Tuesday, January 27, 2026

မိုင်းပန်တွင် အရပ်သား တဦး ကျည်ထိမှန်သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း အစိုးရတပ်မတော် မှ တဖက်သတ် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ )ရက် ဥပုသ်နေ့ ဖြစ်သည့်အလျောက် မိုင်းပန်မြို့နယ်အတွင်းရှိ မိုက်ပုံကျေးရွာ နှင့်ဝမ်မုတ်ကျေးရွာကြားရှိ လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား ရွာသူရွာသားများက သွားရောက်ပူဇော်စဉ် အမျိုးသားတစ်ဦးက သေနတ်ထိမှန်သေဆုံးသွားခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ မနက် (၉ နာရီခွဲ)ကျော်တွင် တပ်မတော်မှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် အသက် (၂၅)နှစ်အရွယ်ရှိ ခွန်စု သည် သေနတ်ဒဏ်ရာရရှိပြီး လမ်းတွင်သေဆုံးခဲ့ကြောင်း မိုင်းပန်ဒေသခံ များပြောပြချက် အရသိရသည်။

“ဒေသခံ တစ်ဦး လက်နက်ထိမှန်ပြီးသေဆုံးသွားတာ ဟုတ်ပါတယ်။ တိုက်ပွဲတော့ မဟုတ်ဘူး တဖက်ပစ်အသံပဲ ကြားရပါတယ်” လို့ မိုင်းပန်ဒေသခံ တစ်ဦးကပြောပါသည်။

မိုင်းပန်မြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြန်မာ့ တပ်မတော်တို့ လှုပ်ရှားရာဒေသဖြစ်သည်။

လက်ရှိမှာ RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့သည် စစ်ရေးတင်းမာနေမှုများရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Happy Water ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအမှု ငွေကြေးဖြင့် ကြေအေး

0
သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် Happy Water စိတ်ကြွဆေးရည်ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အမှုကို ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်း ဒေသခံများက ပြောသည်။  ဇွန်လ ၂၁ ရက်နေ့တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုက်ညရွာ၌ ဖွင့်လှစ်ထားသော X3 KTV ဆိုင်တွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် Happy...

ခိုလမ်မြို့ အမျိုးသားတစ်ဦး သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ ခြံထဲ ပစ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇူလိုင် (၅) ရက် မနက် (၅) နာရီအချိန်တွင် ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦး သတ်ခံထားရပြီး ရုပ်အလောင်းကို ၎င်း၏ ခြံထဲတွင် ပြန်ရှာတွေ့...

မိုင်းပန်မြို့နယ် ပြည်သူနေအိမ်တချို့ စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် ၃ မိုင်အကွာရှိ ဝိုးလိုင်း ကျေးရွာတွင် နေထိုင်သည့် ပြည်သူနေအိမ်တချို့ ကို စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ် ၃ မိုင်အကွာရှိ ဝိုးလိုင်းကျေးရွာရှိ နေအိမ် တချို့ကို မတ် (၁၄)ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ်(၁၇) က...

မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး အား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။ အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း...

မိုင်းပန်မြို့နယ် အတွင်း ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ ဦးသေနတ်ပစ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု တွင်း ယနေ့ (အောက်တိုဘာ ၂၇)ရက် နေ့လည် ၁နာရီဝန်းကျင်က ခရိုင်ထွေအုပ်မှ ဦးစီးအရာရှိ ၂ ဦး သေနတ်ပစ်ခတ်ခံရကြောင်း ကနဦး သတင်းအရ စုံစမ်းသိရှိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ်...