Wednesday, January 28, 2026

ကျောက်မဲမြို့ တစ်ရက်တည်း သေဆုံးသူ ၁၂ ရှိ

သျှမ်းမြောက် ကျောက်မဲမြို့ တွင် သြဂုတ် ၃ ရက်(ယမန်နေ့)က တရက်တည်း သေဆုံးသူ (၁၂)ဦးထိ ရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ (၂)ဦးပါဝင်ကြောင်း စုံစမ်းသိရသည်။

“အများအားဖြင့် သက်ကြီးပိုင်းနဲ့ ဆီးချို၊ သွေးတိုး တို့လို ရောဂါအခံရှိတဲ့သူတွေ သေတာများတယ်၊ အောက်ဆီဂျင်ရှူနေရတဲ့ လူနာတွေလည်း ပါတယ်၊ မနေ့ကတော့ ကိုဗစ်အတည်ပြုလူနာထဲက (၂)ဦးသေတယ်” ဟု နာရေးကူညီနေသူ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့တွင် တစ်ရက်လျှင် ပျမ်းမျှ သေဆုံးသူ (၇)ဦးခန့် ရှိနေပြီး ကိုဗစ်လက္ခဏာဖြင့် သေဆုံးသူများရှိသော်လည်း နေအိမ်ကန့်သတ်ခြင်းနှင့် ကြပ်မတ်စစ်ဆေး ကုသပေးမှုများ မရှိကြောင်း သိရသည်။

“နေအိမ်မှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသွားပေမယ့် အမှန်အတိုင်းမပြောပဲ သာမန်သေဆုံးတာလို့ပဲ ပြောကြတယ်၊ အဲ့လိုသေဆုံးမှုရှိနေတဲ့ အိမ်တွေကို ကန့်သတ်တာလည်း မရှိဘူး၊ ကိုဗစ်စစ်ဆေးတာလည်း မရှိဘူး” ဟု အဆိုပါ ဒေသခံ က ပြောသည်။

ဆေးရုံတွင် ကုသပေးမှု အားနည်းခြင်းကြောင့် ကျန်းမာရေးမကောင်းသူတစ်ချို့သည် နေအိမ်တွင်သာ ကုသနေမှုများ ပြုလုပ်နေကြကြောင်းနှင့် သေဆုံးသူ များလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“ခုက ရာသီတုပ်ကွေးနဲ့လည်း တိုက်နေတော့ နေမကောင်းတဲ့သူ၊ အားပျော့တဲ့သူတွေ ပိုများလာတယ်၊ သက်ကြီးရွယ်အိုတွေ ဖြစ်တာ အများဆုံးပဲ၊ ဆေးရုံဆေးခန်းသွားပြဖို့ကိုလည်း ကြောက်နေကြတာဆိုတော့ သေဆုံးသူက ပိုများလာတာပေါ့” ဟု လူမှုကူညီရေးတွင် ပါဝင်ဆောင်ရွက်နေသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိမ်တွင်း ကုသနေမှုများအား ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်ပြည်သူ့ဆေးရုံရှေ့ရှိ မူကြိုကျောင်းတွင်း Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ကျောက်မဲတွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၅၀၀)ကျော်ရှိနေပြီး၊ ဆေးရုံဆင်းခွင့်ရသူ (၃၀၀)ကျော်နှင့် သေဆုံးသူ (၃၀)ဝန်းကျင်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...