Wednesday, January 28, 2026

မူဆယ်မြို့ Lockdown ချထားသည့်လမ်း ပြန်ဖွင့်ပေးရန် ပြည်သူတချို့ တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေးခက်ခဲနေသောပြည်သူများက Lockdown ချထားသည့်လမ်းပြန်ဖွင့်ပေးရန်အတွက် လှုမှုစာမျက်နှာပေါ်တွင်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာမြင်တက်မှုကြောင့် ရပ်ကွက်များကို Lockdown ချထားရခြင်းဖြစ်ကြောင်း၊ မလိုအပ်ဘဲအပြင်မထွက်ရန်ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသား တဦးကပြောသည်။

“ တချို့လူတွေက သိပ်နားမလည်ကြတာ။ Lockdownချထားတယ်ဆိုတာက တစ်အိမ်နဲ့တစ်အိမ် မလည်ဖို့၊ တစ်ခြားရပ်ကွက်ကနေ ကိုယ်တွေရပ်ကွက်ထဲမလာဖို့ပြောတာ။ မနက်ပိုင်းမှာ ဈေးသွားရောင်းလို့ရတယ်။ တစ်အိမ်ကို တယောက်ပဲထွက်ပေါ့။” ဟု မူဆယ်မြို့ ဒေသခံအမျိုးသား တဦးက ပြောသည်။

အဆိုပါ စားဝတ်နေရေးခက်ခဲမှုတွင် လူတိုင်းဖြစ်နေကြောင်း၊ တဖက်တွင်လည်း နိုင်ငံရေးမကောင်းသောကြောင့် ပိုမိုခက်ခဲလာကြောင်း မူဆယ်မြို့ ပရဟိတ အဖွဲ့ဝင်တဦး ကပြောသည်။

“ သူတို့တောင်းဆိုတာတော့တွေ့ပါတယ်။ ဒါမဲ့ လူနည်းစုပါပဲ။ ခုချိန်က ကိုဗစ်ကို‌ကြောက်လို့ Lockdown ချထားတာလေ။ စားဝတ်နေရေးအတွက်ကတော့ လူတိုင်းနီးပါး ခက်ခဲနေတာပဲ။ တဖက်က နိုင်ငံရေးလဲမကောင်းလို့ အလုပ်ကိုင်အခွင့်လမ်းတွေမရှိတော့တာပေါ့နော်။”ဟု မူဆယ်မြို့ ပရဟိတ အဖွဲ့ဝင်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါအပြင် စစ်အာဏသိမ်းမှုကြောင့် ပြည်သူများ စားဝတ်နေရေးက ယခင်ထက်ပိုမိုခက်ခဲလာခဲ့ကြောင်းသိရသည်။

ယခင် NLD အစိုးရလက်ထက်တွင် ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေးကို ခက်ခဲသော်လည်း ရှာဖွေစားသောက်ရာတွင် လွယ်ကူးမှုရှိနေသေးကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

“ အရင်ကတော့လည်း ရှာစားရတာလွယ်သေးတယ်။ ကိုဗစ်လည်း ခုလောက်ထိပြန့်နေတာမဟုတ်ဘူးလေ။ ခုက စစ်အာဏာလာသိမ်းပြီးတော့ ကိုဗစ် ကို ကောင်းစွာမထိန်းချုပ်နိုင်လို့ ဒီလိုဖြစ်လာတာ။”ဟု မူဆယ်မြို့ အမျိုးသမီးတဦးက ပြောသည်။

မူဆယ်မြို့တွင် ကျန်းမားရေးဌာနမှထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၀ ကျော်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။