Monday, February 16, 2026

CATEGORY

သတင်း

လွိုင်တိုင်းလျန်းဒေသ လျှပ်စစ်ထုတ်မည့်အရေး တိုင်းစီယမ်ကုမ္ပဏီ မှ စစ်ကောင်စီ နှင့် တွေ့ဆုံမှု RCSS မသိရှိသေး

RCSS ၏ ဗဟိုဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကိစ္စ တိုင်းစီယမ် ကုမ္ပဏီက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီ (၂၃) ရက်တွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်နယ်...

ကျိုင်းတုံ ဖမ်းခံထားရသည့် TYO (၂ ) ဦး မိသားစုဝင်နှင့် တွေ့ခွင့်မရရှိသေး

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် (၂) ဦးသည် ယခုချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကျိုင်းတုံမြို့ TYO အဖွဲ့ဝင်ဖြစ်သည့် စိုင်းငယ် ကို ဧပြီလ (၂၄ )ရက် က အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ထောက် ဖမ်းဆီခေါ်ဆောင်သွားပြီး၊...

နောင်ချိုမြို့ ဖမ်းဆီးခံလူငယ်(၂)ဦး ပြန်လွှတ်ပေး၊ ညှိနှိုင်းပေးသည့် အမျိုးသား တဦး ဖမ်းခေါ်သွား

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့တွင် ယမန်နေ့ (ဧပြီ ၂၅)ရက်တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ လူငယ် (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး ပြန်လည်လွှတ်ပေးသော်လည်း သွားရောက်ညှိနှိုင်းပေးသည့် အမျိုးသား တဦးကို ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ နောင်ချိုမြို့တွင် ယမန်နေ့(ဧပြီ ၂၅)ရက် တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သည့်...

လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက် စစ်ကောင်စီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၂၅)ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့ အသွားလမ်း နှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ ပစ်ခတ်မှု ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မြေပြင်အသေးစိတ် အချက်လက်တော့ မသိရသေးဘူး။...

မိုးမောက်မြို့နယ် သျှမ်းစစ်ဘေးရှောင် (၅၀၀၀) ကျော် အတွက် စားနပ်ရိက္ခာခက်ခဲနေ

ကချင်ပြည် မိုးမာက်မြို့နယ် သျှမ်းတိုင်းရင်းသား စစ်ဘေးရှောင် (၅၀၀၀) ကျော် အတွက် စားနပ်ရိက္ခာခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ဗန်းမော်ဘက်သို့ စစ်ဘေးထွက်ပြေးတိမ်ရှောင်လာခဲ့ရကြောင်း၊ အစားသောက်ခက်ခဲမှုရှိနေကြောင်း ဝါရှောင်ဆရာတော်က မိန့်ကြားသည်။ “ စစ်ရှောင်တွေတချို့ က ဗန်းမော်ကို ထွက်ပြေးနေရတယ်။...

နမ္မတူ ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရကြောင်း သတင်းရရှိသည်။ ဧပြီ (၂၅) ရက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲပြင်းထန်မှုကြောင့် တာပူကျေးရွာ စစ်ရှောင်များ သည် သီပေါမြို့နယ်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာရကြောင်း...

နောင်ချို CDM ပညာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံရ

သျှမ်းမြောက် နောင်ချိုမြို့နယ် မှ အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်းများကို ပညာရေးမှူး မှ လာရောက်ခြိမ်းခြောက်ကာ Non-CDM ပြန်လုပ်ခိုင်းကြောင်း နောင်ချို ပညာရေးဝန်ထမ်းများထံ စုံစမ်းသိရသည်။ ယခုရက်ပိုင်း CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို စာရင်းလိုက်ကောက်နေပြီး CDM ဆက်လုပ်ပါက လစာ ပေးတော့မည် မဟုတ်ကြောင်း၊...

နမ့်စန်မြို့နယ် အတွင်း RCSS/SSAနှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် RCSS/SSA တို့ ယမန်နေ့(ဧပြီ ၂၃)ရက် ညနေပိုင်းတွင် တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်တော် (RCSS/SSA)နှင့် အာဏာသိမ်း စစ်တပ် တို့သည် ယမန်နေ့ ညနေ ၃နာရီခန်းတွင် နမ့်စန်မြို့နယ် ဟိုင်းဖက်ကျေးရွာအုပ်စု...

ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ချိန်ပြီးဖမ်းခေါ်သွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့ဝင်တဦး ဖြစ်သည့် စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီ မှ ယနေ့ (ဧပြီ ၂၃)ရက် မနက်ပိုင်း (၁၁) နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်တွင်နေထိုင်သည့် အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းငယ် ကို...

ကွတ်ခိုင် တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် ယနေ့ (ဧပြီ ၂၃)ရက် မနက် ၁၁နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ် နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ကြောင်းသိရသည်။ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် တအာင်းတပ် ( TNLA၊) ကိုးကန့်တပ် (MNDAA)တို့ပူးပေါင်းကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊...

Latest news