Wednesday, January 28, 2026

မိုးညှင်းဒေသခံများ သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

ဖေဖော်ဝါရီ ရ ရက်နေ့ တွင် ကျရောက်မည့် (၇၂) နှစ်ပြည့် “ သျှမ်းပြည်အမျိုးသားနေ့” ကို ကချင်ပြည်နယ် မိုးညှင်းမြို့ဒေသခံများက ပထမဆုံးအကြိမ် အခမ်းအနားကျင်းပသွားမည် ဟု သိရသည်။

Photo Sai Thaung Zaw Oo/ မိုးညှင်းဒေသခံများ သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

သျှမ်းပြည်အမျိုးသားနေ့ ကို ဖေဖော်ဝါရီ ၅ ရက်မှ ရ ရက်နေ့ထိ ၃ ရက်တိုင်တိုင် မိုးညှင်းမြို့ နတ်ကြီးကုန်း ရှိ ပညာလင်္ကာရ ဇောတိ ဘုန်းကြီးကျောင်း ပွဲကျင်းပသည့်နေရာတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းအမျိုးသား နေ့ ဖြစ်မြောက်ရေး ကော်မတီ စိုင်းမောင်ထွေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ ဒီမိုးညှင်းမိုးကောင်းဒေသက သျှမ်းလူထုရဲ့ အင်အားနဲ့ လုပ်တာပါ။ ဘယ်အဖွဲ့အစည်းမှ ဦးဆောင်တာ မဟုတ်ဘူး။ ဒါက ကျနော်တို့ ဆီမှာ ပထမဆုံးလုပ်တာပါ။ မနေ့က ဖွင့်ပွဲလုပ်တော့ ကျနော်တို့သျှမ်းမျိုးတွေ တော်တော်များများလာကြတယ်။ ဒီလောက်စည်မယ်လို့တောင် ကျနော် မထင်ခဲ့ဘူး” ဟု စိုင်းမောင်ထွေး ကဆိုသည်။

ကချင်ပြည်နယ်အတွင်းနေ သျှမ်းလူမျိုး အားလုံးကိုယ်စားပြုပြီး ပထမဆုံးကျင်းပ ပြုလုပ်သည့် သျှမ်းအမျိုးသားနေ့ ဖြစ်သည့်အတွက် သျှမ်း အမျိုးသားနေ့ နှင့် ပတ်သတ်ပြီး ဟောပြောပွဲများလည်း ပြုလုပ်သွားမည် ဟု စိုင်းမောင်ထွေး က ထပ်လောင်းပြောသည်။

Photo Sai Thaung Zaw Oo/ မိုးညှင်းဒေသခံများ သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

“ ဒါက ရှမ်းနှစ်သစ်ကူး ပွဲတော် မဟုတ်ဘူးလေ။ နောက် ရဟန်းခံပွဲမဟုတ်ဘူး။ သျှမ်းအမျိုးသားနေ့ကို ဘယ်သူမှ ဒီလို မှ မလုပ်ရဲဘူး။ မလာရဲကြဘူးလေ။ ကျနော်တို့ အားစိုက်ပြီး လုပ်ကြတယ်။ ကျနော် တို့ ပိုက်ဆံ ရှိလို့ မဟုတ် ဘူး။ ကျနော်တို့က ချစ်တဲ့စိတ် တာဝန်သိစိတ်ကြောင့်လုပ်တာပါ” – ဟု စိုင်းမောင်ထွေး က ဆိုသည်။

သျှမ်းအမျိုးသားနေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ဌာနေ ပြည်သူ့စစ်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲအစီအစဉ်ပါထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“ သျှမ်းအမျိုးသားနေ့ အကြောင်း ၊ သျှမ်းလူမျိုးအကြောင်း နဲ့ သျှမ်းတွေ စည်းလုံးဖို့ပဲ ဟောပြောဖို့ ကျနော်တို့မေတ္တာရပ်ခံထားပါတယ်” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ စိုင်းမောင်ထွေး က ဆိုသည်။

