CATEGORY

သတင်း

ဒီမိုကရေစီ ပြန်ရဖို့အတွက် လူငယ်တွေ ရဲဝံ့စွာ လမ်းပေါ်ထွက်လာကြပြီ

“ကမ္ဘာမကြေဘူး …… ငါတို့သွေးနဲ့ ရေးခဲ့ကြတယ် မော်ကွန်းတွေ …… တော်လှန်ရေး ….. ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ….သြော် … သူရဲကောင်းတို့ရေ” ဆိုတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သီချင်း တေးသံဟာ တောင်ကြီးမြို့ ပေါ်တခုလုံးကို ဟိန်းစေပါတယ်။ ဒီသီချင်းဟာ ၁၉၈၈ ခုနစ် စစ်အစိုးရ...

မိုင်းပန်တွင် အရပ်သား တဦး ကျည်ထိမှန်သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း အစိုးရတပ်မတော် မှ တဖက်သတ် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ )ရက် ဥပုသ်နေ့ ဖြစ်သည့်အလျောက် မိုင်းပန်မြို့နယ်အတွင်းရှိ မိုက်ပုံကျေးရွာ နှင့်ဝမ်မုတ်ကျေးရွာကြားရှိ လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား ရွာသူရွာသားများက သွားရောက်ပူဇော်စဉ် အမျိုးသားတစ်ဦးက...

ကျိုင်းတုံမြို့ စစ်အာဏာရှင်ကို ဆန္ဒပြသူ ၁၅ဦးခန့် တပ်က ဖမ်းဆီးထား

သျှမ်းပြည်‌ အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်ကျရှုံးရန်အတွက် ဆန္ဒပြသူ ၁၅ ဦး ခန့် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဖမ်းဆီးခံရသော သူများမှာ ဖေဖော်ဝါရီ ၁ ရက်မှ စကာ ယနေ့အချိန်ထိ ဆက်လက်ဖမ်းဆီး နေလျက်ရှိကြောင်းသိရသည်။ “ သူတို့ဖမ်းသွားတာကတော့ ၁၅ ယောက်လောက်ရှိမယ်။ ဖမ်းသွားတာက ၁၂...

ဖားကန့် ကျောက်ရောင်းဝယ်နေရာ ရဲ၊စစ်ကားများဝင်ရောက် စစ်ဆေး

ကချင်ပြည် ကျောက်စိမ်းထွက်ရှိရာဒေသ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက် တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာ၌ ပါဝင်သည့် ပြည်သူများကို စစ်တပ်မှ ဝင်ရောက်ရှာဖွေနေကြကြောင်း စုံစမ်းသိရသည်။ စစ်အာဏာရှင် ကျရှုံးရေးအတွက် ဖားကန့်ဒေသခံ နှင့် ကျောက်အရောင်းအဝယ် လုပ်နေသည့် တိုင်းရင်းသားပေါင်းစုံ တို့သည် နေ့စဉ်နှင့်အမျှ ဆန့်ကျင်ဆန္ဒပြမှုကို ပြုလုပ်နေကြသည်။ ထို့ကြောင့် ယမန်နေ့ ည...

နမ္မတူ စစ်ရှောင်အတွက် ရိက္ခာများအရေးပေါ်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁၈) ရက် နောက်ဆုံးစာရင်းအရ မန်စံစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် စုစုပေါင်း (၂၁၆) ဦး ရှိပြီး ၎င်းတို့သည် ဖေဖော်ဝါရီ (၁၃) ရက်ကတည်းက ရောက်ရှိလာကြောင်း မန်စံစစ်ရှောင်စခန်းမှာ ကူညီပေးသည့် ဒေသခံ...

စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံ သျှမ်းပြည်သူများ မလွှတ်မြောက်သေး

သျှမ်းပြည်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပြည်သူ ၁၆ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ ပြန်လည် လွှတ်မြောက်ပေးခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖမ်းဆီးရသူများမှာ မူဆယ်မြို့တွင် ၅ဦး၊ ကွန်းဟိန်းတွင် ၂ ဦး၊ ကာလိတွင် ၁ ဦး၊ လာရှိုးမြို့တွင် ၃ဦး၊ ကျိုင်းတုံမြို့တွင် ၄ဦး နှင့်...

တောင်ကြီးမြို့စုပေါင်းရုံရှေ့တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့‌ အစိုးရ စုပေါင်းရုံတွင် ပြည်သူများငြိမ်းချမ်စွာ ထိုင်သပိတ်ပြုလုပ်ပြီး အစိုးရဝန်ထမ်းများ CDM ပါဝင်လာရန် အတွက် ဆန္ဒပြနေကြကြောင်းသိရသည်။ အစိုးရ စုပေါင်းရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်း အချိန်တွင် လမ်းထွက်လျောက်သည့် ဆန္ဒပြရာတွင် မပါဝင်ဘဲ မြို့နယ်၊ ခရိုင်စုပေါင်းရုံ...

သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိ

သျှမ်းပြည် မြောက်ပိုင်းတွင်ရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိလာကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းမြောက်ပိုင်း ကျောက်မဲမြို့၊နယ် နမ္မတူမြို့ နယ် နှင့် သီပေါမြို့နယ် တို့တွင် TNLA ၊SSPP/SSA နှင့် အစိုးရ တပ်မတော် စစ်တပ်တို့...

သျှမ်းပြည်လူထု စိတ်မကောင်းဖြစ်ရတဲ့ R.I.P 18 ပြဿနာအမြန်အဖြေရှာသင့်

အနက်ရောင် နောက်ခံနဲ့ R.I.P 18 ဆိုတဲ့ ပရိုဖိုင်းတွေ ဟာ သျှမ်းလူမျိုးအသိုင်းအဝန်းတွေရဲ့ လူမှုကွန်ရက် စာမျက်နှာကြားမှာ တရက်အတွင်း ပြန့်နှံ့ခဲ့ပါတယ်။ R.I.P 18 ဆိုတာ သျှမ်းတပ်မတော် တွေဖြစ်ကြတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နဲ့ သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကြား...

တောင်ကြီးလူငယ်တွေ စစ်အာဏာကျရှုံးရေး နည်းမျိုးစုံဖန်တီးကာ ဆန္ဒထုတ်ဖော်

အာဏာရှင် ကျရှုံးရေးအတွက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးလူငယ်တွေ က နည်းမျိုးစုံဖန်တီးကာ ဆန္ဒထုတ်ဖော်နေကြပါတယ်။ ယနေ့ (ဖေဖော်ဝါရီ ၁၇)ရက်တွင် တောင်ကြီးမြို့ပေါ် လမ်းမဘေးမှာ တေးဂီတ နဲ့ ငြိမ်းချမ်းစွာ သီဆိုပြီး ဆန္ဒထုတ်ဖော်ကြသလို၊ တချို့ကလည်း ထိုးချည်ဖြင့် လက်ကောက်ဝတ်ပြုလုပ်ပြီး ထိုင်သပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော်နေကြပါတယ်။ “ တချို့ကတော့ လမ်းလျှောက်ကြတယ်။...

Latest news