Wednesday, January 28, 2026

မိုင်းကိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊အဝတ်၊ ဆေးများအရေးပေါ်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် (၇၄၁) ဦးတို့သည် စားနပ်ရိက္ခာ ၊ အဝတ်အထည် နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျေးသီးမြို့နယ် လွိုင်ဟွမ်းတောင်ကြော တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

“ကလေး အဝတ်အထည် တွေ အရမ်းလိုအပ်နေတယ်။ မိုးရာသီဖြစ်တော့ အဝတ်တွေ မခြောက်ဘူး။ ဆေးဝါးပစည်းတွေလည်း လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးက ပြောသည်။

ဇူလိုင် (၁၀) ရက်နေ့အထိ မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် စုစုပေါင်း (၇၄၁) ဦးရှိပြီး ၎င်းတို့သည် ဝမ်လျန့်ဘုန်းကြီးကျောင်းမှာ (၃၁၇) ဦး၊ ဝမ်ဟွေ့ဘုန်းကြီးကျောင်း (၁၅၀) ဦး၊ နောင်လီဘုန်းကြီးကျောင်း (၁၅၈) ဦး၊ စာသင်ကျောင်းမှာ (၃၆) ဦး နှင့် မိုင်းခွန်ကျေးရွာအုပ်စုရှိ စက်တော်ရာကျောင်းမှာ (၈၀) ဦး စုစုပေါင်း (၇၄၁) ဦး ရှိကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

ဖယ်ခုံမြို့နယ်ရောက် စစ်ရှောင်များ ရာသီအကူးအပြောင်း ဖျားနာမှုဖြစ် ဆေးကုသရန်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာဖက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်အများစု အအေးမိခြင်းကြောင်း ဖျားနာမှုရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ သိရသည်။ လက်ရှိအချိန်သည် ရာသီအကူးပြောင်းကာလဖြစ်သဖြင့် အအေးမိဖျားနာခြင်း၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး စစ်ကောင်စီဘက်မှ ဆေးဝါးများနှင့် စားသောက်ကုန် တင်သွင်းခွင့် ပိတ်ထားတာကြောင့် ဆေးကုသရန်ခက်ခဲနေကြောင်း စစ်ရှောင် ကူညီနေသည့်...

ဗန်းမော်မြို့ စစ်ရှောင်များ ရေဘေးသင့်မှု ထပ်ကြုံရ

0
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် ဘုန်းကြီး‌ကျောင်းတွင် စစ်‌ဘေးရှောင်လာသူများသည် ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် နေရာအခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁ ရက်) ရက်မှ စတင်ပြီး ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြှင့်တက်လာမှုကြောင့် ခွန်သာ-မြေနုရပ်ကွက် တပ်ကလေးဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ရာနှင့်ချီသည် နေရာအခက်အခဲများ ကြုံတွေ့ရပြီး...

မြစ်ကြီးနားမြို့ပေါ် အိမ်ငှားရမ်းခ စျေးမြင့် ဝိုင်းမော်စစ်ရှောင်အခက်ကြုံနေ

0
ကချင်ပြည် မြစ်ကြီးနားမြို့သို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသည့် ဝိုင်းမော်မြို့ စစ်ရှောင်များသည် အိမ်ငှားရမ်းခ စျေးတက်သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများသည် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး၊ အိမ်းငှားရမ်းနေထိုင်ရကြောင်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ အိမ်ငှားရတာက...