Tuesday, January 27, 2026

နမ့်ဆန်မြို့နယ် ဒေသခံ ၆ဦး ကို KIA ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာသား ၆ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့ချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်းစုံစမ်းရရှိသည်။

ထိုသို့ မလွှတ်လာပေးသည့်အပေါ် ကျေးရွာ/သား ၃၀၀ နီးပါးတို့သည် ယနေ့ (ဇန်နဝါရီ ၁၂)ရက် မနက်ပိုင်းတွင် အထက်မန်လွယ်ကျေးရွာမှ မန်တုံမြို့ဘက်သို့ လှည့်လည်စီးတန်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

“ ၁၀ ရက်နေ့ကတည်းက ဖမ်းသွားတာ။ ထင်းသွားခုတ်ရင်းနဲ့ ဖမ်းသွားတာပါ။ ခုချိန်ထိပြန်မလွှတ်လာသေးဘူး။ အဲ့ဒါကြောင့် ကျေးရွာ/သားတွေက ဆန္ဒထုတ်ဖော်ပြခဲ့တာပါ” ဟု အထက်မန်လွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိုင်းသိန်းထိုက်ဇော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆန္ဒပြရာတွင် အထက်မန်လွယ်ကျေးရွာမှ မန်မိုင်မိန်းကွမ်းကျေးရွာ ကိုဖြတ်ပြီး မန်တုံဘက်ကို လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ထိုဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးသွားသည့် ဒေသခံ (၆)ဦးကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆိုကြကြောင်း မိုင်းသိန်းထိုက်ဇော်က ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၀ရက်တွင် KIA တပ်ဖွဲ့ မှ အရပ်သား ၇ ဦးဖမ်းဆီးသွားရာ ထိုရက် ညနေပိုင်းအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာလူကြီးများ၏ အာမခံပေးမှုကြောင့် ဒေသခံတဦးကို KIA တပ်ဖွဲ့ က ပြန်လွှတ်လာပေးခဲ့ကြောင်း မိုင်းသိန်းထိုက်ဇော် က ဆိုသည်။

အဆိုပါ အထက်မန်လွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) အဖမ်းခံရသူရှိမည်နေရာကို သွားရောက်ခဲ့သော်လည်း တစုံတဦးမျှ မတွေ့ရှိခဲ့ဘဲ ပြန်လှည့်လာရကြောင်း အထက်မန်လွယ်ကျေးရွာ ဥက္ကဌ ဦးကျော်စိန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော် မနေ့ကဖမ်းခံရတဲ့သူတွေရှိတဲ့နေရာကို သွားတာ။ တွေ့လည်းမတွေ့ခဲ့ဘူး။ အဆက်သွယ်လည်းမရဘူး။ ခုချိန်ထိလဲ အဲ ၆ ဦးကိုမလွှတ်လာသေးဘူး” ဟု ဦးကျော်စိန်က ပြောသည်။

ဆက်လက်ပြီး အထက်မန်လွယ်ကျေးရွာ ဥက္ကဌ ကိုကျော်စိန်က “ မန်းတုံမြို့ပေါ်မှာ သူတို့ရဲ့ ကချင်ဘာသာ ခရစ်ယာန်ကျောင်းရှိတယ်။ အဲမှာလည်း အကူးညီတောင်းထားတယ်။ ပြီးတော့ ဌာနဆိုင်ရာတွေကိုလည်း အကူညီတောင်းထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဖမ်းဆီးသွားသောသူများကို အမြန်ဆုံး ပြန်လည်လွတ်စေလာကြောင်း မန်လွယ်ကျေးရွာ ဥက္ကဌ က‌ ထက်လောင်းပြောသည်။

KIA မှ ဖမ်းဆီးသွားသူများကို မည်သည့် အကြာင်းကိစ္စဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်းလည်း ဦးကျော်စိန် က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ KIA ပြောရေးဆိုခွင့်ရှိသူကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရရှိခဲပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
MDY-PDF In Front of Mong Mit Signboard

မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော

0
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...

စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

0
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

စစ်ကောင်စီ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်ထဲမှ ဖားကန့်ပြည်သူ (၆)ဉီး သေဆုံး

0
စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည့် ဖားကန့် မြို့နယ်ပြည်သူ (၆)ဉီးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၂၈ ရက်) စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် လုံးခင်းကျေးရွာ၊ လယ်ပြင်ကျေးရွာ နှင့် ငြိမ်းချမ်းသာယာကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်...