြတယ်။ နံပတ် ၂ အချက်ကတော့ ဥက္ကဌကြီးရဲ့ ခရီးစဉ်။ ဒီဖြစ်စဉ်အပေါ် သင်္ခန်းစာ ယူပြီးတော့ ကျနော်တို့ ၂ ဦး ၂ ဖက် နောင်မှာ ဒါမျိုးဖြစ်ရပ်တွေမဖြစ်အောင်ဘယ်လိုသွားကြမလဲဆိုတာ ဆွေးနွေးကြတယ်။ နံပတ် ၃ အချက်ကတော့ ယုံကြည်မှုတည်ဆောက်ရေးအပိုင်းပေါ့။ တပ်မတော်ဘက်က ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဗိုလ်ချုပ်ကြီးမင်းနောင်တို့လည်းပါတဲ့အတွက် အောက်ခြေကိစ္စတော်တော်များများ တွေဆွေးနွေးနိုင်ခဲ့ပါတယ်။ နံပတ် ၄ အချက်ကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်။ မုံးတော့ မုံးထ လွိုင်တိုင်းလျန်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေလည်း ဆွေးနွေးနိုင်ခဲ့တယ်။ နံပတ် ၅ အချက်ကတော့ နိုင်ငံတကာမှာလက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့အခြေအနေအလေးတွေကိုပေါ့ ရှင်းပြပါတယ်။ ဒီအပေါ် RCSS ဘက်ကသဘောထားလေး တွေပြောပြပါတယ်။ အဓိက ဒီ ၅ ချက်ပါ။

သတင်းထောက်။ ။RCSS ဘက်ကကောဘာတွေများဆွေးနွေးခဲ့သလဲ။

ဗမက စိုင်းငင်း။ ။ ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုဆက်သွားမလဲ ဆိုတာတွေပေါ့။ ပထမတော့ကျနော်တို့စီစဉ်ထားတာက JICM အစည်းအဝေးလုပ်ပြီးမှဆက်သွားမယ်ပေါ့။ ဒါကြောင့် Highlight လုပ်လိုက်တာက JICM အစည်းအဝေး ကျင်းပမည့်အနေအထားပေါ့။ ဘယ်လောက် အတိုင်းအတာအထိဖြစ်နိုင်မလဲ။ ဘယ်အချိန်လောက်မှလုပ်နိုင်မလဲဆိုတာတွေဆွေးနွေးခဲ့ပြီး တော်တော်လေး ကောင်းမွန်တဲ့ရလာဒ်ကိုရခဲ့ပါတယ်။

သတင်းထောက်။ ။ RCSS ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးဘယ်လိုပြေလည်မှုတွေရခဲ့သလဲ။

ဗမက စိုင်းငင်း ။ ။ အဲတာတော့ပြေလည်မှုရသွားပါပြီ။ အမှန်ဆိုရင်ခရီးစဉ်ကိစ္စက နားလည်မှုလွဲတဲ့ကိစ္စတွေ လည်းပါပါမယ်။ အချိန်လည်းလိုအပ်တယ်။ Communication Line ပေါ့။ တချို့ဟာတွေလည်းပြတ်တောက်တဲ့ အနေထားရှိတော့ အဲတာကိုကျနော်တို့သေချာပြန်ညှိတယ်။ တကယ်လို့နောက်နောင်မှာ EAO လူကြီး တွေ ရဲ့ခရီးစဉ်တွေဆိုရင် သေချာညှိရမယ်။ အချိန်ယူပြင်ဆင်မယ် ဘယ်လမ်းကြောင်းကနေဘယ်ပုံဘယ်နည်းနဲ့ သွားကြမယ်ဆိုတာတွေလုပ်ရပါမယ်။

