RCSS နှင့် TNLA စစ်ရေးတင်းမာနေသည့်ကြား နမ္မတူစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စစ်ရေးတင်းမာနေသည့်ကြား စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by US SA/Facebook

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မန်စံရွှေစကားဝါဘုန်းကြီးကျောင်း နှင့် နားဆိုင်းဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသည် ယမန်နေ့( ဇန်နဝါရီ ၁၁) ရက်မှ စတင်ကာ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ RCSS/SSA နှင့် TNLAတို့သည် နမ္မတူမြို့နယ် အတွင်း တိုက်ပွဲငြိမ်သက်လာသည်မှာ ၃ရက်ရှိလာပြီဖြစ်ပြီး၊ စစ်ရေးတင်းမာမှု ရှိနေသေးသည်။

သို့သော် တိုက်ပွဲမရှိသည့်အတွက် နေအိမ်တွင် ကျန်ခဲ့သည့်ကျွဲ၊နွားများ၊ နေအိမ်ပစ္စည်းများကို စိတ်မချရသဖြင့် စိုးရိမ်စိတ်ဖြင့် ပြန်သွားရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် သူများက ပြောပြသည်။

“ သူတို့ အိမ်မှာကျန်ခဲ့တဲ့ ကျွဲ၊ နွားတွေကို စိတ်ပူတာတွေရှိတယ်။ နောက် တိုက်ပွဲဖြစ်တော့ ရုတ်တရက်ထပြေးကြတယ်။ အိမ်ကပစ္စည်းတွေလည်း စိတ်မချတာတွေလည်းပါမယ်။ တိုက်ပွဲငြိမ်လို့ ပြန်သွားကြတာ။ စိုးရိမ်ကြောက်တာတော့ရှိတာပေါ့” ဟု နားဆိုင်း ဘုန်းကြီးကျောင်းရှိ စစ်ရှောင်များကို ကူညီပေးနေသည့် ပရဟိတ လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo by US SA/Facebook

သျှမ်းပြည် မြောက်ပိုင်း RCSS/SSA နှင့် TNLAတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် သူ (၃၀၀၀)ကျော်ရှိကြောင်းသိရသည်။

ထိုနေရပ်စွန့်ခွာနေချိန် အရပ်သားနေအိမ်တချို့ ဖောက်ထွင်းမွှေနောက်ခံရကြောင်း၊ မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ မှ မွှေနောက်ရှာဖွေထားသည်ကို အရပ်သားများမသိရှိရသေးပေ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂ဖွဲ့သည် နမ္မတူနယ်မြေအတွင်း ထိတွေ့မှု မဖြစ်ပွားခဲ့သည်မှာ ၃ရက်ခန့်ရှိလာသော်လည်း မြေပြင် အခြေအနေအရ ကျေးရွာ ပတ်ဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များရှိနေသေးကြောင်း လည်း သိရသည်။

“မြေပြင်အခြေနေတော့ မပြောနိုင်ဘူး။ ရွာအနီးပတ်ဝန်းကျင်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေသေးတယ်။ အခြေနေကြည့်ပြီး ပြန်တာ။ အေးချမ်းပြီးလာဆိုတော့ မအေးချမ်းသေးဘူး။ နှစ်ဖက်စစ်ရေးက တင်းမာနေတုန်းပဲ။ သူတို့ ရှိနေတုန်းပဲ” ဟု မန်စံ စစ်ရှောင်ကော်မတီအဖွဲ့ဝင် လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ္မတူမြို့နယ်ရှိ စစ်ရှောင်များသည် နားဆိုင်းစစ်ရှောင်စခန်းမှာ (၆၀၀) ကျော်ရှိပြီး မန်စံစစ်ဘေးရှောင်စခန်းမှာ (၂၆၀) ကျော်ရှိပြီး နေရပ်သို့ ပြန်သွားပြီဖြစ် သော်လည်း ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်း ဒီဇင်ဘာ (၉) ရက်မှစတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အချင်းအချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၁ ဦး ကျည်ထိမှန်ခဲ့ရကြောင်းသိရသည်။

RCSS/SSAနှင့် TNLAတို့ဖြစ်ပွားသည့်တိုက်ပွဲသည် ကျေးရွာအနီးပတ်ဝန်းကျင်တွင် မဖြစ်ပွားရန်လည်း ပြည်သူများက တောင်းဆိုလိုက်သည်။

“ ကျနော်တို့ RCSS/SSAတပ်ဖွဲ့အနေနဲ့ အရပ်သားတွေထိခိုက်မှုမဖြစ်အောင် ရှောင်ပါတယ်။ ကျေးရွာနဲ့ အနီးကပ် တိုက်ပွဲမဖြစ်အောင် ရှောင်နိုင်သလောက်ရှောင်ပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA တိုက်ပွဲကြောင့် အရပ်သားနေအိမ်(၆၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး နှင့် ကျေးရွာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...