သျှမ်းအမျိုးသားနေ့ မှသည် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအား ဖော်ဆောင်သည့် ပြည်ထောင်စုနေ့ တို့ ပေါက်ဖွားလာဖို့ အတွက် သန္ဓေတည်ခဲ့ပါသည်။

၁၉၄၇ ခုနစ် ဖေဖော်ဝါရီ ၆ ရက် မှ ၁၂ ရက်အတွင်း ကျင်းပသည့် ပင်လုံညီလာခံ တွင် ခေးတိုင်းခေးရာဇာ သီချင်းအား သျှမ်းပြည်အမျိုးသားများသီချင်း၊ ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလံကို သျှမ်းပြည်အမျိုးသားများ အားကိုယ်စားပြုသည့် အလံတော်၊ ဖေဖော်ဝါရီ ရ ရက်နေ့ကို သျှမ်းအမျိုးသားနေ့ ဟူ၍သတ်မှတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည်အမျိုးသားနေ့” TNLA ထိန်းချုပ် သီပေါမြို့ဝင်ဆိုင်းဘုတ် သျှမ်း၊အင်္ဂလိပ် အမည်စာလုံး ဖျက်ဆီးခံရ၊ သျှမ်းပြည်မြေပုံ အရောင်ပြောင်းဆေးခြယ်

0
သျှမ်းပြည် သီပေါမြို့အဝင် ဆိုင်းဘုတ်ရှိ သျှမ်း၊အင်္ဂလိပ် ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းမှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

စစ်ရေးပြင်းထန်နေသည့်ကြားက ကျင်းပခဲ့သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့

0
သျှမ်းပြည်တဝှမ်းတွင် စစ်ရေးပြင်းထန်နေသည့်ကြားက (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မြို့နယ်အချို့တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသည့် မူဆယ်မြို့တွင် လူငယ်အဖွဲ့များမှ ဦးဆောင်ပြီး လူငယ်နှင့် ကလေးများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း...

သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းတပ် ၂ တပ် ဌာနချုပ် တွင် ကျင်းပ

0
ယနေ့ (ဖေဖော်ဝါရီ ၇) ရက် သျှမ်းပြည်အမျိုးသားနေ့ (၇၆) နှစ်ပြည့် ကို သျှမ်းပြည်အတွင်းရှိ သျှမ်းတပ် ၂ တပ် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA )တို့၏ ဌာနချုပ်များတွင် ကျင်းပခဲ့ကြောင်း...

ဝိဝါဒ ကွဲပြားမှုများနဲ့ သမိုင်းတွင်လာတဲ့ ဖေဖော်ဝါရီ ၇ ရက်

0
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းပြည်အမျိုးသားနေ့ဟာ ၇၆ နှစ်တိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၉၄၇ခုနစ် ဖေဖော်ဝါရီလ ၇ ရက်ဟာ "ပဒေသရာဇ် သျှမ်းကောင်စီ" ကို ဖျက်သိမ်းလိုက်ပြီးတဲ့ နောက် အုပ်ချုပ်သူစော်ဘွားတွေနဲ့ လူထု ကိုယ်စားပြုတဲ့ သျှမ်းအမျိုးသား ခေါင်းဆောင်တွေ စုပေါင်းပြီး သျှမ်းအမျိုးသားများ...

၁၉၄၇ ခုနှစ် သျှမ်းပြည်အမျိုးသားညီညွှတ်ရေးနေ့ မှ ယနေ့ညီညွှတ်ရေးဆီသို့

0
သျှမ်းပြည် ပင်လုံမြို့မှာ လဲချားစော်ဘွား စဝ်ခွန်နွံ ကမကထ ပြုပြီး ပြုလုပ်ကျင်းပတဲ့ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပင်လုံညီလာခံမှာ စော်ဘွားကိုယ်စားလှယ် ၇ ပါး ၊ လူထုကိုယ်စား လှယ် ၇ ဉီး တန်းတူထိုင်ပြီး လွတ်လပ်ရေးအတူတကွ ရယူဖို့...