သတင်းထောက်။ ။ JICM အစည်းအဝေးကစတော့မှာလား။

ဗမက စိုင်းငင်း။ ။ အကြမ်းဖျဉ်းအနေနဲ့တော့ ကျနော်တို့ …မြန်နိုင်သထက်မြန်အောင်ပေါ့နော့။ ဒီကြားထဲမှာလည်း PPST ၁၀ ဖွဲ့အရင်ခေါ်မှာကိုး ။ အခု PPST က အကြမ်းဖျဉ်းက ဒီဇင်ဘာလ ပထမပတ်လောက်မှာရှိတယ်။ အဲဒါပြီးရင်တော့ခုနကပြောတဲ့ JICM အစီအစဉ်လည်းဆက်တိုက်လာဖို့ရှိတယ်။ ဒါမယ့်ဘာဘဲပြောပြော PPST ရဲ့အဆုံးအဖြတ်ကအတည်ပေါ့နော်။ အဲ့ပေါ်မှာကျနော်တို့ ညှိနှိုင်းမယ် ဆွေးနွေးမယ်။ အဆင်ပြေမယ်ဆိုရင်တော့ JICM ကိစ္စ လုပ်မယ်ပြီးတာနဲ့ကျနော်တို့ ၂ ဖက်ညှိနှိုင်းရေးအဖွဲ့ကနေ ဟိုဘက်က အဆိုပြုထားတဲ့ အဆိုပြုချက်တွေရှိတယ်။ ကျနော်တို့ဘက်က ပြင်ဆင်ထားတဲ့ အဆိုပြု ချက်ရှိ တယ်။ တစ်ဆို့မှုကျော်လွှားရေးဆိုတဲ့ကိစ္စ အဲတာကိုအကြေအလည်ညှိမယ်။ အဲတာတွေအဆင်ပြေပြီဆိုတာနဲ့ ကျနော်တို့တရားဝင်အစည်းအဝေးအဲဒီကနေတဆင့် ၂၁ ပင်လုံ လာမယ့် ၂၀၂၀ နှစ်ဦးလောက်မှာ ကျင်းပ နိုင်ရေး ကျနော်တို့ဝိုင်းဝန်းလုပ်သွားတဲ့အနေအထားရှိပါတယ်။

သတင်းထောက်။ ။ ဗိုလ်ချုပ်ကြီးယွက်စစ်ကနေပြီးတော့ ဒီအစည်းအဝေးကို စာတစောင်ပေးပို့တယ် လို့ကြားသိတယ် အဲတာဘာတွေများပါသလဲ။

ဗမက စိုင်းငင်း။ ။ ခုနပြောတဲ့အချက်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ RCSS ရဲ့သဘောထားဒီလိုရှိပါတယ်။ နဂိုကအလုပ်အဖွဲဲ့တွေ ညှိနှိုင်းထားတဲ့အတိုင်းဘဲဆက်သွားဖို့ရှိတယ်။ နောက်တခုက ယုံကြည်မှု တည်ဆောက် ရေး အတွက်ဟိုက်လိုက်လုပ်တဲ့ဟာ။ နောက်တခုက NCA အပေါ် RCSS ရဲ့သဘောထား Commitment ပေါ့။ ဘာဘဲဖြစ်ဖြစ်ကျနော်တို့က ဒီ NCA ကိုလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အလျောက် NCA မှာပါတဲ့ပြဌာန်းချက်တွေအတိုင်းဘဲ ကျနော်တို့ကြိုးပမ်းလိုက်နာ ဆောင်ရွက်သွားပါမယ် ဆိုတဲ့ အကြောင်းကို သူက သတင်းစကားပါးလိုက်တဲ့အနေအထားဖြစ်ပါတယ်။

ဦးဇော်ဌေး။ ။ RCSS ဥက္ကဌကြီးရဲ့ Commitment မှာပေါ့နော် နံပတ် ၁ ကတော့ NCA ကတိကဝတ် တွေအတိုင်းဘဲ ဆက်သွားမယ်။ နောက်ပြီး ကျနော်တို့ပြီးခဲ့တဲ့ ၃၀ ရက်နေ့က JICM ပေါ့နော် ၂၈ နှစ်ပြည့် NCA ၄ နှစ်ပြည့် ဒီဟာကိုခရီးစဉ် အကြောင်းကြောင်းကြောင့် မဖြစ်မြောက်ခဲ့ပေမယ့်လည်း ကျနော်တို့မူလ ညှိနှိုင်းတဲ့ အပေါ်မှာဘဲသွားမယ်ဆိုတဲ့ဟာပေါ။ နောက်တချက်ကတော့ တကယ့်တိုင်းရင်းသားပြည်သူတွေအတွက် ဖက်ဒရယ်တည်ဆောက်ရေးနဲ့ပတ်သက် တဲ့ Commitment ။ ဒီ Commitment ၃ ခုအတိုင်း မပြောင်းမလဲဘဲ RCSS ဥက္ကဌကြီးအနေနဲ့သွားမယ်ဆိုတာ သတင်းစကားပေးလာတယ်။

