စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံ သျှမ်းပြည်သူများ မလွှတ်မြောက်သေး

သျှမ်းပြည်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပြည်သူ ၁၆ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ ပြန်လည် လွှတ်မြောက်ပေးခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဖမ်းဆီးရသူများမှာ မူဆယ်မြို့တွင် ၅ဦး၊ ကွန်းဟိန်းတွင် ၂ ဦး၊ ကာလိတွင် ၁ ဦး၊ လာရှိုးမြို့တွင် ၃ဦး၊ ကျိုင်းတုံမြို့တွင် ၄ဦး နှင့် မိုင်ပန်မြို့တွင် ၁ဦးတို့ရှိကြောင်း လက်ရှိ သျှမ်းသံတော်ဆင့် ကောက်ခံရယူထားသည့် ဦးရေများဖြစ်သည်။၊

ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ တပ်မတော် မှ နိုင်ငံတော် အာဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက် မြန်မာပြည်သူများသည် နေရာအနှံ့ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ထိုပြည်သူများဆန့်ကျင်ဆန္ဒပြသည့်အလျောက် စစ်အာဏာမှလည်း နေ့စဉ်ညတိုင်းနီးပါး ဆန္ဒပြပြည်သူများကို ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်သည်။

ဖမ်းဆီးခံရသည့် ပြည်သူများကို မည်သည့်နေရာတွင် ခေါ်ယူထိန်းသိမ်းထားသည်ကို မသိရှိရသကဲ့သို့ မည်သည့်အမှုဖွင့် ဖွင့်ဆို တရားစွဲထားသည်ကိုလည်း ကာယကံရှင် ၏ မိသားစုအသိုင်းအဝန်းကလည်း မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ မူဆယ်မှာ ၅ ယောက်ဖမ်းသွားတယ်။ ခုချိန်ထိ ဘယ်နေရာမှာရှိနေလဲ မသိဘူး။ ဘာအမှုနဲလဲကောင်းကောင်း မသိဘူး။ ပြောနေတာတော့ သဘာဝဘေးအန္တရာယ်နဲ့ဘဲ သိတယ်” ဟူ မူဆယ်ဒေသခံ စိုင်းမြင့် က ပြောသည်။

ထိုသို့ဖမ်းဆီးသွားသော မူဆယ်မြို့တွင် ၅ ဦးမှာ NLD ၂ ဦး၊ အခွန်ကောက်ရုံးဝန်ထမ်း ၂ ဦး နှင့် ဆန္ဒပြသူ ၁ ဦးတို့ ဖြစ်ကြောင်း စိုင်းမြင့် က ပြောသည်။

အလားတူ ကွန်ဟိန်းမြို့တွင်ဖမ်းသွားသူ ၂ ဦးနှင့် ကာလိမြို့တွင် ၁ ဦးတို့ကို ၇ရက်ပြည့်ပြီးနောက် လွှတ်ပေးမည်ပြောသော်လည်း ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

“ ပြန်မလာသေးဘူး။ အဆက်သွယ်လည်း မရဘူး။ ပြောတာတော့ ၇ ရက်ပြည့်ရင်ပေါ့နော်။ ခုချိန်ထိတော့ ပြန်လာတာမတွေ့ရသေးဘူး။ ကျမတို့ကတော့ တော်တော် စိတ်ပူရတယ်” ဟု ကွန်ဟိန်းတွင် ဖမ်းဆီးခံရသူ၏ မိသားစုဝင်များက ပြောသည်။

ထိုနည်းတူ ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံရသည့် ၄ဦးသည် လက်ရှိ အချိန်ထိ မလွှတ်မြောက်သေးကြောင်း သိရသည်။

ကျိုင်းတုံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးခံရသူများတွင် ကျောင်းဆရာမ တဦးနှင့် အမျိုးသမီးများလည်း ပါဝင်နေကြောင်း သိရသည်။

တပ်မှ ဆန္ဒပြသူများကို နေ့စဉ်ဆက်တိုက် ဖမ်းဆီးချုပ်နှောင်သော်လည်း ပြည်သူများအနေဖြင့် စစ်အာဏာကျရှုံးစေရန် အတွက် အရှိန်မြင့်ကာ နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...