Thursday, April 25, 2024

နမ္မတူ စစ်ရှောင်အတွက် ရိက္ခာများအရေးပေါ်လိုအပ်နေ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

Photo by Nang Pan Ei Phyu/ Facebook

ဖေဖော်ဝါရီ (၁၈) ရက် နောက်ဆုံးစာရင်းအရ မန်စံစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် စုစုပေါင်း (၂၁၆) ဦး ရှိပြီး ၎င်းတို့သည် ဖေဖော်ဝါရီ (၁၃) ရက်ကတည်းက ရောက်ရှိလာကြောင်း မန်စံစစ်ရှောင်စခန်းမှာ ကူညီပေးသည့် ဒေသခံ တစ်ဦးထံ သိရသည်။

“ခုလောလောဆယ်က စားနပ်ရိက္ခာပိုင်း လိုအပ်တယ်။ ရက်ရှည်လာရင် အစားအသောက်ပိုင်းက အခက်ခဲ ဖြစ်လာနိုင်တယ်။ ပြီးတော့ ကျနော်တို့ဆီမှာ ခုက ရေနည်းနည်းခန်းလာပြီး ရေခန်းလာရင်လဲ ပြသာနာ ဖြစ်လာနိုင်တယ်”ဟု ၎င်းကပြောပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ကောင်စီ၊သျှမ်းပြည်တပ်မေတာ် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့ သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သီပေါမြို့မယ် နမ္မတူမြို့နယ်တို့အတွင်း တိုက်ပွဲ ဖြစ်ပွားသည်။

Leave a Comments

- Advertisement -spot_img

Latest article