သတင်းထောက်။ ။ ဒီဆွေးနွေးပွဲကနေ အစိုးရဘက်ကရော RCSS ဘက်ကကောဘာ ရလဒ်တွေ ရခဲ့တယ်လို့ပြောနိုင်မလဲ။

ဦးဇော်ဌေး။ ။ နံပတ် ၁ ကတော့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ ကျနော်တို့ ဘုံအားဖြင့် နားလည်မှု တွေခံယူချက်တွေတူတယ်။ ဒါတချက်။ နံပတ် ၂ ကတော့ Time Line ပေါ့နော်။ Time Line ကတော့ JICM ကိုဘယ်တော့လောက်လုပ်မလဲ။ ၂ ဖက်အလုပ်အဖွဲ့တွေ ဘယ်ချိန်တွေ့မလဲ။ တရားဝင်စည်းဝေးပွဲဘယ်တော့စ မလဲ။ ဒါကို Time Line အကြမ်းဖျဉ်းတော့ ညှိနိုင်တဲ့သဘောရှိပါတယ်။ သို့သော်ဒါကလည်း RCSS က PPST ကိုပြန်ပြီးတော့တင်ပြီးတော့ ဆွေးနွေးဦးမှာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းမှာဘဲ တဖက်က ၁၀ ဖွဲ့နဲ့တွေ့ရင်လည်း ဒီကိစ္စတွေထပ်ပြီးဆွေးနွေးမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ရလဒ်တွေရတယ်ပေါ့နော်။ ရတော့အားလုံးစိုးရိမ်နေသလိုမျိုး ကျနော်တို့နဲ့ အစိုးရနဲ့ RCSS ကြားမှာ အကြောင်းကြောင်းကြောင့် RCSS ဥက္ကကြီးခရီးစဉ်အဆင်မပြေဖြစ်ခဲ့သော်ငြားလည်းအခု ၂ ဖက်လုံးက ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ အရှိ ကိုအရှိအတိုင်းဘဲ ပြောကြဆိုကြတဲ့အပေါ် နားလည်မှုလည်းပိုပြီးတော့ မြှင့်တက်လာတယ် လို့တော့ မြင်တယ်။ နောင်မှာ ဒီဟာလိုမျိုးမဖြစ်အောင် ၂ ဦး ၂ ဖက်လုပ်ဆောင်သွားမယ့်အပေါ်မှာလည်း ကျနော်တို့သဘော ထားတွေ ရပ်တည်ချက်တွေတူပါတယ်။ တူတော့ လုံးဝကိုအပြုသဘောဆောင်တဲ့ခရီးစဉ်ဖြစ်တယ်။ ကောင်းမွန်တဲ့ရလာဒ်တွေရလာတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ကျနော်တို့ကမြင်ပါတယ်။

ဗမက စိုင်းငင်း။ ။ ကျနော်တို့ဆရာဇော်ဌေးပြောတာနဲ့သိပ်မကွာပါဘူး။ အဓိကကတော့ အားလုံးစိုးရိမ်ပူပန် နေတဲ့ ပူပန်မှုတွေဟာ ဒီအစည်းအဝေးမှာ ကျနော်တို့ ၂ ဖက်ကြားထဲမှာဘာပြသနာမှမရှိပါဘူး။ နဂိုအတိုင်း အဆင်ပြေပါတယ်ဆိုတဲ့သတင်းစကားကိုကျနော်ပါးချင်ပါတယ်။ နောက်တခုက တစ်ဆို့နေတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဆက်သွားမယ်ဆိုတဲ့ဟာ။ နောက်တပိုင်းက RCSS နဲ့အစိုးရတပ်ဖွဲ့ကြားထဲမှာရှိနေတဲ့ ဘိုင်လက်ထရယ် ကိစ္စရပ်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခဲ့တယ်။

