တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ယမန် (ဇူလိုင် ၁၁)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ မှ အရပ်သား (၂) ဦးကို လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန့် (ဇူလိုင် ၁၁) ရက် မနက် (၃) နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်နေထိုင်သည့် ကိုခိုင်မြင့်ထွန်း နှင့် ၎င်းအမျိုးသမီး မနှင်းနုနုနိုင်တို့၏ နေအိမ်ကို စစ်ကောင်စီမှ စစ်ကားများဖြင့်လာရောက်ပြီး (၂)ဦးစလုံး ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

“ မနက် ၃ နာရီလောက်မှာလာဖမ်းသွားတယ်။ ရိုက်တာတွေတော့ရှိတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သူတို့မပြောဘူး။ ကျမတို့သိရတာတော့ PDF ထဲပါဝင်နေလို့ အဲကြောင့်လာဖမ်တာထင်တယ်” ဟု တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသည့် ကို ကိုခိုင်မြင့်ထွန်းသည် လွန်ခဲ့သည့် လပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုထံ စစ်သင်တန်းသွားရောက်ခဲ့သည်ဟုဆိုပြီး စစ်ကောင်စီ က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီး က ပြောပြသည်။

အဆိုပါ (၂)ဦးကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်း (၂)ဦး ၏ လက်ကိုင်ဖုန်းကို ဖွင့်ခိုင်းရာတွင် မဖွင့်ပေးသဖြင့် မနှင်းနုနုနိုင်၏ လက်ချောင်းများကိုလည်းရိုက်နှက် စစ်ဆေးမှု ပြုလုပ်ထေားကြောင်း သတင်းရရှိသည်။

“ သူက သင်တန်းသွားတက်လာတယ်လို့ပြောတယ်။ ပြီးတော့ သူရဲ့ဖုန်းကိုတောင်းစစ်တယ်လို့ပြောတယ်။ ဖုန်းမဖွင့်ပေးလို့ သူလက်တွေကို ရိုက်ထားတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိစစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကိုခိုင်မြင့်ထွန်းနှင့် မနှင်းနုနုနိုင်တို့ကို မည်သည့်နေရာ တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။

ကိုခိုင်မြင့်ထွန်းသည် ယခင်က ရွှေတြိဂံသတင်းဌာနတွင် အလုပ်လုပ်ကိုင်ဖူးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးထားသောတောင်ကြီးမြို့ဒေသခံ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...