သျှမ်းပြည်တွင် Stay at home (၃)မြို့နယ် ထပ်တိုး
SHAN -
ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့် သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်ကို Stay at home အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင် (၁၃)ရက်နေ့ စတင်ပြီး Stay at home...
စစ်ကောင်စီ ကိုဗစ်-၁၉ ဘယ်လို ထိန်းချုပ်နေလဲ။
SHAN -
စစ်ကောင်စီ တက်လာပြီး (၄) လကျော် ဇွန်လပိုင်းက စတင်ကာ မြန်မာတဝှမ်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ကို အများအပြားခံစားရပြီး၊ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရပါတယ်။ သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကို ဇွန်လ မှာ စတင်ဖြစ်ပွားလာပြီး ဒေသလူမှုအဖွဲ့အစည်း ကောက်ခံထား တဲ့စာရင်း အရ ဇူလိုင်...
မိုင်းရှုးမြို့နယ် SSPP တပ်သားသစ်စုဆောင်း နေသည့်သတင်းကြောင့် ပြည်သူတစ်ချို့ထွက်ပြေး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် ကျေးရွာတစ်ချို့တွင် SSPP/SSA မှ တပ်သားသစ်များကို လိုက်လံကောက်ယူနေသည့်သတင်းကြောင့် ပြည်သူများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့တွင် မိုင်းရှုးမြို့နယ်ရှိ ကျေးရွာများတစ်ချို့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ ညအချိန်တွင် တပ်သားသစ်များ စုဆောင်းမှုပြုလုပ်သောကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်းသိရသည်။ “...
တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ယမန် (ဇူလိုင် ၁၁)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ မှ အရပ်သား (၂) ဦးကို လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန့် (ဇူလိုင် ၁၁) ရက် မနက် (၃) နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်နေထိုင်သည့် ကိုခိုင်မြင့်ထွန်း နှင့်...
RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန်
SHAN -
သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့မိသူများ၊ ကိုဗစ်လက္ခဏာပြသည့် သံသယလူနာများ၊ ခရီးသွားရာဇဝင်ရှိသူများကို လတ်တလောတွင် RDT test kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ RDT test kit ဖြင့် စစ်ဆေးရာတွင် ရလဒ်အား (၁၀၀%) အမှန်သတ်မှတ်လို့မရနိုင်သည့်အတွက် ပြည်သူများ အနေဖြင့်...
မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကြီးကျ ဒေသခံ(၇၅၀)ကျော် ထွက်ပြေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် လက်နက်ကြီး ကျကာ ဒေသခံ (၇၅၀)ကျော် ထွက်ပြေးတိမ်းရှေင်နေကြရသည်။ အဆိုပါ ကျေးရွာအနီး တိုက်ပွဲဖြစ်ကာ လက်နက်ကြီးကျသဖြင့် ဒေသခံ(၇၅၀)ကျော်တို့သည် စိုးရိမ်ထိတ်လန့်သဖြင့် မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ “လက်နက်ကြီးတွေ ရွာနီးနားမှာ ကျတဲ့အတွက် ကြောက်လို့...
ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများထံသို့ စစ်ဘေး ဒဏ်မှ တိမ်းရှောင်ထွက်ပြေးလာသည့် ဒေသခံ(၁၀၀၀) နီးပါးခန့်ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ တစ်ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဖက်တွင် သျှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TSLF/TNLA) ပူးပေါင်းတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ...
သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ
SHAN -
ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် သျှမ်းပြည်တွင် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel နှင့် ဆေးဝါးများ ဈေးတက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခုလ အတွင်း သျှမ်းပြည်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာပြီး ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလည်း ရောင်းအားကောင်းလာကာ ဈေးတက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။ “မြို့မှာဆို ကိုဗစ်ပိုး ကူးတာများနေပြီ၊...
မိုင်းကိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊အဝတ်၊ ဆေးများအရေးပေါ်လိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် (၇၄၁) ဦးတို့သည် စားနပ်ရိက္ခာ ၊ အဝတ်အထည် နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။ “ကလေး အဝတ်အထည် တွေ အရမ်းလိုအပ်နေတယ်။...
မူဆယ်မြို့မ ရဲစခန်း အကျဉ်းသား ၁၁ ဦးကိုဗစ်ပိုး ကူးစက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ်မြို့ မူဆယ်မြို့ မြို့မ ရဲစခန်းတွင် ယမန်နေ့ (ဇူလိုင် ၉ )ရက်တွင် အချုပ်ကျနေသည့် အကျဉ်းသား( ၁၁) ဦး ကိုဗစ် - ၁၉ ကူးစက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါပိုးတွေ့သည့် အကျဉ်းသားများသည် မူဆယ်မြို့ မြို့မရဲစခန်းမှ လားရှိုး...