သတင်းထောက်။ ။ တခုလောက်မေးချင်လို့ပါခင်ဗျ။ ခုန ဆရာဦးဇော်ဌေးပြောသွားတဲ့ မုံးတော့ မုံးထ နယ်မြေ သတ်မှတ် ချက်ဆိုတဲ့စကားပါ။ အရင်က ဒီနယ်မြေကိစ္စတွေကြောင့် တိုက်ပွဲတွေဖြစ်ရတယ်လို့ ပြောဆိုကြ ပါတယ်။ ဒီ နယ်မြေ ကိစ္စအပေါ် သဘောထားလေးပါ။

ဗမက စိုင်းငင်း။ ။ ဟုတ်ကဲ့ အရင်ကတော့ အဲလိုမျိုးအမှန်ပါဘဲ။ ဒါပေမယ့်အစိုးရဘက်က သူအဆိုပြုတဲ့ လုပ်ငန်းစဉ် ၄ ရပ်မှာ ခုနကပြောသလို ငြိမ်းချမ်းရေးအသီးအပွင့်ဆိုတာကိုဘဲပြချင်တာကိုး။ အဲတာကို ကျနော်တို့က နဂိုကတည်းက ကျိုင်းတုံသဘောတူညီချက်မှာပါတဲ့ မုံးထားမုံးတော့ ကိစ္စ အထူးအတွက် တခုခုတော့လုပ်ပေးမှရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ပါ။ ခုနက ဆရာမေးတဲ့ နေရာသတ်မှတ်ရေးကိစ္စသပ်သပ် ဒါကကျနော်တို့ အစိုးရနဲ့သီးသန့်ပြန်ဆွေးနွေးရမယ့် အပိုင်းရှိတယ်။ အဲတာကိုကျနော်က အကန့်အကန့် ခွဲရတာပေါ့ဗျာ။ ဒါကတော့ ဒေသခံလူထုအတွက် ဖွံ့ဖြိုးရေးကိစ္စလေးလုပ်ချင်တာ။ အဲတာအဆင်ပြေလား ဆိုတဲ့အနေအထားမျိုး ။ အခု ကျနော်တို့ချဉ်းကပ်နေတဲ့အနေအထား။

ဦးဇော်ဌေး။ ။ ကျနော်တို့အစိုးရက EAO ၁၀ ဖွဲ့လုံးကို အဆိုပြုချက် ၄ ချက်ပေးထားတယ်။ နောက်ဆုံး ပရောစက်ကဘာလဲဆိုတော့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ။ ကျနော်တို့က NCA ထိုးလိုက်တယ်။ ထိုးလိုက်တဲ့ ဒေသတွေမှာ ဒေသခံတွေက အကျိုးအမြတ်တွေ ဖြစ်ဖို့လိုတယ်။ တိုးတက်မှုတွေဖြစ်ဖို့လိုတယ်။ ဒါမှသာ ဒေသခံတိုင်းရင်းသားတွေက NCA ရေးထိုးခြင်းအပေါ်မှာ ပိုပြီးတော့ယုံကြည်မှု ပိုမြင့်တက်လာမယ် ဆိုတဲ့ စဉ်းစားချက်နဲ့ အစိုးရက အဆိုပြုတယ်။ ဒါကကျနော်တို့ တဖွဲ့ချင်းကိုအဆိုပြုတာ Bilateral သွားမယ် ဆိုပြီး တော့။ Bilateral မှာလည်း ကျိုင်းတုံ သဘောတူညီချက် စသည်ဖြင့်အဲ့မှာလည်း ဒီဒေသတွေမှာဖွံ့ဖြိုးရေး တွေလုပ်ဖို့သဘောတူထားတာတွေရှိတယ်။ အကြောင်းကြောင်းကြောင့် ကျနော်တို့မလုပ်နိုင်ခဲ့ဘူးပေါ့နော်။ အဲတာတွေကိုကျနော်တို့ပြန်ပြီးတော့ ဒေသခံပြည်သူလူထုရဲ့ ဖွံ့ဖြိုးရေးအတွက်လုပ်ဖို့အဲတာကိုပြောတာ။ နယ်မြေပိုင်းခြားသတ်မှတ်ရေး ကိစ္စနဲ့မဆိုင်ဘူး။

