Wednesday, May 1, 2024

တောင်ကြီးမြို့တွင် ကိုဗစ်ကြောင့် တရက်တည်း သေဆုံးရသူ ၁၀ ဦးထက်နည်းရှိနေ

Must read

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်တွင် ကိုဗစ် – ၁၉ ကြောင့် သေဆုံးရသူ ၁၀ ဦးထက်မနည်း ရှိနေ ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ညပိုင်းအထိ တောင်ကြီးမြို့နယ်အတွင်းတွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက် ခံရသူများ ၁၇၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရ သည်။

“မနေ့က ဆေးရုံ က သက်ဆိုင်ရာတာဝန်ရှိသူတွေက သေဆုံးသူ ၉ ဦးရှိတယ်လို့ ပြောတယ်၊ ဒါမယ့် ရပ်ကွက် သေတဲ့သူတွေ မပါသေးဘူး။ ဒါမယ့် အခုနောက်ပိုင်းမှာ ကြိတ်ကုတွေ သိပ်မရှိတော့ ဘူး၊ ကြိတ်ကုလည်းသေမှာဆိုပြီးသူတို့သိသွားလို့ ဆေးရုံသို့ ကွာရန်တင်းတို့ကို သွားတဲ့သူတွေများလာတယ်” ဟု တောင်ကြီးမြို့ ဝါးပြားရပ်ကွက်တွင် နေထိုင်သူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှအား ထိန်းချုပ်နိုင် ရန်အတွက် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့် အညီ လိုက်နာ နေထိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်‌ခဲ့ကြောင်းလည်း သိရသည်။

တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၁၈၀ ဦး တွေ့ရှိခဲ့ပြီး ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူ ၁၀၆ ဦး ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article