မိုင်းဆတ်ခရိုင်အတွင်း ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ကို မြန်မာအာဏာပိုင်ဖမ်းဆီး

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း တရားမဝင်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား ၈၁ ဦး နှင့်အတူ သျှမ်းအမျိုးသား ၂ ဦးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့ကြောင်းသိ ရသည်။

Photo Credit to CM News/ မိုင်းဆတ်မြို့တွင် ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသား ၈၀ ကျော်နှင့်သျှမ်းလူမျိုး ၂ ဦး

ထိုင်းနိုင်ငံ ချင်းမိုင်နယူးစ် သတင်းဌာနက – မိုင်းဆတ်မြို့နယ် နားယောင်းရွာက ရီဆော့တနေရာမှာ မြန်မာရဲ တွေ ၀င်ရောက်စစ်ဆေးတဲ့အခါမှာ ထိုင်းလူမျိုး ၈၁ ဦး(ကျား ၄၈ ဦးနဲ့ မ ၃၃ ဦး) ကိုတရားမဝင်ခိုးဝင်မှုနဲ့ ဖမ်းဆီးအရေး ယူထားတယ်- ဟု ရေးသားဖော်ပြထားသည်။

မိုင်းဆတ်ဒေသခံ စိုင်းအေ က- ဒီဒေသတွေ ထိုင်းနဲ့နယ်မြေချင်းထိစပ်နေတဲ့နေရာတွေဖြစ်တယ်။ မူးယစ်ဆေးဝါး လည်းအရမ်းကိုပေါများပါတယ်။ အဲဒီဒေသမှာ အတူတကွနေထိုင်နေကြတဲ့တိုင်းရင်းသား တွေလည်းများပြား တယ် – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းတို့အား စစ်ဆေးမှုများဆက်လက်ပြုလုပ်ထားပြီး ထိုင်းနိုင်ငံမှ ဥပဒေချိုးဖောက်ကာ ထွက်ပြေးတိမ်းရှောင် နေသူ များဟုတ်မဟုတ်ထပ်မံစစ်ဆေးနေကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မိုင်းဆတ်မြို့နယ် တောင်ယာထဲ အမျိုးသမီးတစ်ဦး အသတ်ခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တောင်ထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် မိုင်းဆတ်မြို့ နယ် အ‌နောက်ဘက် ကျတီကျေးရွာအုပ်စု အားဟယ့်ရွာတွင် နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာထဲတွင် အသတ်ခံရပြီး သေဆုံးနေကြောင်း မိုင်းဆတ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...