သတင်းထောက်။ ။ RCSS ရဲ့ NCA ၄ နှစ်ပြည့်ခရီးစဉ်မှာ တပ်နဲ့ဘဲတိုက်ရိုက်ဖြစ်တဲ့ပြသနာဖြစ်တယ်။ အစိုးရနဲ့တော့ အဆင်ပြေနေတယ်လို့ပြောတယ်။ ဆိုတော့ အခုလိုပြသနာဖြစ်လာရင် ငြိမ်းချမ်းရေးမထိခိုက် အောင် အစိုးရဘက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးနိုင်မလဲ။

ဦးဇော်ဌေး။ ။ ဒီကျနော်တို့လာတဲ့ dedicated ကိုက အစိုးရ တပ်မတော် ပူးပေါင်းပြီးလာတဲ့ ကိစ္စဖြစ်နေတယ်။ ကျနော်တို့ဒီအပေါ်မှာလည်း အချင်းချင်းလည်းဆွေးနွေးပါတယ်။ ပြီးရင်ဒီမှာ RCSS နဲ့လည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ ဆွေးနွေးချိန်မှာ အစိုးရပိုင်း တပ်ပိုင်း သူ့အပိုင်းနဲ့သူတော့ ကဏ္ဍတွေရှိတယ်။ ရှိပေမယ့်လည်း ဒီမှာတော့ ဒီနေ့ဆွေးနွေးပွဲကတော့ အားလုံးကျော်လွှားသွားနိုင်တဲ့အဖြေကိုရတယ်လို့ ကျနော်တို့မြင်တယ်။ နောင်ကျရင်လည်းအားလုံး ပူးပေါင်းပြီးသွားဖို့ဘဲလိုပါတယ်။ အဓိက ကျနော်တို့က ဒီကိစ္စအကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ဟာမျိုးတွေရှိတတ်ပါတယ်။ ဒီပေါ်မှာအားလုံးက နားလည်မှုရှိရှိနဲ့ ကျော်လွှားသွားဖို့ဘဲလိုတယ်လို့ကျနော်တို့ပြောလိုပါတယ်။

——–၀၀၀၀၀၀၀———–
အစိုးရနဲ့ တပ် ကိုယ်စားလှယ်တွေဟာ နို၀င်ဘာလ ၂၀ နဲ့ ၂၁ ရက်မှာ NCA လက်မှတ်ထိုး တိုင်းရင်းသား ၁၀ ဖွဲ့ရဲ့ EAO နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီါ် ၂၂ ရက်နေ့မှာတော့ KNU နဲ့တွေ့ဖို့လည်းရှိကြောင်း အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်

0
မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်လိုက်သည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ရေလမ်းကြောင်းများ ညစ်ညမ်းကာ ဒေသခံများ ခံစားနေရသည့် ဒုက္ခများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယမန်နေ့ မေလ ၃၀ ရက်တွင် "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ခရီးစဉ် (Peace Walk) ကို...

ချင်းမိုင်တွင် မူကထ စားရင်း တန်ဖိုးကြီး “ပုလဲ” ဟု ယူဆရသောအရာကို ပင်လယ်ခရုအတွင်းမှ တွေ့ရှိ

0
ချင်းမိုင်မြို့ရှိ ဈေးသည်ဇနီးမောင်နှံနှစ်ဦးသည် မိသားစုနှင့်အတူ မူကထ အကင် သွားရောက်စားသုံးစဉ် "ဟွိုင်ဝမ်" ဟုခေါ်သော ပင်လယ်ခရုအတွင်းမှ ကမ္ဘာ့အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံးစာရင်းဝင် "မီလိုပုလဲ" ဟု ယူဆရသည့် လိမ္မော်ရောင်ပုလဲတစ်လုံးကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ Siriwattana ဈေး မှ ဈေးသည်အမျိုးသမီး ချာလီတာ (Ms....