အဖြေမထွက်တဲ့ တိုင်းရင်းသား၂တပ် နယ်မြေစိုးမိုးရေးတိုက်ပွဲ
သျှမ်းပြည်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း စစ်ရေးပဋိပက္ခ ဟာ တလနီးပါး ဖြစ်ပွားပြီး၊ စစ်ရေးတင်းမာမှုကလည်း ဆက်လက်ရှိနေဆဲပါ။ တိုင်းရင်းသားလက်နက်ကိုင် များဆိုတာကတော့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ပဲဖြစ်ပါတယ်။ RCSS/SSA နဲ့ TNLA တို့ဟာ...
SNLDနှင့် အာဏာရပါတီ NLD တွေ့ဆုံရန် နေရာညှိနှိုင်းနေဆဲ
SHAN -
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံရန် နေရာ ညှိနှိုင်းနေကြောင်းသိရသည်။ “SNLD ရဲ့အဆင့်မြင့် ပုဂ္ဂိုလ် နဲ့ NLD ရဲ့ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုပြီးမှ အဲ့ဒီကနေ SNLD ရဲ့...
မိုးကုတ်ကျောက်တူးသူများထံ လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်နေ
SHAN -
မိုးကုတ်မြို့တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ မှ ကျောက်တူးနေသူများထံသည့် ငွေကြေး (ဆက်ကြေး) ကောက်ခံမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့(ဇန်နဝါရီ ၁၃)ရက်တွင် မိုးကုတ်မြို့နယ် ဘော်မားကျေးရွာ၌ မိရိုးဖလာ ကျောက်တူးလုပ်ငန်းလုပ်ကိုင်နေသည့် သူများထံ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိ လူတစု က ငွေကြေး(ဆက်ကြေး) တောင်းခံမှုများ ပြုလုပ် နေကြောင်း...
SNLD နှင့် အာဏာရပါတီ NLD တွေ့ဆုံရန် အလားအလာရှိ
SHAN -
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တွေ့ဆုံရန် အလားအလာရှိကြောင်း သတင်းရရှိသည်။ NLD ဘက်မှအမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသား ပါတီများကို ဖိတ်ခေါ်ရန်၊ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး...
ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...
နမ့်ဆန်မြို့နယ် ဒေသခံ ၆ဦး ကို KIA ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာသား ၆ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့ချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်းစုံစမ်းရရှိသည်။ ထိုသို့ မလွှတ်လာပေးသည့်အပေါ် ကျေးရွာ/သား ၃၀၀ နီးပါးတို့သည် ယနေ့ (ဇန်နဝါရီ ၁၂)ရက် မနက်ပိုင်းတွင် အထက်မန်လွယ်ကျေးရွာမှ မန်တုံမြို့ဘက်သို့ လှည့်လည်စီးတန်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။ “...
ကိုယ်လိုချင်တဲ့ လူကိုပဲခေါ် ရင် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အမည်ခံသက်သက်ပဲ
တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့, ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး...
သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ် (၄)ဦးတိုး
SHAN -
သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ လူနာအသစ် (၄)ဦး တိုးလာကြောင်း သိရသည်။ ထို လူနာ (၄) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှာ (၁) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) (၃)...
နမ့်လန်မြို့ လင်မယား ၂ဦးသေနတ်ပစ်ခံရ၊ အမျိုးသမီးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်တွင် နေထိုင်သည့် လင်းမယား နှစ်ယောက်ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ၎င်းအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လင်းမယား၂ဦးကို ယမန်နေ့ ( ဇန်နဝါရီ ၁၁ ရက်) ည ၅ နာရီခွဲတွင် အမည်မသိ လက်နက်ကိုင်...
RCSS နှင့် TNLA စစ်ရေးတင်းမာနေသည့်ကြား နမ္မတူစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စစ်ရေးတင်းမာနေသည့်ကြား စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မန်စံရွှေစကားဝါဘုန်းကြီးကျောင်း နှင့် နားဆိုင်းဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသည် ယမန်နေ့( ဇန်နဝါရီ...





